ပြင်းပြသောဝမ်းနည်းပူဆွေးမှုကြောင့် နှလုံးတွင် သေရာပါဒဏ်ရာဖြစ်သွားနိုင်


မိမိချစ်ရသူ အသက်သေဆုံးသွားခြင်း ကဲ့သို့  အလွန်ဝမ်းနည်းဖွယ်စိတ်ခံစားချက်ကြောင့် နှလုံးတွင် စူးနှစ်စွာခံစားရသည့် နှလုံးအက်ကွဲရောဂါ (Broken Heart Syndrome) သည် နှလုံးရောဂါရှိသူကို ရုတ် တရက် သေဆုံးစေနိုင်သည်ကဲ့သို့  သာမန်လူများတွင်လည်း သေရာပါနှလုံးဒဏ်ရာ ရရှိသွားစေနိုင် ကြောင်း ဗြိတိန်နှလုံးဖောင်ဒေးရှင်းမှ သုတေသီများက ပြောပြသည်။ စိတ်ဖိစီးမှုမြင့်မားလွန်းသူတွေ၊ အလွန်ဝမ်းနည်းဖွယ်ကိစ္စနဲ့ မမျှော်လင့်ဘဲကြုံတွေ့ ရသူတွေရဲ့  နှလုံး ကြွက်သားတွေမှာ ရုတ်တရက်ဒဏ်ဖြစ်သွားနိုင်ပါတယ်။

အလွယ်တကူအားဖြင့် နှလုံးအက်ကွဲရောဂါလို့  ခေါ်ပါတယ်။ အရပ်အခေါ်ဆိုရင် အသည်းကွဲရောဂါပေါ့။ အဲဒါဟာ တင်စားပြောဆိုတာမျှမဟုတ်ဘဲ နှလုံး ကို တစ်ကယ်ပဲထိခိုက်စေနိုင်ပြီး အခန့် မသင့်ရင် အသက်ကိုပါဆုံးရှုံးစေနိုင်ပါတယ်ဟု သုတေသီ တစ်ဦးဖြစ်သူ Dr Dana Dawson က ပြောပြသည်။ နှလုံးသားအက်ကွဲတဲ့ရောဂါကို ဂျပန်လို Takotsubo လို့ လည်းခေါ်ပါသေးတယ်။ ဂျပန်ဘာသာစကား နဲ့  Takotsubo ဆိုတာ ရေဘ၀ဲတွေကိုဖမ်းတဲ့ ငါးဖမ်းပိုက်တစ်မျိုးပါ။

 နှလုံးဟာ အဲဒီငါးဖမ်းပိုက်လိုမျိုးကို အပိုင်းပိုင်းဖြစ်သွားသလိုမျိုး ဒဏ်ဖြစ်သွားလေ့ရှိပါတယ်။ ခက်တာက ပျော်လွန်းရင်လည်း နှလုံးကို ဆောင့်လိုက်သလိုဖြစ်သွားပြီး နှလုံးကိုထိခိုက်စေနိုင်ပါသေးတယ်ဟု ၄င်းက ဆက်လက်ရှင်းပြသည်။ ထိုကဲ့သို့  နှလုံးထိခိုက်သည့်ဝေဒနာခံစားရပြီးနောက် အချိန်တိုအတွင်း ပုံမှန်ဆက်လက်လှုပ်ရှားသွား လာ နိုင်ကြသော်လည်း နှလုံးတွင်ဖြစ်ပွားသည့်ဒဏ်ရာဒဏ်ချက်မှာ ပုံမှန်အတိုင်း ပြန်ကောင်းမလာ တော့ဘဲ နှလုံးထိခိုက်သည့်ဒဏ်ရာမှာ သေရာပါသွားလေ့ရှိကြောင်း၊ ထို့ အပြင် အဖြစ်များသည့်ရောဂါ လည်းဖြစ်ကြောင်း သိရသည်။

UK တွင် တစ်နှစ်လျင် လူပေါင်း ၃၀၀၀ ထက်မနည်း နှလုံးအက်ကွဲရောဂါကို ခံစားရကြောင်း၊ ၄င်းတို့  အနက် ၉၀ ရာခိုင်နှုန်းမှာ အမျိုးသမီးများဖြစ်ကြောင်း၊ နှလုံးအက်ကွဲရသည့်အကြောင်းရင်းများအနက် ၇၀ ရာခိုင်နှုန်းမှာ စိတ်ဖိစီးမှုကြောင့်ဖြစ်ကြောင်း၊ လက္ခဏာများမှာ နှလုံးရုတ်တရက်ရပ်တန့် သည်နှင့် တူကြောင်း၊ ရင်ဘတ်နာခြင်း၊ အသက်ရှူမ၀ခြင်းနှင့် ရုတ်တရက်လဲပြိုကျသွားခြင်းတို့ ဖြစ်တတ်ကြောင်း၊ အချို့ သည် မူးဝေအော့အန်လေ့ရှိကြောင်း၊ ထို့ ကြောင့် နာတာရှည်စိတ်ဖိစီးမှုကိုခံစားနေရသူများ အနေဖြင့် ဂရုစိုက်ရမည့်အပြင် အသက်အရွယ်နှင့်ကျန်းမာရေးအလိုက် အလွန်ဝမ်းနည်း ဖွယ်၊ အလွန် ၀မ်းသာဖွယ်ကိစ္စများလည်း ချင့်ချိန်ပြောဆိုအသိပေးသင့်ကြောင်း သိရသည်။

ရတနာပုံ သတင်းစာ
https://www.facebook.com/pg/yadanabonnewspaper

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ