ဗိုက်ခွဲမွေးဖွားခြင်းကြောင့် ကလေးငယ်များတွင် အ၀လွန်ခြင်းဖြစ်ရန် အခွင့်အလမ်းများ


သဘာဝမဟုတ်သည့် နည်း လမ်းဖြင့် မွေးဖွားလာသည့် (၀ါ) ဗိုက်ခွဲမွေးဖွားလာသည့် ကလေးငယ် များသည် သဘာဝနည်းလမ်းအတိုင်း မွေးဖွားလာသည့် မွေးချင်းများနှင့် နှိုင်းယှဉ်ပါက အ၀လွန်ရန် အလား အလာပိုများကြောင်း လေ့လာမှု တစ်ခုအရ ဆိုလိုက်ပါသည်။ ယင်း ကဲ့သို့ တွေ့ရှိမှုသည် အမေရိကန် နိုင်ငံလိုမျိုး တစ်နှစ်ခွဲမွေးနှုန်း ၁.၃ သန်း နီးပါးခန့် ရှိသောနိုင်ငံများ အတွက် သိသာသော အကျိုးသက် ရောက်မှုများ ရှိလာနိုင်ဖွယ်ရှိသည်။ လေ့လာမှုတွင် အမျိုးသမီး ၁၅၂၇၁ ယောက်တို့မှ မွေးဖွားသော ကလေး ၂၂၀၆၈ ယောက် ပါဝင်ခဲ့ပြီး ယင်းတို့ ထဲမှ ၄၉၂၁ ယောက် (၂၂.၃) ရာခိုင်နှုန်းမှ ဗိုက်ခွဲမွေးဖွားခဲ့ခြင်းဖြစ် သည် ။

တွေ့ရှိချက်အရ ယင်းကဲ့သို့ ဗိုက်ခွဲမွေးဖွားခဲ့သော မိခင်များသည် ကိုယ်ဝန်မဆောင်မီ ကတည်းကပင် ကိုယ်အလေးချိန် အညွှန်းကိန်း ဘီအမ်အိုင် (ြှာု) များနေသူများ ဖြစ်ပြီး ကိုယ်ဝန်ဆောင် ဆီးချိုရောဂါ၊ သွေးတိုးရောဂါနှင့် ကိုယ်ဝန်ဆိပ် တက်ခြင်းတို့ ပိုပိုဖြစ်နိုင်ရန် ပိုများ ကြောင်း တွေ့ရှိခဲ့ကြသည်။ ဒါ့အပြင် ဗိုက်ခွဲမွေးဖွားခြင်းကြောင့် မွေးလာ သည့် ကလေးတွင်လည်း အ၀လွန် ခြင်းအန္တရာယ်၏ ၁၅ ရာခိုင်နှုန်း ပိုများနေသည်ကို သဘာဝအတိုင်း မွေးဖွားသည့် ကလေးငယ်များနှင့် နှိုင်းယှဉ်ပြီး တွေ့ရှိခဲ့သည်။

Dr.A.Z
Health Updates Journal
https://www.facebook.com/HealthUpdatesJournal/

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ