ရာသီလာချိန် နာကျင်ကိုက်ခဲမှုဝေဒနာ သက်သာပျောက်ကင်းစေဖို့
ဟိုးအရင် ဆေးဆိုင်တွေ မရှိသေးတဲ့ အချိန်တုန်းက ဒီရှေးဟောင်းဆေးပညာဟာ မီးယပ်ပေါ်ချိန် နာကျင်ကိုက်ခဲမှု လျော့နည်းသက်သာစေခြင်းအတွက် တစ်ခုတည်းသော နည်းလမ်းဖြစ်ပါတယ်။ ဆေးလုံးတွေထက် နာကျင်ကိုက်ခဲမှု ပိုမိုကောင်းမွန် လျော့နည်းသက်သာစေမယ့် အထိရောက်ဆုံး ယင်းရှေးဟောင်းဆေးနည်းကို တင်ဆက်ပေးလိုက်ပါတယ်။
ရာသီလာချိန်နာကျင်ကိုက်ခဲမှု ကာကွယ်နည်းအတွက် လိုအပ်တာတွေကတော့ ကြက်ဆူဆီ၊ ရေနွေးအိတ် နဲ့ ချည်ထည်စတို့ပဲ ဖြစ်ပါတယ်။
လုပ်ပုံလုပ်နည်း
နောက်ကြောအောက်ဘက်ပိုင်း၊ အစာအိမ်နဲ့ သားအိမ်ရှိတဲ့နေရာပေါ်ကနေ ကြက်ဆူဆီ လိမ်းပေးပါ။ အရေပြား အဆီဝင်းနေအောင် လိမ်းပေးပါ။ ပက်လက်အိပ်ပြီး ခုနက ဆီလူးထားတဲ့နေရာမှာ ချည်ထည်စဖြင့် အုပ်ထားပြီး အပေါ်မှာ ရေနွေးအိတ်တင်ပြီး ၁၅ - ၂၀ မိနစ်ခန့် ထားပေးရပါမယ်။ ပြီးနောက် ရေနွေးအိတ်ဖယ်ပြီး ချည်စကို အဆီအားလုံး စုပ်ယူစေလိုက်ပါ။ ဒီလိုလုပ်ခြင်းအားဖြင့် ရာသီမလာမီ ရောဂါလက္ခဏာ၊ ကြွက်တက်ခြင်းနဲ့ ဝမ်းဗိုက်နာကျင်ကိုက်ခဲမှုဝေဒနာ သက်သာပျောက်ကင်းစေနိုင်ပါတယ်။
Myawady Health
https://www.facebook.com/pg/myawadyhealth
သစ်ထူးလွင်မှ သတင်းများကို မလွှတ်တမ်းဖတ်နိုင်ရန်အတွက် အောက်က (F)follow ဆိုတာလေးကို click လုပ်လိုက်ပါ။ အမှန်ခြစ်(✔)လေးဖြစ်သွားရင် ရပါပြီ။ သတိ - follow အရှေ့မှာ အမှန်ခြစ်(✔)လေး ရှိနေပြီဆိုရင်တော့ follow လုပ်ပြီးသားမို့ပါ။ ထပ်လုပ်စရာမလိုပါဘူး၊
Labels:
ကျန်းမာရေး
မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။
နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
Tweets by @thithtoolwin