Mid Back Pain ကျောလယ်ကနာခြင်း


ဆရာခင်ဗျား ကျွန်တော်လည်း ကျောရိုးနာနေတာ ကြာနေပါပြီ။ အထူးကုတော်တော်များများနဲ့လည်းပြပြီးပါပြီ။ ဆေးမျိုးစုံ သောက်ခဲ့ပါတယ် မထူးခြားတာရယ် ဆေးတွေကပြင်းတာရယ်ကြောင့် လေ့ကျင့်ခန်းနဲ့ပဲသက်သာအောင်နေနေရတယ်။ Internet မှာရှာကြည့်တော့ mid back pain ပုံစံဖြစ်မယ်ထင်တယ်ဆရာ။ ဘယ်လိုကုရမယ်လေး အကြံပြုပါအုံးဆရာ။

Upper and middle back pain လို့လဲခေါ်တယ်။ လည်ပင်းအောက်နဲ့ခါးကြား ရင်ခေါင်းပိုင်းမှာနာတာဖြစ်တယ်။ မတော်တဆထိခိုက်ရာကနေဖြစ်တတ်တယ်။ အဲဒီနေရာကို တခြားနည်းကြောင့်လဲ ထိခိုက်နိုင်တယ်။ ရှေ့ကနံရိုးကို ထိခိုက်ရာနေ နောက်ဖက်ဆီမှာ နာတာလဲရှိတယ်။

အသုံးပြုတာများလို့၊ ကြွက်သားနာလို့နဲ့ (ကြွက်သား + အရွတ် + ကျောရိုးဆစ်) ကို ထိခိုက်မိလို့ကနေ ဖြစ်စေနိုင်တယ်။ ကိုယ်အနေအထားမသင့်တာကို သတိထားရမယ်။ Herniated disc ကျောရိုးမကြီးဆိုတာ အရိုးလေးတွေ တခုပြီးတခု ဆင့်ထပ်ထားတာ။ အရိုးလေးတွေကြားက အရွတ်ကို အဆစ်လို့ခေါ်တယ်။ သူတို့နောက်နေရာမှာ အထက်အောက် ပြွန်ခေါင်းလိုနေရာရှိတယ်။ အဲဒီထဲမှာ ဦးနှောက်ကနေဆက်ဆင်းလာတဲ့ အာရုံကြောမကြီးရှိတယ်။ အဲဒီ အာရုံကြောမကြီးကနေ အာရုံကြောလေးတွေက အဆစ်ကြားတိုင်းမှာ သစ်ကိုင်းထွက်သလိုဖျာထွက်နေကြတယ်။ တကယ်လို့ ကျောရိုးကြားအဆစ်က နောက်ဖက်ကို ကျွံထွက်လာပြီး အာရုံကြောလေးတွေကိုဖိမိနေရင် အဲဒီအာရုံကြော အလုပ်လုပ်ပေးတဲ့ နေရာတွေမှာ သက်ရောက်မှုတွေ ခံစားရမယ်။

ကျောရိုး ကျိုး-ကွဲတာကနေလဲ အဲလိုခံစားရနိုင်တယ်။ Osteoarthritis အရိုးအဆစ်ရောင်ရမ်းခြင်းကနေလဲဖြစ်နိုင်တယ်။ အရိုးနုလေးတွေပျက်စီးရာကနေဖြစ်တာ။ ကြွက်သား + အရွတ်ပြားနာခြင်းဆိုတာ တွယ်ဆက် တရှူးလေးတွေကို ထိခိုက်လို့ ဖြစ်ရတာ။ နည်းနည်းပါးပါးဖြစ်နိုင်တာတွေကတော့ သည်းခြေကျောက်၊ ကင်ဆာနဲ့ ပိုးဝင်တာတွေကနေ ဖြစ်နိုင်တယ်။ Spinal stenosis ကျောရိုးထဲ အာရုံကြောမကြီးဆင်းတဲ့ လှိုင်ခေါင်းကကျဉ်းနေရင်လဲဖြစ်မယ်။

နာပုံနာနည်းက သတ်သတ်မှတ်မှတ်ရှိတတ်တယ်။ ဆက်တိုက်နာမယ်၊ နာလွန်းတယ်၊ တိုးတိုးနာမယ်။ လည်ပင်း၊ ပခုံး၊ နံရိုးနေရာတွေမှာပါ နာနိုင်တယ်။ နာလွန်းလို့ အသက်ပြင်းပြင်းရှူတဲ့အခါ ခက်စေနိုင်တယ်။ နှာခြေ ချောင်းဆိုးတဲ့အခါ ပိုဆိုးတယ်။ ကိုယ်အောက်ပိုင်းမှာ အားနည်းတာပါရှိသူမှာ ကျောရိုးသွားအာရုံကြောကြီးကို ဖိထားခံရလို့ဖြစ်တယ်။ ဆီး-ဝမ်း သွားရတာကိုပါ သက်ရောက်နိုင်တယ်။

ဖြစ်နေသူတွေကို လေ့လာဆန်းစစ်တဲ့အခါ
• တချီနာရင် ၇ ရက်ကြာသူ = 0.5-51.4%
• ၁ လကြာနာသူ = 1.4-34.8%
• ၃ လ ကြာနာသူ = 4.8-7.0%
• ၁ နှစ်ကြာသူ = 3.5-34.8%
• တသက်လုံးနာနေတော့သူ = 15.6-19.5%
• တခါသာနာဘူးသူ= 4.0-72.0% ရှိတာတွေ့ရတယ်။

အသက်ငယ်သူတွေနဲ့ အမျိုးသမီးတွေမှာပိုဖြစ်ကြတာလဲတွေ့ရတယ်။ လူနေမှုပုံစံကြောင့်ဖြစ်ကြရသူမနည်းပါ။ အနေအထိုင်ပုံစံမမှန်တာ၊ ကျောပိုးအိတ်အမြဲလွယ်ရတာ။ ထိခိုက်မိတာ။ လူနာ ၁ဝဝဝ မှာ ၅ ယောက်က ကျောရိုးအဆစ်ကျွံလိုဖြစ်ကြရတယ်။

ကုသနည်း
• အလိုလိုလဲ ပျောက်နိုင်တယ်။
• Pain management နာတာကိုစောင့်ရှောက်ပေးခြင်း၊
• Resolving the condition ဖြစ်စေတဲ့အကြောင်းခံကို ကုသပေးခြင်း၊
• Medication ဆေးပေးနည်း၊ (အနာသက်သာဆေးအမျိုးမျိုး ရေးထားပါတယ်)၊
• Exercise လေ့ကျင့်ခန်းလုပ်ခြင်း၊
• Physical therapy or aquatic therapy ဖိဇစ်ကယ်သာရာပီနည်း။
• Imaging-guided intra-articular injection ဆေးထိုးနည်း
• Surgical treatment အဆစ်ကျွံတာကို ခွဲစိတ်ပြုပြင်ပေးနိုင်တယ်။

Bracing ခေါ်တဲ့ပတ် စည်းထားတာကိုသုံးနိုင်တယ်။ လှုတ်ရှားမှုကိုကန့်သတ်ပေးထားမယ်။ ဒီကြားထဲမှာ အနာပျောက် ဖြစ်စဉ်ကို အကူအညီပေးမယ်။ Cervical collar လည်ပင်းပတ်၊ Lumbar corset ခါးပတ်၊ Thoraco-Lumbo-Sacracl-Orthosis (ရင်ခေါင်း + ကျော + တင်ပါး) ပတ်တွေရှိတယ်။

တခြားနည်းတွေရှိတယ်။ အပ်စိုက်နည်း၊ ကိရိယာသတိပေးနည်း၊ ယောဂ၊ အနှိပ်နည်း။ အာမခံချက် မရေရာပါ။

ဒေါက်တာတင့်ဆွေ
https://www.facebook.com/drtintswe

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ