နာကျင်မှုဝေဒနာနဲ့ ရာသီဥတု


မန်ချက်စတာ တက္ကသိုလ်မှ လုပ်ခဲ့တဲ့ သုတေသနတစ်ခုအရ နာတာရှည်နာကျင်ကိုက်ခဲမှု ဝေဒနာ ခံစားနေရတဲ့သူတွေမှာ ရာသီဥတု အခြေအနေနဲ့ နာကျင်ကိုက်ခဲမှု ပမာဏဆက်စပ်မှု ရှိတာကို တွေ့ခဲ့ရ ပါတယ်။ လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၅၀၀ က ဂရိသမားတော်ကြီး ဟစ်ပိုခရေး တီးစ်က ရာသီဥတုနဲ့ နာကျင်ကိုက်ခဲ မှု၊ ကြားဆက်စပ်မှု ရှိနိုင်တာကို စတင်သတိပြုမိခဲ့ပါတယ်။ သုတေ သနအတွက် နာတာရှည်နာကျင် ကိုက်ခဲမှု ဝေဒနာခံစားနေရတဲ့ နာ တာရှည်အဆစ်ရောင်ရောဂါ၊ ခါးနာ ရောဂါနဲ့ ခေါင်းတခြမ်းကိုက်ဝေဒနာ သည် ထောင်ပေါင်းများစွာကို လ ပေါင်းများစွာ အဆက်အသွယ်မပြတ် စေဘဲ သူတို့ရဲ့ဝေဒနာလက္ခဏာတွေ နဲ့ ရာသီဥတုအကောင်းအဆိုးတို့ကြား ဆက်သွယ်မှုကို သုတေသနလုပ်ခဲ့ပါ တယ်။ ပါဝင်သူတွေက လိဒ်၊ နော်ဝှစ် ချိနဲ့ လန်ဒန်တ၀ိုက်က လူတွေပါဝင် ခဲ့ပါတယ်။

ယင်း ၁၈ လ ကြာ ပရောဂျက်ကို Cloudy with A Chance of Pain လို့ အမည်ပေး ထားပြီး ယခုအခါမှာ သုတေသန လုပ်ငန်းစဉ် တစ်ဝက်ခန့် ပြီးစီးနေပြီ ဖြစ်ပါတယ်။ ပါဝင်သူတွေအနေနဲ့ မိုဘိုင်းအပလီကေးရှင်း တစ်ခုတွင် စာရင်းသွင်း ၀င်ရောက်ထားပြီး ယင်းတို့ရဲ့ ဝေဒနာလက္ခဏာကို မှတ်တမ်းတင်ပေးရမှာ ဖြစ်ပါတယ်။ ယင်းအပလီကေးရှင်းက ပါဝင်သူတွေ ဘယ်နေရာမှာရှိနေမယ်၊ ယင်းဒေသ ရဲ့ ရာသီဥတုအခြေအနေ အတိအကျ ကို လူနာအနေနဲ့သူရဲ့ဝေဒနာကို အွန်လိုင်းတွင် ၀င်ရောက်ဖြည့်စွက် တဲ့အခါ အလိုအလျောက် မှတ်ပေး သွားမှာ ဖြစ် တယ်လို့သိရပါတယ်။ ရလဒ်တွေအရမှာတော့ နေသာတဲ့ နေ့တွေများတဲ့ ဖေဖော်ဝါရီကနေ ဇွန်လအတွင်းမှာ နာကျင်မှုဝေဒနာခံစားရခြင်းနည်းပြီး ဇွန်လထဲမှာပင် မိုးရွာတာများပြီး နေသာချိန်နည်းတဲ့ နေ့တွေမှာတော့ နာကျင်မှုဝေဒနာ ခံစားရမှု မြင့်တက်လာတာကို တွေ့ရ ပါတယ်။

သုတေသီတွေကတော့ ယင်းရာသီဥတုနဲ့ နာကျင်မှုဝေဒနာ ကြား ဆက်စပ်မှုသဘောတရားရဲ့ နောက်ခံအချက်ကတော့ ဖိအားများ ပဲဖြစ်ပြီး ယင်းဖိအားများက အဆစ် အမြစ်တွေမှာရှိတဲ့ အရည်တွေကို နေရာ ပြောင်းသွားစေတာကြောင့် ဖြစ်တယ်လို့ဆိုပါတယ်။ ဥပမာ အားဖြင့် ပတ်ဝန်းကျင်မှာ လေဖိအား တွေနည်းလာတဲ့အခါ မိုးရွာခြင်း ဖြစ်ပွားပါတယ်။ တစ်ချိန်တည်းမှာပဲ ပတ်ဝန်းကျင် ဖိအားတွေနည်းသွားတဲ့ အခါ အဆစ်အမြစ်တွေ နာကျင်ခြင်း က ဆိုးလာပါတယ်။ အဲဒီတော့ လူတွေက သူတို့ရဲ့အဆစ်အမြစ်တွေ နာကျင်ရတဲ့တရားခံက ရာသီဥတုဆိုး လို့ကို လွဲမှားစွာ မှတ်ယူသွားကြတာ ပါလို့ ရှင်းပြခဲ့ပါတယ်။ ဒါ့အပြင် သုတေသီတွေက ယင်းကဲ့သို့ရာသီ ဥတုရဲ့ နာကျင်မှုအပေါ် သက်ရောက် ခြင်းကို နားလည်ခြင်းအားဖြင့် နာကျင်မှုအတွက် ကုထုံးသစ်တွေကို ရှာဖွေရာ၌ အထောက်အကူပြုနိုင် လိမ့်မည်ဟု ဆိုခဲ့သည်။

ဖိုးသောကြာ
Health Updates Journal
https://www.facebook.com/HealthUpdatesJournal/

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ