Healthy Culture ချောင်းဆိုး လက်ဆေး ယဉ်ကျေးမှု



၁။ ချောင်းဆိုးရင် တံတောင်ဆစ်မှာဆိုးတဲ့ ရည်ရွယ်ချက်ကို သိပါရစေဆရာ။ ကျွန်တော် အမြဲလိုလို ဆိုးလေ့ရှိတာက လက်သီးဆုပ်မှာ ဆိုးတာပါဆရာ။ ဆရာအရင်ရေးခဲ့ဖူးရင်လဲ ရှာဖတ်ကြည့်ပါ့မယ်ခင်ဗျာ။ လေးစားစွာဖြင့်။
၂။ ချောင်းဆိုးရင် တံတောင်ဆစ်ထဲမှာဆိုးတဲ့ ကျန်းမာရေးယဉ်ကျေးမှု သိပါရစေဆရာ။
အသက်ရှူလမ်းကနေ ကူးစက်တဲ့ရောဂါတွေ အများကြီးရှိတယ်။ အထက်ပိုင်းရောဂါတွေနဲ့ အောက်ပိုင်းရောဂါတွေလို့ ခွဲခြားလေ့လာရတယ်။ အသက်ရှူလမ်းအထက်ပိုင်းရောဂါတွေကတော့ အာသီးရောင်၊ အာခေါင်ရောင်၊ လည်ချောင်းရောင်၊ ဆိုင်းနပ်စ်၊ နားအလယ်ပိုင်းရောင်၊ တုပ်ကွေးတချို့၊ အအေးမိ၊ ကြက်ညှာချောင်းဆိုး စတာတွေ ဖြစ်တယ်။ အသက်ရှူလမ်း အောက်ပိုင်းရောဂါတွေကတော့ လေပြွန်ရောင်တာနဲ့ နူမိုးနီးယား၊ လေပြွန်ငယ်တွေရောင်ခြင်း၊ လေပြွန်မကြီးတွေ ရောင်ခြင်း၊ တုပ်ကွေးတချို့နဲ့ H5N1 စတာတွေဖြစ်တယ်။ အသက်ရှူလမ်းကနေ ကူးစက်တဲ့ရောဂါတွေ သူများကို မကူးစေအောင်လုပ်ရမယ်။ ကိုယ့်ဆီကူးမလာအောင်လုပ်ရမယ်။
• ချောင်းဆိုးရင် ဘယ်ဖက်တံတောင်ဆစ်နဲ့ ပါးစပ်ကိုကာထားပါ။ ဓါတ်ပုံထဲပါသလို Cough into elbow ချောင်းဆိုးပါ။ (တစ်ရှူး) သုံးရင် စနစ်တကျစွန့်ပစ်ပါ။ လက်ဝါးနဲ့ပိတ်ပြီး ချောင်းမဆိုးပါနဲ့။
• လက်ကိုဆပ်ပြာနဲ့ မကြာမကြာ ၂ဝ စက္ကန့်ကြာဆေးပေးပါ။ အရက်ပြန်ပါတဲ့လက်ဆေး ဆေးရည်သုံးပါ။ နေရာတကာမှာ Hand Sanitizers အရက်ပျံပါလက်ဆေး ဆေးရည်ပုလင်းလေးတွေထားပါ။ အိမ်မှာလည်းထားပါ။ ရုံးတွေမှာလည်းထားပါ။ ကားပေါ်မှာလည်းထားပါ။ ဆရာဝန်တွေလဲ လူနာစမ်းသပ်ပြီးတိုင်း သုံးကြရတယ်။ ပိုးမွှားတွေသန့်ရှင်းပေးတယ်။ ဈေးမကြီးပါ။ လက်ဆွဲနှုတ်ဆက်တဲ့ ယဉ်ကျေးမှုအရ ညာဖက်လက်ဝါးကို တတ်နိုင်သမျှ အသန့်ထားကြရတယ်။
• ပါးစပ်နဲ့နှာခေါင်းကို ဖုံးအုပ်ထားပါ။ ချောင်းဆိုး နှာချေတိုင်း တစ်ရှူးသုံးပါ။ စနစ်တကျစွန့်ပြစ်ပါ။ မျက်စိ၊ နှာခေါင်းနဲ့ ပါးစပ်တွေကို အတတ်နိုင်ဆုံး မဆေးရသေးတဲ့လက်နဲ့ မထိပါနဲ့။
• လက်ဆွဲနှုပ်ဆက်တာ၊ ထိတွေ့၊ ပွေ့ဖက်နမ်းတာ အတတ်နိုင်ဆုံးရှောင်ပါ။ နေကာမျက်မှန်တပ်ထားပါ။ လူထူထပ်တဲ့နေရာတွေကိုရှောင်ပါ။
• အသုံးအဆောင်တွေ မျှဝေမသုံးပါနဲ့။ နေအိမ်၊ စားတဲ့နေရာ၊ ကစားရာတွေ အရင်ကထက်ပိုပြီးသန့်ရှင်းပေးပါ။
• ဗိုင်းရပ်စ်တွေကနေကူးစက်တဲ့ MARS, SARS ကြက်ငှက်တုပ်ကွေး စတာတွေကို ကာကွယ်ရာကျတယ်။ ကျန်းမာရေးအတွက် ကောင်းတဲ့ယဉ်ကျေးမှုဖြစ်တယ်။

ဒေါက်တာတင့်ဆွေ
https://www.facebook.com/drtintswe/

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ