လေမပွစေအောင်ဒါတွေရှောင်


အစာမကြေလေပွသောရောဂါသည် အဖြစ်နည်းသောရောဂါအမျိုးအစားတွင်ပါဝင်သော်လည်း၊ ကျား-မအရွယ်သုံးပါးမရွေး နွေမိုးဆောင်း ဥတုရာသီမရွေးဖြစ်လေ့ရှိကြပြီး မအီမလည်ဖြင့် အလွန်ခံ ရခက်သည့်ဝေဒနာမျိုးဖြစ်သည်။ အချို့သူများတွင် မွေးရာပါဝဋ်နာ ကံနာရောဂါအဖြစ်ပါလာကြသလို အချို့ကလည်း ကျန်းမာရေးဗဟုသုတအားနည်း၍ အနေအစားမမှန်ခြင်းကြောင့် လေပွရောဂါစွဲ ကပ်လာကြသည် ။ လေပွခြင်းကြောင့် ဗိုက်ကြီးဖောင်းပူနေတတ်ပြီး နာတာရှည်ဖြစ်လာပါက နောက်ဆက်တွဲရောဂါများအဖြစ် အသည်း၊ နှလုံးတို့ကိုထိခိုက်လာစေနိုင်သည်။ ထို့ကြောင့် လေပွခြင်း ကင်းဝေးအောင် အမေရိကန်ဆေးသုတေသီများက အောက်ပါအတိုင်းအကြံပြုထားကြသည်။
ဝမ်းမချုပ်ပါစေနှင့် ရေသောက်နည်းခြင်း၊ ကိုယ်လက် လှုပ်ရှားမှုမရှိခြင်းနှင့် အမျှင်ဓာတ်ပါသော အစာစားလေ့မရှိခြင်းတို့က လေပွခြင်းကို ဖြစ်ပေါ်စေပါသည်။ ထို့ကြောင့် အရွယ် ရောက်သူတိုင်း တစ်နေ့လျှင် ရေခြောက် ခွက် သို့မဟုတ် ရှစ်ခွက်သောက်ပါ။ ရက်သတ္တတစ်ပတ်လျှင် ငါးရက်မျှတစ်နေ့ လျှင် အနည်းဆုံးနာရီဝက်ခန့် လေ့ကျင့် ခန်းလုပ်ပါ။ အမျှင်ဓာတ်များသော အစား အစာများကို အမျိုးသမီးများ တစ်နေ့လျှင် ၂၅ ဂရမ်၊ အမျိုးသားများ ၃၈ ဂရမ်စား ပေးပါ။

အစားအစာဓာတ်မတည့်ခြင်း
အချို့သောသူများသည် မွေးရာပါ အစားအစာအချို့နှင့် ဓာတ်မတည့်တတ် ကြဘဲ အော့အန်ခြင်းနှင့် လေပွ၍ဗိုက်ပူ ဖောင်းခြင်းတို့ ဖြစ်တတ်၏။

မြန်မြန်မစားပါနှင့်
အစားအစာများကို မြန်မြန်ဝါးပြီး မျိုချခြင်းက ဗိုက်ထဲတွင် လေဟာနယ် များဖြစ်ကာလေပွစေပါသည်။ ဖြည်းဖြည်း နှင့်မှန်မှန် ကျေညက်စွာ ဝါးမျိုချခြင်းက အစားအစာ၏ အရသာပေါ်လွင်၍ တင်း တိမ်ရောင့်ရဲစေကာ နောက်ထပ်အစာစား လိုစိတ်ကိုလည်း ချိုးနှိမ်ပေးပါသည်။

ကာဗွန်ဒိုင်အောက်ဆိုဒ် ဖျော်ရည်များ မသောက်ပါနှင့်
လတ်လတ်ဆတ်ဆတ် သစ်သီးဖျော် ရည်သောက်သုံးခြင်းက အရသာရှိသလို အာဟာရလည်းဖြစ်စေမှာပါ။ သို့သော် တာရှည်ခံအောင် ကာဗွန်ဒိုင်အောက်ဆိုဒ် ထည့်သွင်း၍ ပြုပြင်ထားသော သစ်သီး ဖျော်ရည်များနှင့် အမြှုပ်တစီစီထနေသော အသင့်သောက်အချိုရည်များသည် လေပွ ၍ ဗိုက်ပူစေတတ်၏။ ပင်စိမ်းရွက်လက် ဖက်ခြောက်ခတ်၍ သောက်သုံးခြင်းက ပူရှိန်းရှိန်းအရသာဖြင့် အစာကြေပြီး လန်းဆန်းပေါ့ပါးလာစေသလို ဝမ်းဗိုက် အဆီများကိုလည်း ချပေးပါသည်။

ပီကေလျှော့စားပါ
ပီကေဝါးခြင်းသည် လေများကိုမျို ခြင်းဖြစ်၍ ဗိုက်ပွစေသည်။ အကယ်၍ ပီကေစွဲလမ်းနေပါက အမျှင်ဓာတ်များ သော သစ်သီးဝလံ သို့မဟုတ် အဆီ ဓာတ်နည်းသော ပြောင်းဖူးပေါက်ပေါက် တို့ဖြင့် အစားထိုးဝါးစားပါ။

သကြားမစားပါနှင့်
အချိုဓာတ်ရစေရန် သကြားဖြင့် ပြု ပြင်ပြောင်းလဲထားသော မုန့်မျိုးစုံနှင့် အချိုရည်တို့ကို တစ်နေ့နှစ်ကြိမ်ထက် ပိုမစားသင်ပေ့။

ဆိုဒီယမ်လျှော့စားပါ
လူတစ်ဦးသည်တစ်နေ့လျှင်ဆိုဒီယမ် ၅ဝဝ မီလီဂရမ်ထက် ပိုမိုမစားသင့်ပါ။ တာရှည်ခံအောင်ပြုပြင်ထားသော အသား ဘူး၊ သစ်သီးဘူးအပါအဝင် စည်သွတ် ဘူးအမျိုးမျိုးနှင့် အေးခဲအောင်ပြုလုပ်ထား သော အစားအစာများတွင် ဆိုဒီယမ်ဒြပ် စင်ပါဝင်လေ့ရှိသည်။

လေပွစာများကိုရှောင်ပါ
လေပွခြင်းကိုအားပေးသော အစာ များဖြစ်သည့် ဘရိုကိုလီ၊ ပဲပြုတ်၊ ပဲပင် ပေါက်၊ ဂေါ်ဖီ၊ ပန်းဂေါ်ဖီ၊ ဖရဲသီး၊ သခွားသီး၊ ချဉ်ပေါင်ရွက်၊ ကင်ပွန်းချဉ် ရွက်၊ ဘဲငန်းသား စသည့်အအေးစာတို့ကို ရှောင်ပါ။
နည်းနည်းနှင့် မကြာမကြာစားပါ။
တစ်နေ့တာအတွက် ထမင်းကြီး သုံးနပ်အစား၊ တစ်နေ့လျှင် ခြောက်ကြိမ် မျှ မကြာခဏ အဆာပြေရုံစားပေးခြင်း ဖြင့် ဗိုက်အောင့်လေပွခြင်းမှသက်သာ စေသည့်အပြင် သွေးထဲရှိသကြားပမာဏ နှင့် ကိုယ်အလေးချိန်တို့ကိုပါ ထိန်းသိမ်း ရာရောက်ပါသည်။

လေနိုင်စာများကိုစားပါ
ချင်း၊ နာနတ်သီး၊ ဒိန်ချဉ်၊ ချိစ်နှင့် တရုတ်နံနံပင်တို့တွင် သဘာဝ probiotics (ခေါ်)အစာကြေ အကျိုးပြုဘက်တီး ရီးယားများပါရှိသဖြင့် ၄င်းတို့ကိုလေနိုင် ဆေးဓာတ်စာအဖြစ် မှီဝဲသင့်ပါသည်။

ပေါက်ပေါက်
The Union Daily
https://www.facebook.com/pg/uniondaily.net

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ