June 2017 အတွက် ကျန်းသုခ ဟောစာတမ်း


မိဿရာသီဖွား(မတ် ၂၁ မှ ဧပြီ ၂၀)

လူမှု့ရေး - ဒီအချိန်ကာလအတွင်း ခရီးသွားရင်း လုပ်ဆောင်ရသော လုပ်ငန်းဆောင်တာများ စီးပွားရေးများ အကြံအစည်များ မုချ အောင်မြင်ကိန်း ရှိသည်။ တစ်ဦးနှင့် တစ်ဦး အသင်းအဖွဲ့ တစ်ဖွဲ့နှင့် တစ်ဖွဲ့ ပူးတွင်း ပေါင်းစပ်လုပ်ကိုင်ရသော လုပ်ငန်းများ အောင်မြင်ကိန်း ရှိသည်။
ကျန်းမာရေး - အစာမှား ဆေးမှားဖြစ်တတ်သည်။ ဖြစ်တာက ရောဂါတမျိုး ဆေးကုတာက ရောဂါတမျိုး ဖြစ်တတ်သည်။
ယတြာ - အုန်းနို့ခေါက်ဆွဲ လှူဒါန်း၍ လိုရာ ဆုတောင်းပါလေ။

ပြိဿရာသီဖွား(ဧပြီ ၂၁ မှ မေ ၂၁)

လူမှု့ရေး - ဒီကာလအတွင်း ဂတိမတည်သူများနှင့် တွေ့ကြုံရတတ်သည်။ လုပ်ငန်းကိစ္စ လူမှု့ရေးကိစ္စ များကို အကြောင်းပြု၍ စိတ်ပင်ပန်း လူပင်ပန်း ဖြစ်ရတတ်ပါသည်။ ငွေကြေး စာရင်းဇယားကိစ္စများ အမှားအယွင်း ဖြစ်ရတတ်သည်။ မိမိ လုပ်ကိုင် ကြံစည်နေသော အကြံအစည်များ သဘ၀ကြောင့် ပျက်စီးတတ်သည်။
ကျန်းမာရေး - ၀မ်းကိုက်ခြင်း ၀မ်းနာခြင်း ၀မ်းပျက်ခြင်း ဖြစ်ပွားလွယ်သည်။
ယတြာ - ပျည်တော်သိန်း (၅)ညွန့် လှူဒါန်း၍ လိုရာ ဆုတောင်းပါလေ။

မေထုမ်ရာသီဖွား (မေ ၂၂ မှ ဇွန် ၂၁)

လူမှု့ရေး - ဒီအချိန်ကာလအတွင်း သင်၏ ကံကြမ္မာသည် ကောင်းသော အပြောင်းအလဲများ ဖြစ်မည်။ ကာလရှည်ကြာ ထစ်ငေါ့နေသော ကြန့်ကြာနေသော ပိတ်ဆို့နေသော ကိစ္စရပ်များ ချောချောမောမော အဆင်ပြေသွားလိမ့်မည်။ ရုတ်တရက် ဆုံးဖြတ်လိုက်ရသော ကိစ္စများမှ အကျိုးအမြတ် ရရှိမည်။
ကျန်းမာရေး - အသေးစား ထိခိုက်မှု့ကနေ ရောဂါပိုးဝင်ခြင်း ဖြစ်တတ်သည်။ သတိရှိပါ။
ယတြာ - ဒန်ပေါက် လှူဒါန်းပြီး လိုရာ ဆုတောင်းပါလေ။

ကရကဋ်ရာသီဖွား (ဇွန် ၂၂ မှ ဇူလိုင် ၂၂)

လူမှု့ရေး - ဒီအချိန်ကာလအတွင်း လူယုံ ဒုက္ခပေးတတ်သည်။ မိတ်ရင်းဆွေရင်း ဆရာသမား အရင်းများကို အကြောင်းပြု၍ သင့်အတွက် စိတ်ဒုက္ခ ဖြစ်ရတတ်သည်။ အထူး သတိပြုသင့်သော အချိန်ကာလ ဖြစ်သည်။ ဆရာမွေးတပည့်မွေး မပြုသင့်သော အချိန်ဖြစ်ပါသည်။
ကျန်းမာရေး - မတော်တဆ ထိခိုက်မိသော ဘေးအန္တရာယ် အသေးစားများ ဖြစ်တတ်သည်။ အမြင့်မတက်ရ။
ယတြာ - ကံ့ကော်ညွန့် ကိုးညွန့် လှူဒါန်း၍ လိုရာ ဆုတောင်းပါ။

သိဟ်ရာသီဖွား (ဇူလိုင် ၂၃ မှ သြဂုတ် ၂၃)

လူမှု့ရေး - ဒီအချိန်ကာလအတွင်း ရန် အတိုက်အခိုက်များနှင့် မမျှော်လင့်ဘဲ ထိပ်တိုက် တွေ့ကြုံရတတ်သည်။ စိတ်ပင်ပန်း လူပင်ပန်း ဖြစ်စရာများ ကြုံတွေ့ရတတ်သည်။ စိတ်ညစ်စရာများ တစ်ခုပြီး တစ်ခု ရောက်လာတတ်သည်။ လောကဓံတရား၏ နှိတ်စက်ခြင်း ခံရတတ်သည်။
ကျန်းမာရေး - ဤရက်များတွင် ကျမ်းမာရေးထူးထူးခြားခြား အညံ့မမြင်ပါ။ ကျမ်းမာရေးကောင်းမွန်းပါသည်။
ယတြာ - သံဃာတော်ကို ရေသန့်ဗူး လှူဒါန်း၍ လိုရာ ဆုတောင်းပါလေ။

ကန်ရာသီဖွား ( သြဂုတ် ၂၄ မှ စက်တင်ဘာ ၂၂ )

လူမှု့ရေး - ဒီအချိန်ကာလအတွင်း သင် ညံ့နေသော အညံ့အခိုက်များ ပြေလည်သွားပြီ။ သင် ဖြတ်သန်းရမည့် အနာဂါတ် ကံကြမ္မာတွင် ကံကြမ္မာကောင်းများ အခွင့်အရေး ကောင်းများ တွေ့ကြုံလာမည်။ ပန်းခင်းသော လမ်းကို လျှောက်လှမ်းရမည်။ အစစအရာရာ အဆင်ပြေလာလိမ့်မည်။
ကျန်းမာရေး - အနေအထိုင် အစားအသောက် မှားယွင်းခြင်းကြောင့် ဝေဒနာဖြစ်ခြင်း ဖြစ်တက်ပါသည်။
ယတြာ - အိမ်ဘုရားတွင် ဆီထမင်း လှူဒါန်း၍ လိုရာ ဆုတောင်းပါလေ။

တူရာသီဖွား ( စက်တင်ဘာ ၂၂ မှ အောက်တိုဘာ ၂၃)

လူမှု့ရေး - ဒီအချိန်ကာလအတွင်း နာမည် ဂုဏ်သတင်း ကျော်ဇော်ကိန်း ရှိသည်။ မိမိ လုပ်သမျှ လုပ်ငန်း ဆောင်တာများတွင် အောင်မြင်ကိန်း ရှိသည်။ ကျော်ကြား အောင်မြင်ခြင်း ဖြစ်မည်။ လူအများ၏ လေးစားခြင်း တန်ဖိုးထားခြင်း ခံရမည်။
ကျန်းမာရေး - အမျိုးသမီးများ တွင် သားအိမ် သွေးသားနှင့် ပတ်သက်သော ရောဂါ ဝေဒနာများ ဖြစ်ပွားတတ်သည်။
ယတြာ - ရာဟုဒေါင့်တွင် ယပ်သက်စေ့လှူဒါန်း၍ လိုရာ ဆုတောင်းပါလေ။

ဗြိစ္ဆာရာသီဖွား ( အောက်တိုဘာ ၂၄ မှ နိုဝင်ဘာ ၂၂)

လူမှု့ရေး - မိတ်ဆွေကောင်း အပေါင်းအသင်းကောင်းကို အကြောင်းပြု၍ စီးပွားရေး လုပ်ငန်းများ တိုးတက်သွားမည်။ ပိတ်နေသော လာဘ်လာဘများ ပြန်လည်၍ ပွင့်လန်းသွားမည်။ အရာရာ အဆင်ပြေကိန်း ရှိသည်။ အလုပ်မရှိသူများ အလုပ် ရရှိသွားတတ်သည်။
ကျန်းမာရေး - အသက်ရှူလမ်းကြောင်း ၊ လည်ချောင်းနှင့် ပါတ်သက်သော ရောဂါများဝင်လာတက်သည်။
ယတြာ - သီလရှင် ဆရာလေးများကို ဆန် လှူဒါန်း၍ လိုရာ ဆုတောင်းပါလေ။

ဓနုရာသီဖွား ( နိုဝင်ဘာ ၂၃ မှ ဒီဇင်ဘာ ၂၁)

လူမှု့ရေး - ဒီအချိန်မှာ သင့်အတွက် စီးပွားရေး လုပ်ငန်းသစ်များ စတင်ပြီး လုပ်ကိုင်ရတတ်သည်။ အင်မတန် ကောင်းသော ကာလဖြစ်ပါသည်။ သူတစ်ပါးမှ မနိုင်မနင်း ဖြစ်နေသော စီးပွားရေး လုပ်ငန်းများကိုလဲ လွဲပြောင်း တာဝန်ယူလုပ်ကိုင် ရတတ်ပါသည်။
ကျန်းမာရေး - ချွေးထွက်များသောကြောင့် ဖြစ်သော ရောဂါ ဖြစ်တတ်သည်။ လွန်စွာ အားနည်းတတ်သည်။
ယတြာ - ဘုရားတစ်ဆူဆူတွင် ဖယောင်းတိုင် အနီ (၁၀)တိုင် လှူဒါန်း၍ လိုရာဆုတောင်းပါလေ။

မကာရရာသီဖွား ( ဒီဇင်ဘာ ၂၂ မှ ဇန်န၀ါရီ ၂၀)

လူမှု့ရေး - ကိုယ်ပိုင် လုပ်ငန်း လုပ်ကိုင်နေသော သူများ နစ်မြုတ်နေသော ငွေကြေးများ ပြန်လည်၍ ပေါ်လာမည်။ အရှုံးပြနေသော စီးပွားရေးများး ပြန်လည် ဦးမောလာမည်။ တစ်ပိုင်းတစ်စ ဖြစ်နေသော လုပ်ငန်းများ ပြီးပြတ်သွားမည်။ အင်မတန် ကံကောင်းသော အချိန် ဖြစ်သည်။
ကျန်းမာရေး - ဆီး ကျောက်ကပ်နှင့် ပါတ်သက်သော ရောဂါ ဝေဒနာများ ခံစားရတတ် ၊ ဖြစ်ရတတ်သည်။
ယတြာ - ပေါက်ပေါက် လှူဒါန်း၍ လိုရာဆုတောင်းပါလေ။

ကုမ်ရာသီဖွား (ဇန်န၀ါရီ ၁၉ မှ ဖေဖော်ဝါရီ ၁၈)

လူမှု့ရေး - လူမျိုးကွဲ ဘာသာကွဲများ အလွန် အကျိုးပေးမည်။ စီးပွားရေး စပ်တူလုပ်ငန်းများ ပူးတွဲ ပေါင်းစပ် လုပ်ကိုင်ရန် သင့်သည်။ နိုင်ငံခြား သွားရန် ရည်ရွယ် ထားသူများ ချောချော မောမော သွားဖြစ်မည်။ အထူးအားဖြင့် ပြည်ပ နိုင်ငံများနှင့် ပူးတွဲပေါင်းစပ် လုပ်ကိုင်နေသော လုပ်ငန်းများ အောင်မြင်မည်။
ကျန်းမာရေး - သွေးအတက် အကျ မမှန်သော ရောဂါ ဝေဒနာ ခံစားရတတ် ၊ ဖြစ်တတ်သည်။
ယတြာ - ဘုရားတစ်ဆူဆူတွင် မေမြိုပန်း (၁၉)ပွင့် လှူဒါန်း၍ လိုရာ ဆုတောင်းပါလေ။

မိန်ရာသီဖွား ( ဖေဖော်ဝါရီ ၁၉ မှ မတ် ၂၀)

လူမှု့ရေး - မုချ စီးပွားရေး တိုးတက်မည့် အချိန်ကာလ ဖြစ်ပါမည်။ မိမိ ရည်ရွယ် ရည်မှန်းထားသည်များ အောင်မြင်ကိန်း ရှိသည်။ ငွေကြေးများ စုဆောင်းနိုင်မည်။ တွေ့ကြုံ သမျှ အပြိုင်အဆိုင်များကို ကျော်လွှားနိုင်မည်။ အလုပ်နေရာ အိမ်နေရာ ကောင်းသော အပြောင်းအလဲ ဖြစ်မည်။
ကျန်းမာရေး - ချွဲသလိပ် ဒုက္ခပေးတတ်သည်။ အထူးသတိထားပါ။ ရင်ကျပ်ဝေဒနာ ဖြစ်သည့်အထိ ဖြစ်တတ်သည်။
ယတြာ - ဘုရားတစ်ဆူဆူတွင် ဓာတ်ခဲပေါ်တွင် ဖယောင်းတိုင် ထွန်း၍ ဘုရားမီးပူဇော်ပြီး လိုရာ ဆုတောင်းပါလေ။

ဆရာဟိန်းတင့်ဇော်
Health Guide
https://www.facebook.com/mmhealthguide

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ