ဈေးနှုန်းသင့်တင့်ချိုသာပြီး ကျန်းမာကြံ့ခိုင်စေတဲ့ နေ့လည်စာကို ဘယ်လိုပြင်ဆင်မလဲ??



ဘေကွန်-ဆလပ်ရွက်-ထောပတ်သီး-ခရမ်းချဉ်သီး ဆန်းဒ်ဝှစ်ခ်ျ


နေ့လည်စာအတွက် ခရင်မ်အပြည့်ပါဝင်တဲ့ ထောပတ်သီးကို ကြက်သွန်ဖြူနဲ့ အနှစ်ပြုလုပ်ပြီး ပေါင်မုန့်နဲ့တွဲဖက်ပြီး ဆန်းဒ်ဝှစ်ခ်ျပြုလုပ် စားသုံးနိုင်ပါတယ်။

မြေပဲ တိုဟူးကော်ပြန့်

ဆူပါမားကက်တွေမှာ ၀ယ်ယူနိုင်တဲ့ တိုဟူးပြားကို မြေပဲဆော့စ်အနှစ်နဲ့ ဖြည့်ပြီး တိုဟူးကော်ပြန့်လိတ်ပြုလုပ် စားသုံးနိုင်ပါတယ်။ ကြိုက်နှစ်သက်ရာ အသီးအရွက်တွေနဲ့ တွဲဖက်စားသုံးနိုင်ပါတယ်။

အသီးအရွက်နဲ့ ကြက်ဥအသုပ်

ကြွပ်ကြွပ်ရွရွရှိတဲ့ မုန်လာဥ၊ သခွားသီးစတာတွေနဲ့ ကြက်ဥနဲ့တွဲဖက်ပြီး အစုံသုတ်စားလို့ရပါတယ်။ ခရမ်းချဉ်သီးနဲ့ ဘီစကစ်အနည်းကိုလည်း တွဲပြီးစားလိုက်ရင် ကျန်းမာရေးနဲ့ညီညွတ်တဲ့ နေ့လည်စာဖြစ်လာမှာပါ။

ဆယ်လမွန်ငါး အသုတ်စုံ

တူနာငါးမဟုတ်ဘဲ ဆယ်လမွန်ငါးကိုလည်း ပြောင်းလဲစားသုံးကြည့်သင့်ပါတယ်။ သံပုရာသီး၊ ကြက်သွန်၊ သံလွင်ဆီလေး ထည့်သုတ်လိုက်ရင် အရသာရှိတဲ့ အသုတ်တစ်ပွဲဖြစ်သွားမှာပေါ့။

ပန်းပွင့်စိမ်း၊ ၀က်ပေါင်ခြောက်နဲ့ ပါစတာအရောအစပ်


ပေါ့ပေါ့ပါးပါးနဲ့ အရသာလည်းရှိတဲ့ နေ့လည်စာနောက်တစ်မျိုးကတော့ ပန်းပွင့်စိမ်းနဲ့ ငရုတ်ကောင်းမှုန့်တို့ပါဝင်တဲ့ ၀က်ပေါင်ခြောက်၊ ပါစတာ အရောအစပ်ပါပဲ။



( Michelle )

#သစ်ထူးလွင်(ကျန်းမာရေး)
#health.thithtoolwin.com

Ref : Eatingwell

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ