ဆန်းကျယ်ပြင်းထန်သည့်အိပ်မက်ဆိုးများက ဦးနှောက်ရောဂါရရှိနိုင်ခြေရှိသည့် နိမိတ်လက္ခဏာများ ဖြစ်နိုင်


ထူးခြားဆန်းကျယ်ပြီး ပြင်းထန်ဆိုးဝါးလှည့်အိပ်မက်များကို မကြာခဏမြင်မက်နေခြင်းသည် ဦးနှောက်နှင့် အာရုံကြောရောဂါ ဖြစ်ပွားနိုင်ခြေရှိကြောင်း ညွှန်နေသည့်နိမိတ်လက္ခဏာများဖြစ်နိုင်ပြီး အယ်လ်ဇိုင်းမား ရောဂါ၊ ပါကင်ဆန်ရောဂါ အစရှိသည့် ဝေဒနာများကို ခံစားရနိုင်ကြောင်း အမေရိကန်ပြည်ထောင်စု၊ Minneapolis မြို့ မှ အိပ်စက်မှု ပုံမှန်ခြင်းဆိုင်ရာ သုတေသနစင်တာ Minnesota Regional Sleep Disorders Centre မှ သုတေသီ Carlos Schenck က ပြောပြသည်။

အိပ်မက်ဆိုးတွေ မကြာခဏမက်တယ်၊ ပြင်းထန်ကြမ်းတမ်းတဲ့အိပ်မက်တွေ မက်နေတယ်ဆိုရင် ဦးနှောက် ယိုယွင်းမှု၊ အာရုံကြောပျက်စီးမှု စတင်နေတဲ့ နိမိတ်လက္ခဏာတွေဖြစ်တာကိုတွေ့ ရပါတယ်။ အချိန်မှီ ဆေး ကုသမှုခံယူခြင်းဖြင့် ဦးနှောက်ပျက်စီးမှု ဖြစ်ပွားမယ့်အချိန်ကို နောက်ကျစေနိုင်သလို အမှန်တစ်ကယ်ခံစား ရရင်လည်း ရောဂါသိပ်မပြင်းထန်အောင် ကာကွယ်နိုင်မှာဖြစ်ပါတယ်ဟု Schenck က ပြောပြသည်။

အိပ်မက်ဆိုးတွေမက်တာနဲ့  ဦးနှောက်ယိုယွင်းပျက်စီးတာနဲ့ ဆက်နွယ်မှုရှိတယ်ဆိုတာ သေချာပါတယ်။ ဘယ်အတိုင်းအတာအထိဆက်နွယ်မှုရှိတယ်ဆိုတာကို ဆက်လက်စူးစမ်းလေ့လာနေပါတယ်။ အိပ်မက်ဆိုး မက်လေ့ရှိတဲ့ လူနာတွေရဲ့  ၈၀ ကနေ ၉၀ ရာခိုင်နှုန်းလောက်က ဦးနှောက်နဲ့ အာရုံကြော ချို့ ယွင်းတဲ့ ဝေဒနာကို ခံစားကြရတာ တွေ့ ရပါတယ် ဟု ၄င်းက ဆက်လက်ပြောပြသည်။

 အိပ်မက်မက်ပုံ မူမှန်သည့်ဝေဒနာကို REM Sleep Behaviour Disorder (RBD) ဟု ခေါ်ဆိုကြောင်း၊ အိပ် မက်ထဲတွင် ကြုံသည့်အတိုင်း အိပ်နေသူကို လှုပ်ရှားစေကြောင်း၊ ကန်ကျောက်ခြင်း၊ လက်သီးဖြင့်ထိုးခြင်း၊ အော်ခြင်း၊ ဒေါသတကြီး အိပ်ယာမှခုန်ထခြင်း၊ အတူအိပ်နေသူကို အိပ်မက်ထဲတွင် တိုက်ခိုက်သည့်အတိုင်း တိုက်ခိုက်ခြင်းတို့ ကို ပြုလေ့ရှိကြောင်း သိရသည်။ ထိုကဲ့သို့ ဖြစ်ဖန်များလာလျင် သာမန် တိုက်ဆိုင်မှု တစ်ခုမဟုတ်တော့ဘဲ ဦးနှောက်နှင့်အာရုံကြော ချို့ ယွင်းစ ပြုလာသည့်သဘောဖြစ်ကြောင်း၊ အသက် ကြီးသည်ဖြစ်စေ၊ ငယ်သည်ဖြစ်စေ၊ ပေါ့ဆကာမနေဘဲ ဆေးကု သမှု ချက်ခြင်းခံယူခြင်းဖြင့် ရေရှည်တွင် ပြန်လည်ကုသမရအောင် ဦးနှောက်နှင့်အာရုံကြောပျက်စီးသည့် ဒဏ်ကို ခံနိုင်မည်ဖြစ်ကြောင်း သိရသည်။

ရတနာပုံ သတင်းစာ
https://www.facebook.com/pg/yadanabonnewspaper

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ