Urine Colors ဆီး၏အရောင်များ


ဆီးအရောင်တွေကနေ သင့်ကျန်းမာရေးကို ပြောပြနေတယ်။ သက်တံ့ရောင်လို ခုနစ်မျိုးရှိတယ်။ ပုံမှန်ဆီးရောင်ဟာ သိပ်ကြည်လင်မနေ သိပ်လည်းဝါမနေပါ။ နည်းနည်းလေးနောက်နေတဲ့ အဝါရောင်ခပ်နုနုကလည်း ပုံမှန်သာဖြစ်တယ်။ ဆီးအရောင်ဆိုတာ အသည်းကနေထုတ်ပေးနေတဲ့ သည်းခြေရည်ကနေဆက်ဖြစ်လာတယ်။

၁။ Clear pee ကြည်လင်နေတဲ့ဆီး
ဘာရောဂါမှ မရှိပါ။

၂။ Cloudy pee နောက်နေတဲ့ဆီး
Phosphaturia ဖေါ့စ်ဖိတ်ကဲနေလို့။ ဆီး အက်စစ်ဓါတ်နည်းနေလို့။ ကျောက်ကပ်ကျောက်ဖြစ်လာနိုင်တယ်။

၃။ Blue-Green စိမ်း-ပြာရောင်ဆီး
Multivitamin ဗီတာမင်တွေကြောင့်လည်းဖြစ်နိုင်တယ်။ Phenazopyridine ဆေး၊ Methenamine ဆေးတခုခု ပါနေရင်လည်း ဖြစ်တယ်။ Pseudomonas ပိုးဝင်နေလို့လည်းဖြစ်တယ်။ ပဋိဇီဝဆေးလိုပြီ။ အစားအသောက်ထဲမှာပါတဲ့ အရောင်ဆိုးဆေးတွေကနေ ဆီး ပြာ-စိမ်းစိမ်းဖြစ်စေနိုင်တယ်။ amitriptyline, indomethacin (Indocin) and propofol (Diprivan) ဆေးတွေကနေလည်း ဆီးကိုပြာစိမ်းရောင်ဖြစ်စေနိုင်တယ်။

၎။ Orange-Yellow လိမ်မော်ဝါရောင်ဆီး
အစားအသောက် ဥပမာ မုန်လာဥနီ၊ ဥတွေ အမြစ်တွေကနေလည်းဖြစ်နိုင်တယ်။ ဗီတာမင်စီကြောင့်လည်းဖြစ်တယ်။ တီဘီဆေး Rifampin (Rifadin, Rimactane) ဆေး၊ လိမ်မော်နီရောင်ဖြစ်စေမယ်။ Phenazopyridine (Pyridium) ခေါ် ဆီးလမ်းနာတာကို မနာစေတဲ့ဆေး၊ Senna ခေါ် ပွေးကိုင်းဝမ်းနှုတ်ဆေး။ Sulfasalazine (Azulfidine) ဆေးကလည်း ဖြစ်စေတယ်။

၅။ Brown အညိုရောင်ဆီး
အရေးကြီးလာပြီ။ ကျောက်ကပ်ကနေလာတဲ့သွေးကနေတာပါနေလို့ဖြစ်မယ်။ ဆီးလမ်းတလျှောက်နေ သွေးထွက်တာလား စစ်ဆေးရမယ်။ သွေးက နည်းနည်းဟောင်းနေတာမျိုး။ Fava beans ပဲနဲ့ rhubarb or aloe တစောင်းလက်ပတ်ကနေ ဆီးအရောင်ညိုစေနိုင်တယ်။ chloroquine ငှက်ဖျားဆေး၊ primaquine ငှက်ဖျားဆေး၊ metronidazole (Flagyl) ပိုးသေဆေး၊ nitrofurantoin ပိုးသေဆေး၊ cascara or senna ဝမ်းနှုတ်ဆေး၊ methocarbamol ကြွက်သားပျော့ဆေး တွေကနေ ဆီးညိုစေနိုင်တယ်။

၆။ Red-Pink ပန်းနီရောင်ဆီး
သွေးပါနေတယ်။ သွေးထွက်တာ မကြာသေး။ ကျောက်ကပ်ကျောက်၊ ဆီးအိမ်ကင်ဆာ၊ ပိုးဝင်ခြင်းတွေကို စစ်ဆေးရပါမယ်။ ဆီးထဲသွေးပါတာကို Hematuria ခေါ်တယ်။ ဆီးလမ်းပိုးဝင်တာ၊ ဆီးကျိတ်ကြီးတာ၊ ကင်ဆာ၊ ကျောက်ကပ်ဆစ်၊ ဆီးလမ်းကျောက်တွေကနေ ဖြစ်စေနိုင်တယ်။ အစားအသောက်တချို့ကြောင် ဥပမာ ဘလက်ဘယ်ရီသီး၊ ဒညင်း (တညင်း)သီး။

၇။ Chyluria ဆင်ခြေထောက်ဆီး
Chylous urine လို့လည်းခေါ်တယ်။ နွားနို့ရောင်ဖြစ်နေမယ်။ Filariasis ပါရာဆိုက်ရောဂါကနေ ဖြစ်စေနိုင်တယ်။ တောက်လျှောက်အဲလိုဖြစ်နေတာတော့မဟုတ်။ သွေးပြန်ရည်လမ်းကို ပိတ်ဆို့နေလို့ဖြစ်တယ်။

Smelly နံတဲ့ဆီးဆိုတာ ကညွတ်စာလို့လား။ ပိုးဝင်နေသလား။ ပဋိဇီဝဆေးလိုမယ်။ တနေ့မှာ ရေ (၈) အောင်စ = (၂) လီတာ = (၈) ခွက် သောက်နိုင်ရင် လုံလောက်တယ်။ ဆီးခဏခဏသွားချင်နေမယ်၊ ဆီးပူမယ်၊ ဆီးသွားရင်နာမယ်ဆိုရင် ဆီးလမ်းကြောင်း ပိုးဝင်နေတာဖြစ်နိုင်တယ်။

ဒေါက်တာတင့်ဆွေ
https://www.facebook.com/drtintswe/

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ