ကျန်းမာလှပတဲ့ အသားအရေပိုင်ရှင် ဖြစ်လာစေဖို့ ဒီအစားအစာတွေ စားကြစို့








  အသီးအနှံတွေဆိုတာ လူတွေအတွက် ကျန်းမာရေးကို အထောက်အကူ ပြုပေးနိုင်ရုံတင်မကပဲ အရေပြားပြသာနာတွေ ဖြေရှင်းပေးနိုင်ပြီး လှပတဲ့အသားအရေမျိုးကို ရရှိစေနိုင်အောင် စွမ်းဆောင်နိုင်ပါတယ်။ ဒါဆို ဘယ်လိုအသီးအနှံတွေက အသားအရေလှပစိုပြေနိုင်မလဲဆိုတာ ဖော်ပြပေးသွားချင်ပါတယ်။

ဖရဲသီး

 ခန္ဓာကိုယ်အတွက် ရေဓါတ်ဟာ မရှိမဖြစ် လိုအပ်သလို အသားအရေကို အမြဲတမ်းစိုပြေလန်းဆန်းဖို့အတွက်လည်း ရေဓါတ်လိုအပ်ပါတယ်။ ဒါကြောင့် သင့်ရဲ့အသားအရေလည်း စိုပြေတောက်ပနေဖို့အတွက် ရေဓါတ်ကိုးဆယ်ရာခိုင်နှုန်းလောက် ပါဝင်နေတဲ့ ဖရဲသီးကို ပုံမှန်စားသုံးပေးသင့်ပါတယ်။

 ငှက်ပျောသီး




 ပိုတတ်ဆီယမ်ဓါတ်ဆိုတာ အသားအရေ မွဲခြောက်မှုမရှိစေဖို့နဲ့ အစိုဓါတ်ထိန်းသိမ်းပေးဖို့ အဓိကလုပ်ဆောင်ပေးတဲ့ အာဟာရဓါတ်တစ်မျိုးဖြစ်ပါတယ်။ ဒီပိုတတ်ဆီယမ်ဓါတ်တွေဟာ ငှက်ပျောသီးမှာ ကြွယ်ဝစွာ ပါဝင်နေပါတယ်။ တကယ်လို့ သင်ရဲ့အသားအရေ မွဲခြောက်ခြောက် ဖြစ်နေတယ်ဆိုရင် ဒါဟာ ပိုတတ်ဆီယမ်ဓါတ် ချို့ယွင်းနေတာကြောင့် ဖြစ်နိုင်ပြီး ဒီအခြေအနေမျိုး ဖြစ်နေတယ်ဆိုရင် ငှက်ပျောသီးကို များများသုံးဆောင်ပေးသင့်ပါတယ်။

     နာနတ်သီး



 နာနတ်သီးကိုတော့ နေရာအသီးသီးမှာ ကျန်းမာရေးအတွက် အပြည့်အဝ အထောက်အပံ့ပေးတဲ့ အစားအစာအဖြစ် သတ်မှတ်ထားကြတာ နှစ်အတော်ကြာပြီဖြစ်ပါတယ်။ နာနတ်သီးတွေဟာ Bromelain လို့ခေါ်တဲ့ အင်ဇိုင်းဓါတ်တစ်မျိုး ပါဝင်နေတဲ့ တစ်ခုတည်းသော သစ်သီးဝလံဖြစ်ပြီး ဒီဓါတ်က အသားအရေဖူးရောင်ခြင်းမှ ကင်းဝေအောင် ပြုလုပ်ပေးနိုင်ပါတယ်။

     စတော်ဘယ်ရီ



ကျန်းမာရေးအတွက်လည်းကောင်း အရသာလည်းကောင်းတဲ့ စတော်ဘယ်ရီသီးဟာ အသားအရေအတွက်လည်း ထူးထူးခြားခြားကို ကောင်းမွန်နေတဲ့ သစ်သီးတစ်မျိုးပါ။ စတော်ဘယ်ရီမှာ ပါဝင်နေတဲ့ Ellagic အက်ဆစ်ဟာ ခရမ်းလွန်ရောင်ခြည်ဒဏ်ကြောင့် ပျက်ဆီးသွားတဲ့ အသားအရေတွေကို ထိန်းသိမ်းကာကွယ်ပေးနိုင်တဲ့အပြင် အရေးအကြောင်းများကိုပါ လျော့နည်းစေနိုင်ပါတယ်။

သေဘာၤသီး

 အမြင်အာရုံကို ထူးကဲစွာ ကောင်းမွန်စေတတ်တဲ့ ဗီတာမင်အေဓါတ်တွေ များစွာပါဝင်နေတဲ့ သဘောင်္သီးမှာ papain လို့အမည်ရတဲ့ အင်ဇိုင်းဓါတ်တစ်မျိုးလည်း ပါဝင်လို့နေပါတယ်။ ဒီအင်ဇိုင်းဓါတ်ဟာ တတ်ကြွမရှိတဲ့ ပရိုတိန်းဓါတ်တွေ ဖြိုကွဲပေးနိုင်ပြီး ဆဲလ်အသေတွေကို ပြန်လည်ရှင်သန်အောင် လုပ်ဆောင်ပေးနိုင်ပါတယ်ခင်ဗျာ။

VitamiN

#healthy.thithtoolwin.com

 Ref: brightside

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ