နာတာရှည်စိတ်ဖိစီးမှုကြောင့် အာရုံကြောများ ဆက်သွယ်မှုလျော့ကျနိုင်


ကာလကြာရှည် ဖိစီးမှုဒဏ် ခံခဲ့ရတဲ့ ကြွက်တွေရဲ့ဦးနှောက်မှာ စိတ်ဖိစီးမှုကြောင့် မိမိကိုယ်ကို သတ် သေခဲ့တဲ့လူတွေရဲ့ ဦးနှောက်မှာတွေ့ ရတဲ့ transglutaminase 2 (TG 2) ပမာဏမြင့်တက်နေတာ တွေ့ခဲ့ရပါ တယ်။ TG 2 ပမာဏ မြင့်တက်နေ ခြင်းက နူရွန်(အာရုံကြောခေါင်း)များ ဖွံ့ဖြိုးမှုလျော့ကျလာခြင်း ၊စိတ်ကျ ဝေဒနာကဲ့သို့ လက္ခဏာများနှင့် အာရုံကြောများ အာဟာရဖြည့်ပေး တဲ့ မော်လီကျူး (TrKB) ပမာဏကို မြှင့်တင်ပေးခြင်းအားဖြင့် စိတ်ကျ ဝေဒနာကဲ့သို့ လက္ခဏာများသက်သာ သွားတာ တွေ့ခဲ့ရတယ် လို့ Nautre ဂျာနယ် Molecular Psychiatry ကဏ္ဍမှာ ဖော်ပြခဲ့ပါတယ်။

 သုတေသီ တွေက တိရစ္ဆာန်ငယ်လေးတွေမှာ ဆေး(သို့) ဗိုင်းရပ်စ် တို့ကိုသုံးပြီး TG 2 ပမာဏကို တိုက်ရိုက်လျော့ကျစေတဲ့ အခါ၊ အာရုံကြောများ အာဟာရဖြစ် စေမယ့် အချက်ပြမှုပိုမိုဖြစ်ပွားပြီး စိတ်ကျဝေဒနာ လက္ခဏာတွေကို သက်သာစေတာ တွေ့ရတယ်။ ဒါ့ အပြင် တိရစ္ဆာန်ငယ်လေးတွေမှာ စိတ်ဖိစီးမှု ဟော်မုန်းထိုးပေးခြင်း သို့မဟုတ် ရက်သတ္တပါတ်ပေါင်းများ စွာ ဖိစီးမှုနဲ့ကြုံရတဲ့အခါ ဦးနှောက် တွင်း TG 2 ပမာဏတွေ မြင့်တက် လာတာ တွေ့ခဲ့ရပါတယ်။ အထူး သဖြင့်တော့ အတွေးပေါင်းများစွာနဲ့ ဆုံးဖြတ်ချက်တွေကိုချတဲ့ ဦးနှောက် အပိုင်းမှာ TG 2 ပမာဏတွေ ပိုမြင့်တက်လာပါတယ်။ Serotonin ကတော့ စိတ်ခံစားချက်ကို ထိန်းရာ မှာအဓိကကျတဲ့ အာရုံကြောအချက် ပြမှုများကို ပို့ဆောင်ပေးပါတယ်။ စိတ်ကျ ဝေဒနာခံစားနေရတဲ့သူတွေ မှာ ဦးနှောက်က Serotonin အချက်ပြ မှုနည်းနေတဲ့အတွက် သွေးတွင်း Serotonin ပမာဏက များနေပါ တယ်။ WHO မှ စစ်တမ်းတွေအရ ကမ္ဘာတစ်လွှားမှာ စိတ်ကျဝေဒနာ ကြောင့် မစွမ်းမသန်ဖြစ်နေသူပေါင်း သန်း ၃၅၀ ကျော် ရှိနေတယ်လို့ သိရပါတယ်။ှSerotonin ကို ဆဲလ် အမျိုးမျိုးက ထုတ်လုပ်နိုင်ပေမယ့် အများစုကတော့ ထူးဆန်းစွာပဲ အူမှ ထုတ်ပေးတာ ဖြစ်ပါတယ်။ နူရွန်တွေ ကတော့ ကိုယ်တိုင်မထုတ်နိုင်ပါဘူး။ ဦးနှောက်အတွက် အာဟာရဖြစ်စေမယ့် BDNF မော်လီကျူးတွေကို ဦးနှောက်ဆဲလ် Astrocytes တွေက နေ ထုတ်လုပ်ပေးပြီး စိတ်ကျဝေဒနာ ခံစားနေရသူ တွေမှာ တော့ BDNF ပမာဏလျော့ ကျနေတတ်ပါတယ်။ ဒါ့အပြင် စိတ်ကျဝေဒနာခံစားနေရတဲ့ သူတွေမှာ အထက်ကဖော်ပြခဲ့တဲ့ မျှခြေတစ်ရပ်လုံး ပျက်ပြားနေပြီး မြင့်တက်လာတဲ့ TG 2 ပမာဏက Serotonin ကို လျော့ကျစေကာ အာရုံကြောများ အချင်းချင်း ဆက်သွယ်မှုကို လျော့ကျစေပါတယ်။ သုတေသနမှာ စိတ်ကျဝေဒနာကုထုံး ကို လက်ရှိကုထုံးတွေအတိုင်း Serotonin ပမာဏ မြင့်တက်စေရုံ သာမက ဦးနှောက်ဆဲလ်များ အာဟာရဖြစ်စေမယ့် BDNF ပမာဏကိုပါ RAG မော်လီကျူးကို သုံးပြီး မြင့်တက်စေရန် ပြုလုပ်ပေးခဲ့ ပါတယ်။ TG 2 က Serotonin ဟော်မုန်းကို RAC1 အဖြစ် ပြောင်းလဲစေပါတယ်။ RAC1 က ပရိုတင်းတစ်မျိုးဖြစ်ပြီး ယင်းက BDNF လက်ခံ၊ TrKB ပြန်လည် ဖြစ်ပေါ်လာစေရန် ကူညီပေးပါ တယ်။

ဒါ့ကြောင့် ကာလကြာရှည် ဖိစီးမှု ဝေဒနာခံစားခဲ့ရတဲ့သူတွေမှာ TG 2 ပမာဏ မြင့်တက်နေပြီး ယင်းကတစ်ဖန် ပြန်၍ RAC1ပမာဏကို လျော့နည်းစေကာ ရလဒ်အနေနဲ့ brain derived Neurotrophic factors (ဦးနှောက် အာရုံကြော အားဖြည့်ပေးသော မော်လီကျူးများ) အချက်ပြမှုပါ ရပ်ဆိုင်းသွားခဲ့ပါတယ်။
သုတေသန နောက်တစ်ဆင့် မှာတော့ TG 2 ပမာဏကို လျော့ကျ စေမယ့် ဆေးဝါးများကို ရှာဖွေသွား မယ်လို့ သိရပါတယ်။ သုတေသန အတွက် လက်ရှိမှာရှားပါးဗီဇရောဂါ ကြောင့် ကျောက်ကပ်ပျက်စီးမှုကို ကုသရာမှာသုံးတဲ့ cysteamine ဆေးကို အသုံးပြုခဲ့ပါတယ်။ ကံဆိုးစွာ ယင်းဆေးက အနံ့အသက်ဆိုးဝါးစေ တဲ့အတွက် ဝေဒနာရှင်အနေနဲ့ နေ့စဉ်အကြိမ်ပေါင်းများစွာ ရေချိုး နေရတာ တွေ့ရပါတယ်လို့ သိခဲ့ရပါ တယ်။

ဖိုးသောကြာ
Health Updates Journal
https://www.facebook.com/HealthUpdatesJournal/

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ