အငန်အစားများခြင်းက အသည်းကိုပါ ထိခိုက်စေနိုင်



အငန်အရသာရှိတဲ့ အစားအစာတွေကို အစားများတာဟာ သွေးတိုးရောဂါဖြစ်ပွားစေနိုင်တယ်လို့ ကျွန်တော်တို့ သိထားခဲ့ပါတယ်။ နောက်ဆုံးလေ့လာမှုတစ်ခုအရတော့ အငန်အစားများတာဟာဆိုရင် အသည်းကိုပါ ထိခိုက်စေနိုင်တယ်လို့ သိရပါတယ်။

အသက် ၂ နှစ်နဲ့ အထက် လူသားတွေဟာဆိုရင်တော့ တစ်နေ့ကို ဆားပမာဏ ၃၄၀၀ မီလီဂရမ်အထိ စားသုံးကြပြီး ခန္ဒာကိုယ်ကျန်းမာရေးအတွက် လိုအပ်တဲ့ ၁၅၀၀ မီလီဂရမ်ဆိုတဲ့ ပမာဏထက် နှစ်ဆကျော် ပိုများနေတာဖြစ်ပါတယ်။

ဒါ့ကြောင့် သုတေသီတွေကတော့ အသင့်စား စားသောက်ကုန်ထုတ်လုပ်တဲ့သူတွေဟာဆိုရင်တော့ ဆားသုံးစွဲမှုများပြားပြီး သူတို့ရဲ့ ဆားအသုံးပြုမှုကို လျှော့ချသင့်တယ်လို့ အကြံပြုထားပါတယ်။

ကိုယ်တွင်းမှာ အငန်ဓာတ်များတဲ့အခါမှာ အသည်းအတွင်းမှာ ရှိတဲ့ misshapen ဆဲလ်တွေဟာ သေကြေပျက်စီးမှု မြင့်မားလာပြီး အသည်းအဆီဖုံးဖို့လည်း ပိုပြီးလွယ်ကူလာတယ်လို့ သိရပါတယ်။ အသည်းမှာ ရှိတဲ့ collagen လိုမျိုး ပရိုတိန်းဓာတ်တစ်မျိုးဟာ အသည်းမှာရှိတဲ့ ဆဲလ်သေတွေ ၊ အန္တရာယ်ရှိနိုင်တဲ့ဆဲလ်တွေကို ဖယ်ရှားပေးပြီး အသည်းရဲ့ လုပ်ဆောင်ချက်ကို ပိုပြီးကောင်းမွန်စေပါတယ်။

အသည်းမှာ အငန်ဓာတ်များလာရင်တော့ ဒီရဲ့ collagen ဓာတ်ကိုဖယ်ရှားပစ်ပြီး အသည်းရဲ့ ဇီဝလုပ်ဆောင်ချက်တွေကို နှေးကွေးသွားစေတာဖြစ်တယ်လို့ သိရပါတယ်။

ဒီလိုမျိုး အသည်းဆဲလ်တွေကို ပျက်စီးစေတဲ့အထိ ဆိုးကျိုးတွေများပြားတာကြောင့် အငန်မှီဝဲမှုကို လျှော့ချသင့်ပါတယ်။ ဗီတာမင် စီကို ပြန်ပြီး ဖြည့်စွက်စားသုံးပေးရင်တော့ အသည်းဆဲလ်တွေကို ပြန်ပြီး ကောင်းမွန်လာစေမှာဖြစ်တယ်လို့လည်း သုတေသီတွေက လမ်းညွှန်ထားပါတယ်။


( Paing A K )

#သစ်ထူးလွင်(ကျန်းမာရေး)
#health.thithtoolwin.com

Ref : MNT


မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ