ကာကွယ်ဆေးများကြောင့် ဖျားနာမှုအချို့ ဖြစ်နိုင်ကြောင်း ဥရောပတရားရုံး ဆုံးဖြတ်


သိပ္ပံအထောက်အထားခိုင်လုံမှုမရှိစေကာမူ ကာကွယ်ဆေးအထိုးခံပြီးမှ ဖျားနာမှုများဖြစ်ပွားလျင် အပြစ်သည်ကာကွယ်ဆေးတွင်ရှိသည်ဟူသည့်အဆိုကို ဥရောပသမဂ္ဂတရားရုံးက လက်ခံလိုက်ပြီဖြစ် ကြောင်း သိရသည်။ ယခင်ကကျန်းမာရေးကောင်းမွန်ပြီး မိသားစုကျန်းမာရေးရာဇ၀င်တွင်လည်း ရောဂါကြီးကြီးမားမားမရှိခဲ့သူတစ်ဦးသည်ကာကွယ်ဆေးတစ်မျိုးမျိုးအထိုးခံပြီးနောက်ပိုင်းတွင် ဖျားနာမှု သို့ တည်းမဟုတ် ရောဂါတစ်ခုခုကို ခံစားရလျင် ကာကွယ်ဆေးကြောင့်ဟု မှတ်ယူနိုင်ပြိး လိုအပ်လျင် ကာကွယ်ဆေး ထုတ်လုပ်သည့်ကုမ္ပဏီကို တရားစွဲဆိုလိုပါ စွဲဆိုနိုင်ရန် စီစဉ်ပေး သွား နိုင်ရေး လိုအပ်သည်တို့ကိုဆက်လက်ဆောင်ရွက်နေကြောင်း သိရသည်။

 ဥရောပသမဂ္ဂတရားရုံးအနေနှင့် ထိုကဲ့သို့ ဆုံးဖြတ်ရသည်မှာ J.W. ဟု အမည်အတိုကောက်ခေါ်သည့် ပြင်သစ်လူငယ်တစ်ဦး၏ ဖြစ်အင်မှ စတင်လာခဲ့ခြင်းဖြစ်ကြောင်း၊ ၄င်းသည် ၁၉၉၈ တွင် အသည်းရောင် အသားဝါ ဘီပိုး ကာကွယ်ဆေးထိုးခဲ့ကြောင်း၊ ထိုးပြီးတစ်နှစ်အကြာတွင် multiple sclerosis ဝေဒနာ ကို ခံစားခဲ့ရပြီး ၄င်း၏ ခန္ဓာကိုယ်ရောဂါခုခံစနစ်တစ်ခုလုံးကမောက်ကမဖြစ်ကာ ဦးနှောက်နှင့်အာ၇ုံ ကျောမကြီးအကြား ဆက်သွယ်မှုများ မူမမှန်ဖြစ်ခဲ့ကြောင်း၊ အာ၇ုံကြောတစ်ရှူးများတွင် ပြတ်ရှရာများ ဖြစ်သွားပြီး အမြင်အာရုံချို့ တဲ့သွားခြင်း၊ ကိုယ်တစ်ပိုင်းသေခြင်းတို့ ဖြစ်ပွားကာ ၂၀၁၁ တွင် အသက် ဆုံးရှုံးခဲ့ရကြောင်း သိရသည်။

 J.W. သည် ၂၀၀၆ တွင် အဆိုပါကာကွယ်ဆေးထုတ်လုပ်သည့်ကုမ္ပဏိ Sanofi Pasteur ကို တရားစွဲ ဆိုခဲ့ပြီး ပြင်သစ်နိုင်ငံတရားရုံးတွင် စတင်စစ်ဆေးခဲ့ကြောင်း၊ ပြင်သစ်တရားရုံးက J.W.ဖြစ်အင်သည် သိပ္ပံအထောက်အထားခိုင်လုံခြင်းမရှိဟုဆိုကာ အမှုကိုပလပ်ခဲ့ကြောင်း၊ သို့ သော် J.W. က ဥရောပတရားရုံးသို့  ဆက်လက်အယူခံဝင်ခဲ့ကြောင်း၊ ထိုအခါ တရားရုံးက အထက်ဖော်ပြခဲ့သည့် အတိုင်း သိပ္ပံအထောက်အထားမရှိသော်ငြား ကာကွယ်ဆေးထိုးပြီးနောက်ပိုင်းမှ ဝေဒနာကြီးကြိးမား မား ခံစားရလျင် ကာကွယ်ဆေး၏အပြစ်ဟုမှတ်ယူပြီးလိုအပ်သလိုအရေးယူဆောင်ရွက်နိုင်မည် ဖြစ်ကြောင်း အဆုံး အဖြတ်ပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

သို့ သော် အဆိုပါဆုံးဖြတ်ချက်ကို နားလည် တတ်ကျွမ်းသူများက ဝေဖန်လျက်ရှိပြီး J.W. ၏ ကျန်ရစ်သူ မိသားစုအား လျော်ကြေးငွေမည်မျှပေးဆောင်စေမည်ကိုလည်း မသိရသေးကြောင်း၊ သိပ္ပံအထောက် အထားကင်းမဲ့သည့်အခြေအနေတစ်ခုကို ဖော်ပြပါအတိုင်း စီရင်ဆုံးဖြတ်ခြင်းအား ပညာရှင်များ ကလည်း ကန့် ကွက်လျက်ရှိကြောင်း သိရသည်။

ရတနာပုံ သတင်းစာ
https://www.facebook.com/pg/yadanabonnewspaper

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ