အဆစ်အမြက်ရောင်နာကြောင့် ဒူးခေါင်းနာကျင်မှုအား မခွဲစိပ်ဘဲ သက်သာပျောက်ကင်းစေနိုင်


အသက်အရွယ်ကြီးလာသည်နှင့်အမျှအဆစ်အမြက်ရောင်နာဝေဒနာကိုခံစားကြရသူအများစုသည် ဒူးခေါင်းနာကျင်မှုကိုလည်းခံစားရလေ့ရှိပြီး ခွဲစိပ်ကုသမှုခံယူရလေ့ရှိရာ ယခုအခါ အမေရိကန်ပြည် ထောင်စု၊ အစားအစာနှင့်ဆေးဝါးကြီးကြပ်ရေးအဖွဲ့  FDA က ဒူးခေါင်းနာကျင်မှုအား မခွဲစိပ်ဘဲ သက်သာ ပျောက်ကင်းစေနိုင်မည့် Cooled Radio Frequency Ablation (CRFA) ကုထုံးကို ခွင့်ပြု လိုက်ပြီဖြစ် ကြောင်း သိရသည်။ အဆစ်အမြက်ရောင်နာကြောင့် ဒူးခေါင်းနာကျင်သူတွေဟာ အလွန်ဆိုးရွားပြင်းထန်တဲ့ဝေဒနာကို ခံစား ရလေ့ရှိပါတယ်။

သူတို့ ရဲ့ ဒူးခေါင်းကအရိုးဟာ ဂေါက်သီးလုံးလောက်ရောင်ရာလေ့ရှိပြီး သာမန်လမ်း လျှောက်တာ၊ ဈေးဝယ်တာ အဲဒါမျိုးတွေကို မလုပ်နိုင်ကြတော့ပါဘူး။ အပြင်ကနေဆေးထိုး၊ဆေးလိမ်း၊ ဆေးစားတာတွေလုပ်ပေမယ့်လည်း အကျိုးသက်ရောက်မှုက မထိရောက်လှပါဘူး။ ခွဲစိပ်ကုသမှုခံယူ တာ ကပဲ သေချာပါတယ်။ ဒါပေမယ့် တစ်ချို့ လူတွေက ကျန်းမာရေးအားနည်းချက်ရှိတာကြောင့် ခွဲစိပ် မှု မခံယူနိုင်သူတွေ ဖြစ်နေတတ်ပါတယ်။ သူတို့ မှာအခက်တွေ့ တာပေါ့။ ဒါပေမယ့် အခုနောက်ဆုံး အတည်ပြုလုပ်ပြီဖြစ်တဲ့ CRFA ကုထုံးနဲ့ ဆိုရင်တော့ အားလုံးအဆင်ပြေဖို့ များပါတယ်ဟု သုတေသီ တစ်ဦးဖြစ်သူ Dr. Amin Sandeep က ပြောပြသည်။

CRFA ကုထုံးကို Coolief ဟု မူပိုင်ခွင့်တင်ထားကြောင်း၊ ရေဒီယိုဖရီကွင်စီကိုအသုံးပြုကာ ဒူးခေါင်းတွင်း မှ နာကျင်မှုလှိုင်းများကို ဦးနှောက်ထံသို့ ပေးပို့ နေသည့်အာရုံကြောကို ပိတ်လိုက်မည်ဖြစ်ကြောင်း၊ ထိုသို့ ပြုလုပ်ခြင်းဖြင့် ဒူးခေါင်းတွင်းရှိ အဆစ်အမြက်ရောင်ခြင်းကို ကုစားပေးမည်မဟုတ်သော်လည်း နာကျင်မှုသည်မူ လျော့ပါးသွားမည်ဖြစ်ကြောင်း၊ ဝေဒနာရှင်များအနေဖြင့် သာမန်လူတစ်ယောက်ကဲ့သို့  သွားလာလှုပ်ရှားနိုင်မည်ဖြစ်ကြောင်း သိရသည်။ ဒူးခေါင်းရဲ့ အာရုံကြောဖွဲ့ စည်းပုံကို ပြန်ပြင်လိုက်တာပါပဲ။ နာကျင်မှုလှိုင်းတွေကိုထုတ်လွှင့်နေတဲ့အာရုံ ကြောတွေကို ပိတ်ပေးလိုက်တဲ့အခါ ဦးနှောက်ထဲကို နာကျင်မှုဆိုတာ ရောက်မသွားတော့တဲ့အတွက် ကာယကံ၇ှင်က နာကျင်မှုကို မခံစားရတော့ပါဘူး။ ဒါပေမယ့် အဆစ်အမြက်ရောင်တာကိုတော့ ဆေး ဆက်ကုဖို့ လိုပါတယ်။ Coolief က နာကျင်မှုကိုသက်သာစေတာကလွဲရင် ရောဂါကိုတော့ ကုစားပေး နိုင်မှာ မဟုတ်ပါဘူး ဟု Sandeep က ပြောပြသည်။

ရတနာပုံ သတင်းစာ
https://www.facebook.com/pg/yadanabonnewspaper

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ