တုပ်ကွေးဗိုင်းရပ်စ် အသစ်ထွက်ပေါ်


တောင်ဖက်ပိုင်း ဒါကိုတာ ပြည်နယ်မှ သုတေသီBen Hause က ၂၀၁၁ တွင် ရောဂါဖြစ်ပွားနေ သောဖက်မှ ဗိုင်းရပ်စ်အသစ်တစ်မျိုး ကို တွေ့ခဲ့ပြီး ဆက်လက်သုတေသန လုပ်ခဲ့ရာ မူရင်းဇစ်မြစ်မှာ ကျွဲနွား များတွင် ဖြစ်ပွားသည့် ဗိုင်းရပ်စ် ဖြစ်ကြောင်း တွေ့ခဲ့ရပါတယ်။ အဲဒီ နောက်မှာတော့ သူရဲ့ doctrate သုတေသနအဖြစ် ယင်းဗိုင်းရပ်စ် အသစ်ကို လေ့လာခဲ့ပြီး ယခုအခါ မှာတော့ ကော်မတီမှနေပြီး မျိုးစိတ်သစ် Orthomyxo viradae ရဲ့ ဗိုင်းရပ်စ်အသစ် Influenza D Virus အဖြစ် တရားဝင် အမည်ပေး ခဲ့ပါတယ်။ ယင်းဗိုင်းရပ်စ်အသစ်ရဲ့ ဇီဝဖြစ်ပျက်ပုံ၊ မျိုးစိတ်နဲ့ ပြောင်းလဲ လာပုံတို့ကို လေ့လာဖို့ အမျိုးသား ကျန်းမာရေးအင်စတီကျူ မှ ဒေါ်လာ ၄၀၀၀၀၀ ထောက်ပံ့ပေးခဲ့ပါတယ်။

တုပ်ကွေးဗိုင်းရပ်စ် ဒီ Influenza D Virus က လူသားများတွင် ယခု အချိန်ထိ ရောဂါဖြစ်ပွားဒုက္ခပေးခြင်း မျိုး မရှိသေးသော်လည်း လူသားများ တွင် ဒုက္ခပေးနိုင်တဲ့ တုပ်ကွေးဗိုင်း ရပ်စ်မျိုး စိတ်ဟောင်း (Influenceza C Virus) နဲ့ ၅၀% တူညီမှု ရှိနေတဲ့အတွက် ဂရုစိုက်သင့်တဲ့ ဗိုင်း ရပ်စ်တစ်မျိုး ဖြစ်ပါတယ်။ သုတေ သနတွေ့ရှိချက်တွေအရ Influenceza D က တိုက်ရိုက် ထိတွေ့မှု ကတဆင့် ကူးစက်နိုင်ပြီး ပူးများကို လူသားများအစား စမ်းသပ်ရာ၌ အသုံးပြုနိုင်ကြောင်း သိရပါတယ်။ Influenceza D ပဋိဆန့်ကျင်ပစ္စည်းကို သိုးနဲ့ဆိတ်များရဲ့ သွေးနမူနာများ အတွင်း တွေ့ရပြီး ယင်းဗိုင်းရပ်စ်က ကြက်၊ ငှက်များကို ကူးစက်နိုင်ခြင်း မရှိသေးဟု သိရပါတယ်။ ဆက်လက် သုတေသန အဖြစ် ကျွဲ၊ နွားများတွင် ဖြစ်ပွားတဲ့ Influenceza D နဲ့ လူများတွင် ဖြစ်ပွားတှဲု့ည်ူကနညဖေ ဃ ရဲ့ ဖြစ်ပွားပုံကို ပူးများတွင် နှိုင်းယှဉ်လေ့လာကြည့်ဖို့ ဖြစ်တယ်လို့ သိရပါတယ်။

ဖိုးသောကြာ
Health Updates Journal
https://www.facebook.com/HealthUpdatesJournal/

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ