ဟော်မုန်းသားဆက်ခြားနည်းက စိတ်ကျဝေဒနာဖြစ်နိုင်ခြေပိုများ


အပြည်ပြည်ဆိုင်ရာ သုတေ သနကြီးတစ်ခုက ဟော်မုန်းအသုံးပြု သားဆက်ခြားနည်းလမ်း အသုံးပြုတဲ့ အမျိုးသမီးတွေမှာ စိတ်ကျဝေဒနာ ခံစားရနိုင်ခြေ များပြီး ဆယ်ကျော် သက်အရွယ်လေးတွေက အထိခိုက် နိုင်ဆုံး ဖြစ်တယ်လို့ သတိပေးခဲ့ပါ တယ်။ သုတေသနကို ကိုပင်ဟေဂင် တက္ကသိုလ်က လုပ်ဆောင်ခဲ့တာဖြစ် ပြီး ဆယ်ကျော်သက်နဲ့အရွယ်ရောက် ပြီး မိန်းကလေး၊ မီလီယံကျော်ရဲ့ ကျန်းမာရေးမှတ်တမ်းတွေကို စီစစ်ခဲ့ တာ ဖြစ်ပါတယ်။ ၂၀၀၀ မှ ၂၀၁၃ ကြာ အသက် ၁၅နှစ်မှ ၃၄ နှစ်အရွယ် အမျိုးသမီးတွေကို ပျမ်းမျှ ၆နှစ် လောက်ထိ စီစစ်ခဲ့တာ ဖြစ်ပါတယ်။

ရလဒ်တွေအရ ဟော်မုန်းသန္ဓေတား ဆေး မသုံးသူတွေထက် ဟော်မုန်း ပေါင်းစပ်သန္ဓေတားဆေး သုံးတဲ့သူ တွေက စတင်သုံးစွဲပြီး ပျမ်းမျှ ၆ လ အတွင်းမှာ စိတ်ကျရောဂါပျောက် ဆေး သုံးစွဲရနိုင်ခြေ ၂၃% ပိုများပြီး၊ progesterone တစ်မျိုးတည်းပါ သန္ဓေတားဆေး သုံးစွဲသူတွေက ၃၄% ပိုများနေတာ တွေ့ရပါတယ်။ ဒါ့အပြင် စိတ်ကျရောဂါဖြစ်နိုင်ခြေက ၁၅ နှစ်ကနေ ၁၉ နှစ်ကြား ပိုများပြီး၊ ဟော်မုန်းကပ်ခွာ၊ မိန်းမကိုယ်ထဲ ထည့်ကွင်း (သို့) သားအိမ်ထဲထည့်ရသည့် progesterone ဟော်မုန်းပါ သန္ဓေတားပစ္စည်း သုံးစွဲသည့် ဆယ် ကျော်သက် မိန်းကလေးတွေက အခြားမိန်းကလေးတွေထက် ၈၀% ပိုများတာ တွေ့ရပါတယ်။ ယင်း သုတေသနကိဲုJAMA စိတ်ပညာ ဂျာနယ်မှာ ဖော်ပြခဲ့ပါတယ်။ အမျိုး သမီးတွေက အရွယ်မရောက်မီမှာ စိတ်ကျဝေဒနာဖြစ်နိုင်ခြေ အမျိုး သားများနှင့်တူသော်လည်း နောက် ပိုင်းမှာ အမျိုးသားများထက် နှစ်ဆ ပိုများပါတယ်။ အမျိုးသမီးဟော်မုန်း အီစထရိုဂျင်နဲ့ ပရိုဂျက်စတီရုန်း အတက်အကျက သက်ရောက်မှု ရှိပါ တယ်။ သုတေသနမှာတော့ ပရိုဂျက် စတီရုန်း ပမာဏ မြင့်တက်လာတာက စိတ်ခွန်အား လျော့ကျလာတာနဲ့ ဆက်စပ်နေတာ တွေ့ခဲ့ရပါတယ်။

ဒါ ကြောင့် သုတေသီတွေက စိတ်ကျ ဝေဒနာခံစားဖူးတဲ့ အမျိုးသမီးတွေမှာ သားဆက်ခြားဖို့အတွက် ဟော်မုန်း သန္ဓေတားဆေးတွေ အစား အခြား နည်းတွေသာ သုံးသင့်တယ်လို့ အကြံ ပြုခဲ့ပါတယ်။ ဒါ့အပြင် ဆရာဝန်များ အနေဖြင့်လည်း မိမိလူနာတွေနဲ့ သားဆက်ခြားမှုအကြောင်း ဆွေးနွေး တဲ့အခါ စိတ်ကျဝေဒနာလက္ခဏာ ရှိသူတွေကို ဂရုပြုဆွေးနွေးရွေးချယ် သင့်ပါတယ်။ ဒါ့အပြင် အခြားအချက် တွေဖြစ်တဲ့ အမျိုးသမီးရဲ့ ပညာရေး၊ ပူးတွဲ မီးယပ်ရောဂါတွေကလည်း အမျိုးသမီးရဲ့ စိတ်ကျဝေဒနာဖြစ် နိုင်ခြေ ပိုများစေပါတယ်။ အရေးကြီး ဆုံးတစ်ချက်ကတော့ အမျိုးသမီးတွေ မှာ ဟော်မုန်းသားဆက်ခြား မပေးမီ ထက်ပေးပြီးပါက စိတ်ကျရောဂါ သောက်ဆေးတွေ သောက်ရနိုင်ခြေ ပိုများတာပါပဲလို့ သတိပေးခဲ့ပါ တယ်။

ဖိုးသောကြာ
Health Updates Journal
https://www.facebook.com/HealthUpdatesJournal/

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ