Free radicals ဖရီး ရယ်ဒီကယ်လ်


ဆရာ Free radicals အကြောင်းသိချင်ပါတယ်ရှင့်။ သူက ကင်ဆာဖြစ်စေတဲ့အရာပါလား။ ဘယ်လိုပြုမူနေထိုင်ရမလဲရှင့်။

ဖရီး ရယ်ဒီကယ်လ်ဆိုတာ အိုမင်းရင့်ရော်ခြင်းနဲ့ဆိုင်တဲ့ မော်လီကျူးဖြစ်တယ်။ တစ်ရှူးတွေ ပျက်စီးတာနဲ့ တချို့ရောဂါဘယတွေနဲ့ဆိုင်တယ်။ သူတို့ဟာတည်ငြိမ်မှုနည်းတယ်။ ဒါကြောင့် တခြားဟာတွေနဲ့ တွဲပေါင်းကြတယ်။ သူတို့ထဲမှာပါတဲ့ အီလက်ထွန်အရေအတွက်က ပုံသေမရှိလို့ဖြစ်တယ်။ ဒါနဲ့ ပျက်စီးလာတယ်။ အင်တီအောက်ဆီဒင့်ဆိုတာ အစားအစာတွေထဲမှာပါတယ်။ ဖရီး ရယ်ဒီကယ်လ်တွေကို ပျက်စီးမှာကို တားမြစ်ပေးတယ်လို့ ယူဆလက်ခံနေကြတယ်။ ကင်ဆာကိုတားဆီးနိုင်တယ်လို့ နာမည်ကြီးနေတာဖြစ်တယ်။ နုပျိုစေတယ်လို့လဲ ယူဆတယ်။ အသီးတွေထဲမှာပါလို့ နေ့တိုင်း အသီးတမျိုးမျိုး စားဘို့ တိုက်တွန်းနေရတာဖြစ်ပါတယ်။ ဒီဓါတ်မျိုးကို ဆေးအနေနဲ့ထုတ်လို့မရဘူး။ ဆေးလဲအစာ၊ အစာလဲဆေး ဆိုတာ ဒီနေရာမှာ အလွန်မှန်တယ်။ ရောဂါပိုးဝင်လာရင် ပြန်တိုက်ခိုက်ပေးတဲ့ သွေးဖြူဥ တမျိုးဖြစ်တဲ့ ဖေဂိုဆိုက်ဖြစ်စဉ်မှာလဲ ပါတယ်။ ဗီတာမင်တွေထဲမှာ အီး၊ စီနဲ့ ဘီတာ ကယ်ရိုတင်းတွေက ဒီအလုပ်မျိုးလုပ်ပေးကြတယ်။ ဆယ်လီနီယမ်ကလဲ အဲလိုဘဲ။ ကိုယ်လက်လေ့ကျင့်ခန်းလုပ်တာကနေ အောက်စီဂျင်သုံးစွဲမှုကို ၁ဝ-၂ဝ% တိုးစေလို့ ကောင်းတာဖြစ်တယ်။

ဒေါက်တာတင့်ဆွေ
https://www.facebook.com/drtintswe

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ