နို့ တိုက်မိခင်များ နှလုံခုန်ရုတ်တရက်ရပ်တန့် နိုင်ခြေ နည်းပါး


သားသည်မိခင်များ ကလေးကိုနို့ မှန်မှန်တိုက်ခြင်းဖြင့် ကလေးအတွက် ဘက်စုံအကျိုးရှိသည်ကဲ့သို့  နို့ တိုက်မိခင်တွင်လည်း နှလုံးခုန်ရုတ်တရက်ရပ်တန့် နိုင်ခြေကို နည်းပါးစေသည့်အကျိုးသက်ရောက် မှုကို တွေ့ ရကြောင်း အမေရိကန်နှလုံးအသင်းက ထုတ်ပြန်ကြေညာသည်။

အမေရိကန်နှလုံးအသင်းမှသုတေသီများက တရုတ်နိုင်ငံတွင် အမျိုးသမီးပေါင်း ၃ သိန်းဦးထက်မနည်း အား အနီးကပ်စောင့်ကြည့်လေ့လာခဲ့ပြီး ဖော်ပြပါအတိုင်း တွေ့ ရှိထုတ်ပြန်ကြေညာခဲ့ခြင်းဖြစ်ကြောင်း၊ မွေးကင်းစကလေးအား နို့ တိုက်ကျွေးနေသည့်လများတွင်လည်းကောင်း၊ ကလေးနို့ ပြတ်သွားသော် လည်း တစ်ချိန်က ကလေးကို နို့ တိုက်ကျွေးခဲ့ဖူးလျင်လည်းကောင်း၊ နှလုံးရောဂါဖြစ်ပွားနိုင်ခြေ နည်း သွားစေသည်ကိုတွေ့ ရသည့်အပြင် နှလုံးခုန်ရုတ်တရက်ရပ်တန့် နိုင်ခြေလည်း ကျဆင်းသွားခြင်း ဖြစ်ကြောင်း သုတေသီတစ်ဦးက ပြောသည်။ နို့ တိုက်မိခင်တွေမှာ နှလုံးရောဂါဖြစ်ပွားနိုင်ခြေနဲ့  လေဖြတ်နိုင်ခြေ ၁၀ ရာခိုင်နှုန်း ပိုနည်းပါတယ်။

 ကလေး ကို ဘယ်တော့မှနို့ မတိုက်ဖူးတဲ့မိခင်တွေမှာတော့ နှလုံးရောဂါဖြစ်နိုင်ခြေ၊ နှလုံးခုန်ရုတ်တရက် ရပ်တန့် နိုင်ခြေတွေကနေ လေဖြတ်နိုင်ခြေတွေလည်း ပိုမိုမြင့်မားတာကို တွေ့ ရပါတယ်။ သားသည် မိခင်တစ်ယောက်အနေနဲ့  ကလေးကိုနို့ တိုက်တဲ့ကာလ ပိုကြာရှည်လေ၊ နို့ တိုက်တဲ့အကြိမ်ရေများလေ အမေအတွက်ပိုအကျိုးရှိတာကိုတွေ့ ရပါတယ်။ အထူးသဖြင့် နှလုံးကျန်းမာရေးအပိုင်းမှာ သိသာပါတယ် ဟု ၄င်းက ဆက်လက်ပြောပြသည်။ မိခင်များအနေဖြင့် ကလေးကိုနို့ တိုက်လျင် နှစ်ဦးနှစ်ဖက်အကျိုးရှိလှသည့်အတွက် မူဝါဒရေးဆွဲသူများ အနေဖြင့် ၄င်းကိစ္စကို ကျယ်ပြန့် စွာဆောင်ရွက်ကြစေရန် တွန်းအားပေးသင့်ကြောင်း၊ မိသားတစ်စုမှ လူ့ ဘောင်လူ့ အသိုင်းအ၀ိုင်းများအထိ ကျယ်ပြန့် စွာ စိမ့်ဝင်ပျံ့ နှံ့ ရန်လိုအပ်ကြောင်း၊ မိခင်တိုင်း ကလေးကိုနို့ တိုက်ကျွေးလာအောင် ပညာပေးရမည်ဖြစ်ကြောင်း သုတေသီများက ထောက်ပြသည်။

 ယခုလေ့လာဆန်းစစ်မှုသည် တရုတ်နိုင်ငံတွင်သာပြုလုပ်ရသေးကြောင်း၊ တစ်ကမ္ဘာလုံးအတိုင်းအတာ ဖြင့် အကျိုးထူးပုံခြင်း တူ၊မတူ ဆက်လက်စမ်းသပ်ရဦးမည်ဖြစ်ကြောင်း၊ မည်သို့ ပင်ဆိုစေ၊ မွေးကင်းစ ကလေးကို မိခင်နို့ တစ်မျိုးတည်းသာတိုက်ကျွေးခြင်းသည် ဆိုးကျိုးနည်းလှပြီး ကောင်းကျိုးများဖြင့်သာ ပြည့်နေသောကြောင့် ကလေးကိုမိခင်နို့ တိုက်ခြင်းကို အားပေးသင့်ကြောင်း သိရသည်။

ရတနာပုံ သတင်းစာ
https://www.facebook.com/pg/yadanabonnewspaper

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ