တစ်နေ့တာစွမ်းအင် အဆင့်မြင့်တက်လာစေမည့် သဘာဝနည်းငါးသွယ်


မောပန်း နွမ်းနယ်တာကြောင့် စွမ်းအင်တွေ လျော့ပါးနေရင် အချိန်တိုအတွင်း စွမ်းအင်အဆင့် မြင့်တက်လာစေဖို့ အောက်ပါသဘာဝနည်းတွေကို လိုက်နာသင့်ပါတယ်။

(၁) သင်နေထိုင်တဲ့ နေရာအဝန်းအဝိုင်းမှာ လိမ္မော်ရောင်၊ အဝါရောင်နဲ့ ခရမ်းရောင် တို့လို တောက်ပတဲ့ အရောင်တွေရှိနေပါစေ။ ဒီအရောင်တွေက စိတ်ခံစားမှုကို
မြင့်တက်စေပါတယ်။

(၂) တစ်နေ့ ၁၅ မိနစ်ခန့် နံနက်ခင်း နေရောင်ခြည်နုနုကို ခံယူပါ။ ဒီလို နေရောင်နုနုခံ ယူတာကြောင့် သင့်ခန္ဓာကိုယ်မှာ ဗီတာမင်ဒီနဲ့ ဆီရိုတိုနင်အထွက်တိုးစေပါတယ်။

(၃) လီမွန်သီး၊ လိမ္မော်သီးစတဲ့ အသီးရနံ့တွေ၊ ပက်ပါးမင့်ပူရှိန်းရနံ့တွေက သင်ရဲ့ အပြုသဘောဆောင်တဲ့ စိတ်ခံစားချက်တွေကို တိုးမြင့်စေနိုင်ပါတယ်။
(၄) ချဉ်ပြီးအေးမြတဲ့ အနံ့အရသာက သင့်ခံတွင်း၊ လည်ချောင်းနဲ့ နှာခေါင်းတစ်လျှောက်ရှိ နာ့ဗ်ကြောတွေကို လှို့ဆော်ပေးပြီး ဦးနှောက်ရဲ့ လုပ်ဆောင်မှုတွေကို ကောင်းမွန်စေ ပါတယ်။

(၅) ပီကေဝါးတာက ကြွက်သားတင်းအားကို ပြေလျော့စေပြီး သင့်ကိုတက်ကြွမှုရှိစေကာ နာ့ဗ်ကြောစနစ်ကို လှုံ့ဆော်ပေးနိုင်စွမ်းရှိပါတယ်။

Healthcare.com.mm သင့်ကျန်းမာရေး စောင့်ရှောက်ပေး
Credit:ခိုင်ဇွန်ဦး (ဆေးဝါးတက္ကသိုလ်)

Myawady Health
https://www.facebook.com/pg/myawadyhealth

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ