Axillary lymph nodes ချိုင်းအကျိတ်


၁။ ဆရာ သမီးအသက်က ၂၁နှစ်ပါ။ ချိုင်းမှာအကျိတ်ဖုလေး ထွက်နေပါတယ်။ ဘယ်ချိန်တည်းကတော့ မခန့်မှန်းတတ်ပါဘူး။ ဒါပေမဲ့ နာကြင်မှုတော့ခံစားနေရပါတယ်။ ဇီးသီးလုံးလောက်လေးဖြစ်နေပါတယ်။ ရင်သားကင်ဆာ ဖြစ်မှာစိုးရိမ်မိပါတယ်။ ရင်သားကင်ဆာဖြစ်မဖြစ်သိအောင် (ကန်တော့ပါဆရာ) ရင်သားကို အကျိတ်ရှိမရှိ စမ်းသပ်ကြည့်ပေမဲ့ သေချာမသိပါဘူး။ အကျိတ်ပုံစံတွေ့ပေမဲ့ မိန်းကလေးတွေအားလုံး ရှိတတ်တယ် ထင်ပါတယ်။

မိန်ကလေး-အမျိုးသမီးတွေက ကျန်းမာရေးမေးလာရင် အသက်သာမက ရာသီနဲ့ အိမ်ထောင်ရေးကိုပါ ဆရာဝန်က သိချင်တယ်။

Axillary lymph nodes ချိုင်း (ဂျိုင်း) မှာစမ်းလို့ရတဲ့အကျိတ်ဆိုတာ တက်စေ့ခေါ် (လင့်ဖ်နုတ်) လေးတွေ ရောင်လာတာ ဖြစ်မယ်။ လူတိုင်းမှာ စမ်းလို့မရတဲ့ အဲတာတွေ ၂ဝ-၃ဝ ရှိကြတယ်။ စမ်းရတယ်ဆိုရင် တနေရာမှာ တခုခုဖြစ်လို့။ တနေရာဆိုတာ ဆိုင်တဲ့ဖက်ကရင်သားရဲ့ လေးပုံတပုံ + ရင်ပတ်နံရံအပေါ်ယံနေရာ + ဗိုက် အထက်ပိုင်း + ခြေထောက် နေရာတွေကနေလာမယ်။

ရင်သားကင်ဆာဖြစ်ရင်လည်း ၇၅% က ချိုင်းဆီကိုရောက်လာတယ်။ ကင်ဆာမှာလည်း ရင်သားတခုသာမဟုတ်ပါ။ လူကီးမီးယား၊ ဟော့ခ်ျကင်းလင်ဖိုးမား၊ မယ်လင်နိုးမားတွေကနေလည်း ချိုင်းအကျိတ်တွေကြီးနေနိုင်တယ်။
ကင်ဆာမဟုတ်ပဲ ချိုင်းအကျိတ်လေးတွေ ကြီးနေတာကပိုများတယ်။ ချိုင်းနဲ့လက်မှာထိခိုက်မိတာ၊ ပိုးဝင်တာတွေကနေ ဖြစ်စေတယ်။ (တီဘီ) အကျိတ်လည်းရှိတယ်။ ဗိုင်းရပ်စ်နဲ့ မှို (ဖန်းဂတ်စ်) ကြောင့်လည်းဖြစ်မယ်။ လက်မှာ ကာကွယ်ဆေး ထိုးလို့လည်းဖြစ်တယ်။ ယာယီသာဖြစ်မယ်။

ဆိုင်ရာနေရာမှာ ခြင်၊ ပုရွက်ဆိတ်ကိုက်လို့ ယားလို့ကုပ်မိရာကနေ ဆက်ဖြစ်တာလည်းရှိတယ်။ ချိုင်းအကျိတ်ကနာတယ် ဆိုရင် ရောင်ရမ်းဖြစ်စဉ်ကြောင့်ဖြစ်ပါမယ်။ ကင်ဆာက နောက်ပိုင်းအဆင့်မဟုတ်ရင် မနာပါ။ ရောင်တယ်ဆိုတာ ထိခိုက်မိတာနဲ့ ပိုးဝင်တာ။ ရောဂါကြီးမဟုတ်ပါ။ အနာသက်သာဆေး + ပိုးသေဆေးပေးတာနဲ့ ပျောက်မယ်။ ဒါပေမယ့် တက်စေ့တွေကရောင်ပြီးရင် နဂိုအနေကိုပြန်မရောက်တာလည်းရှိတတ်တယ်။ အဲတာကြောင့် လူအများစုမှာ ချိုင်း၊ မေးအောက်၊ လည်ပင်း၊ ပေါင်ခြံ၊ ဒူးကောက်ကွေးနေရာတွေမှာ စမ်းလို့ရတဲ့ အကျိတ်လေးတွေ ရှိကြတယ်။ ဗိုက်ထဲမှာရှိနေတာတော့ သည်အတိုင်းမသိနိုင်ပါ။

အမျိုးသမီးတွေမှာ ချိုင်းအကျိတ်စမ်းလိုရရင် ရင်သားကိုအဓိက စစ်ဆေးရမယ်။ ကိုယ်ဖါသာစမ်းသပ်နည်းရှိပါတယ်။ သံသယရှိရင် ဆရာဝန်ပြဘို့နောက်မကျပါနဲ့ မရှက်ပါနဲ့။

၂။ Women, age 38, မီးဖွားပြီးဆယ်ရက်ကြာ ခွဲမွေးထား ဆရာ ပေါင်မှာယားလို့ကုပ်လိုက်တာနဲ့ အရေကြည်ဖုလေးတွေ စုဝိုင်းပေါက်လာပါတယ်။ လက်မဖျားလောက်ပါ ခုဆို ငါးနေရာလောက်ပေါက်တော့ ပေါင်မှာကျိတ်ခိုလာတယ် ကုသနည်းလေး ဖြေပေးပါဆရာ လေးစားစွာဖြင့်

မေးခွန်းပါ စာကြောင်း အကုန်တော့ နားမလည်။ လက်မဖျားလောက်ပါ မသိ။ ပေါင်မှာကျိတ်ခိုလာတယ် မသိ။ ထင်တာတော့ရှိတယ်။ ပေါင်ခြံမှာ လင့်ဖ်နုတ်စမ်းလို့တွေခြင်းဟာ ခြေထောက်မှာ ထိခိုက်မိလို့၊ ပိုးဝင်လို့ဖြစ်တယ်။ လိင်အင်္ဂါတွေမှာ အဲလိုဖြစ်တာတွေလည်းပါတယ်။ ကင်ဆာလည်းပါတယ်။ ဆောရီး။ အဲလိုအစုလိုက်နေရာတခုမှာ ကွက်ပြီး တက်စေ့လေးတွေစမ်းလို့ရတာအပြင် တကိုယ်လုံးမှာစမ်းလို့ရတာရှိသေးတယ်။ အဲတာမျိုးက ဝက်သက်၊ ဂျိုက်သိုး ခေါ် ဂျာမန်ဝက်သက်၊ ရေကျောက်၊ ရူဘဲလားစတဲ့ ဗိုင်းရပ်စ်ရောဂါတွေဖြစ်တယ်။

ဒေါက်တာတင့်ဆွေ
https://www.facebook.com/drtintswe/

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ