Pica စားစရာမဟုတ်တာတွေကို စားခြင်း


ကလေးတွေ စားစရာမဟုတ်တာတွေကိုစားတာကို Pica (persistent craving and compulsive eating of nonfood substances) လို့ခေါ်တယ်။ ကလေးစိတ်ပညာအရ သတ်မှတ်ချက်တခုဖြစ်တယ်။

ကလေးဆိုတာ မွေးလာကတည်းက မြင်မြင်သမျှလောကကြီးကို စူးစမ်းလေ့လာလိုက်လုပ်ကြတယ်။ ထိကိုင်ပြီး ပါးစပ်ထဲထည့်တာနဲ့စတယ်။ လူကြီးတချို့မှာလည်း အဲလိုရှိကြတယ်။ လက်မဆေးပဲ အစားစားချင်ကြတယ်။ ကိုယ်ဝန်ဆောင်ချိန်မှာ အစားတမျိုးမျိုးကို တပ်မက်တာလည်း ဒီသဘောပဲ။

မြေကြီး၊ အညစ်အကြေး၊ ကစားစရာတွေကို စားကြတယ်။ ကလေးတွေဟာ မြေကြီးရဲ့ အထိအတွေ့နဲ့ အနံ့ကို စူးစမ်းကြတယ်။ အရသာသိအောင် စားကြည့်တယ်။ အဲတာတွေမှာ အရသာ မကောင်းမှန်း သိလာချိန်မှာ ဆက်မစားတော့ပါ။ တချို့ကလေးတွေက ကြာနေတတ်တယ်။ အဲတာဆိုရင် အမူအယာ၊ ဖွံ့ဖြိုးမှု၊ စိတ်လှုတ်ရှားမှု၊ အာဟာရကျန်းမာရေးကို သတိထားရတော့မယ်။

ဘာလို့ဖြစ်ရသလဲ မသဲကွဲပါ။ စိတ်ပိုင်းမှာ အသိပညာပိုင်း အားနည်းသူတွေ၊ ဂရုအစိုက်မခံရသူတွေ၊ တလွဲအသုံးချ ခံရသူတွေမှာ ဖြစ်တတ်တယ်။ သံဓါတ်နဲ့ သွပ်ဓါတ်နည်းနေကြမယ်။ သွပ်ဓါတ်နည်းရင် အရသာခံနိုင်စွမ်းနည်းတယ်။
မြေကြီးထဲမှာ သန်ကောင်ဥတွေရှိတယ်။ သန်ကောင်ဝင်လို့ Toxocara (Toxoplasma) ဖြစ်တာမနည်းပါ။ ကိုယ်ပူတာနဲ့ နေမကောင်းလည်းဖြစ်တယ်။ မြေကြီးထဲမှာ ဗက်တီးရီးယားတွေအတော်များတယ်။

အဲလိုမသင့်တာကိုစားလို့ အဆိပ်သင့်တာလည်းဖြစ်တတ်တယ်။ ဥပမာ ခဲဆိပ်။ ခဲဆိပ်ကြောင့် အာရုံကြောစနစ်ကို ထိခိုက်နိုင်တယ်။ ခဲဆိပ်ကနေ စိတ်ပိုင်းထိခိုက်စေမယ်။ ဉာဏ်ရည်နိမ့်မယ်။ နားအကြားထိခိုက်မယ်။ ကိုယ်ခန္ဓာ ထိန်းနိုင်မှု နည်းစေတယ်။ အသေားအရေ ဖျော့နေမယ်။ အငိုများမယ်။ သိပ်မအိပ်ဖူး။ ဗိုက်နာ၊ အစားပျက်၊ ခေါင်းကိုက်မယ်။ အာဆင်းနစ်ကနေ အရေပြား၊ အဆုပ်၊ ဆီးအိမ်၊ ကျောက်ကပ်နဲ့ အသည်း ကင်ဆာတွေ ဆက်ဖြစ်စေနိုင်တယ်။ မြေကြီးဟာ ဓါတ်ဆီဆိုင်နဲ့နီးရင် ပိုဆိုးတယ်။ စက်ရုံအလုပ်ရုံတွေနဲ့နီးလည်း အန္တရာယ်ပေးနိုင်တယ်။ ဥပမာ ဘက်ထရီ၊ သုတ်ဆေး၊ ပိုးသတ်ဆေး။

မိဘတွေက အဲလိုအဆိပ်ဖြစ်နိုင်တာတွေကို ကလေးအနီးအနားက ဖယ်ရှားပေးရမယ်။ ကလေးတွေမှာ သံဓါတ် နည်းနေတာနဲ့ အဲလိုဟာတွေဆက်စပ်နေတာတွေ့တယ်။ အလားတူ သွပ်ဓါတ် နည်းနေတာလည်း တွေ့ရတတ်တယ်။ သွေးစစ်ပြီး ဘာဓါတ်နည်းနေလည်း သိအောင်လုပ်ပြီး လိုတဲ့ဆေးနဲ့ ဓါတ်ကြွယ်ဝတာတွေကျွေးရမယ်။

သတိထားဖို့လိုတာရှိပါသေးတယ်။ ကလေးကို အလွန်မတန်သန့်အောင်ထားတိုင်း မကောင်းပါ။ မြေကြီးတွေ စားစရာထဲပါလို့ ကောင်းတာလည်းရှိသေးတယ်။ အညစ်အကြေးနဲ့ တခါမှ မထိတွေ့ဖူးတဲ့ကလေးဟာ အလာဂျီ ပိုရတတ်တယ်။ ပတ်ဝန်းကျင်ပြောင်းရင် ရောဂါကိုခံနိုင်ရည်နည်းတယ်။

အညစ်အကြေးတိုင်းကတော့ အန္တရယ်မပေးပါ။ ယူအက်စ် Environmental Protection Agency ရဲ့လေ့လာမှုအရ ကလေး ၂ဝ% လောက်က မစားသင့်တာတွေ စားတယ်လို့ တွေ့ရတယ်။ အသက် ၁ နှစ်ကနေ ၃ နှစ်အတွင်းမှာအဖြစ်များတယ်။ အသက် ၃ နှစ်ကလေးတယောက် မြေကြီး တနေ့မှာ 500 mg ထက်မများရင် စိုးရိမ်စရာမရှိပါ။

ကလေးတွေကို ကာကွယ်ဆေးထိုးပေးတာ၊ စိတ်ချရတဲ့ရေသောက်သုံးစေတာ၊ တကိုယ်ရေသန့်ရှင်းရေး စနစ်တကျ လုပ်စေတာ၊ အစားအသောက် လုံလောက်မျှတအောင်စားသောက်စေတာတွေကနေ ကလေးကျန်းမာရေးကို သိသိသာသာကောင်းစေတာကတော့ အမှန်ဖြစ်ပါတယ်။

ဒေါက်တာတင့်ဆွေ
https://www.facebook.com/drtintswe/

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ