အက်စပရင်ဆေးသောက်သုံးမှုကြောင့် အသက် ၇၅ နှစ်နှင့်အထက် အရွယ်ရှိသူများ အစာအိမ်သွေးယိုမှုပိုမိုဖြစ်ပွား

Friday, June 16, 2017 22:00(+0630) (8 နှစ် ခန့်က)


နှလုံးရောဂါ သို့မဟုတ် လေဖြတ်ရောဂါဖြစ်ပွားမှုကြောင့် နေ့စဉ် အက်စပရင်ဆေးပြားသောက်သုံးနေရ သူများထဲတွင် အသက် ၇၅ နှစ်နှင့် အထက် အရွယ်ရှိသူများသည် အစာအိမ်သွေးယိုမှုဖြစ်ပွားနှုန်းမြင့်မား လာကြောင်း ဘီဘီစီသတင်းဌာနက ဖော်ပြသည်။

ကိုက်ခဲမှုများနှင့် နာကျင်မှုများလျှော့ချရန်အတွက် အက်စပရင် ဆေးပြားသောက်သုံးခြင်းဖြစ်ကာ နေ့စဉ်အက်စပရင်ဆေးပြား ပုံမှန် သောက်သုံးသူများကို စောင့်ကြည့်လေ့လာခဲ့ရာ၌ အသက် ၇၅ နှစ်နှင့် အထက် အရွယ်ရှိသူများ၌ အစာအိမ်သွေးယိုမှုများဖြစ်ပွားကြောင်း တွေ့ ရှိခဲ့ခြင်းဖြစ်သည်။

အက်စပရင်ဆေးပြားသည် နှလုံးရောဂါနှင့်လေဖြတ် ရောဂါဖြစ်ပွားထားသူများအတွက် အရေးကြီးသည့် ရလဒ်ကောင်းများ ဖန်တီးပေးနိုင်သော်လည်း ဘေးထွက်ဆိုးကျိုးအဖြစ် အစာအိမ်သွေးယိုမှု များဖြစ်ပွားခြင်းဖြစ်ဖွယ်ရှိသည်။ အက်စပရင်ဆေးပြားပုံမှန်သောက်သုံးသူ များအနေဖြင့် အစာအိမ်သွေးယိုမှုဖြစ်ပွားခြင်းကို ကာကွယ်နိုင်ရန်အတွက် ပီပီအိုင်ဆေးများကို သောက်သုံးသင့်ကြောင်း ကျွမ်းကျင်သူများက အကြံပြုထားသည်။ ပီပီအိုင်ဆေးပြားသည် အစာအိမ်ကို အားကောင်းစေ ရန် သောက်သုံးရသည့်ဆေးများဖြစ်သည်။

The Union Daily
https://www.facebook.com/pg/uniondaily.net

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ