စိတ်ဖိစီးမှုကြောင့် ခံတွင်းထဲမှာ ဘာတွေဖြစ်လာနိုင်လဲ


စိတ်ဖိစီးခြင်းက အသံတိတ် လူသတ်သမား ပါပဲ။ ရောဂါမျိုးစုံနဲ့ ဆက်စပ်လျက် ရှိပါတယ်။ ကင်ဆာ ရောဂါ၊ နှလုံးရောဂါ၊ ပန်းနာရင်ကျပ်၊ ဆီးချို၊ အ၀လွန်၊ ခေါင်းကိုက်၊ စိတ်ကျရောဂါ၊ အူလမ်းကြောင်း ပြဿနာများ၊ အယ်ဇိုင်းမားရောဂါ တွေနဲ့ ဆက်စပ်လျက်ရှိတာကြောင့် ကြောက်စရာကောင်းပါတယ်။ ခံ တွင်းထဲမှာဆိုရင်တော့ စိတ်ဖိစီး လာရင် သွားကြိတ်တတ်လာပါတယ်။ အများအားဖြင့် အိပ်ပျော်နေစဉ်မှာ ဖြစ်လေ့ရှိပါတယ်။ နိုးလာရင် ပါး တွေနာ၊ သွားတွေနာပြီး ရေရှည်မှာ သွားရဲ့ေ<ကလွှာတွေ ပြုန်းတီးလာ ပါတယ်။
အစားအသောက်တွေ ပျက် လာသလို မကောင်းတဲ့အစာတွေကို ပိုမိုစားမိလာနိုင်ပါတယ်။ စိတ် အာသာဖြေတဲ့အနေနဲ့ အချိုဓာတ် လွန်ကဲတာတွေကို နှစ်ခြိုက်စွာ စား သောက်တတ်လာသလို သွားတိုက် ဖို့လည်း ပျင်းလာတတ်ပါတယ်။ သွား ကြားပွတ်ကြိုး (Dental Floss) သုံးဖို့ ဆိုတာကတော့ ပိုဝေးသွား မှာပါ။ ဟော်မုန်းပြောင်းလဲမှုတွေက စိတ်ဖိစီးမှုကြောင့်ဖြစ်လာရပြီး တံ တွေးထွက်နည်းလာလေ့ ရှိပါတယ်။ သွားတွေပိုးစားပြီး သွားချေးတွေ ပိုများလာနိုင်ပါတယ်။ လျှာရဲ့ အရသာခံ စွမ်းအားလည်း လျော့ကျ လာပါတယ်။
ခံတွင်းထဲမှာ အနာတွေပေါက် လာလေ့ ရှိပါတယ်။ ကိုယ်ခံအားကျ လာတာ၊ ဟော်မုန်းအပြောင်းအလဲ ဖြစ်ခြင်းတွေကြောင့် အနာတွေ ဖြစ် လာနိုင်ပါတယ်။ အနာကျက်တာ လည်း နှေးကွေးသွားစေပါတယ်။

Dr. မိုးဝေမြင့်
Health Updates Journal
https://www.facebook.com/HealthUpdatesJournal/

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ