နာတာရှည် ကျောက်ကပ်ရောဂါကြောင့် ဆီးချိုသွေးချိုရောဂါဖြစ်ပွားနိုင်


နာတာရှည် ကျောက်ကပ် ရောဂါရဲ့ လက္ခဏာထဲမှာ ကျောက် ကပ်က သူ့ရဲ့လုပ်ငန်းဆောင်တာတွေ ဖြစ်တဲ့ သွေးထဲက အဆိပ်အတောက် တွေ စစ်ထုတ်၊ ဖယ်ရှားပေးတဲ့ လုပ်ငန်းကို တစစ မလုပ်ကိုင်နိုင်တော့ ပဲ လုံးဝပြန်မကောင်းတော့တဲ့ အခြေ အနေမျိုးထိ ဖြစ်စေတာ တွေ့ရပါ တယ်။ နောက်ဆုံးမှာတော့ ကျောက် ကပ်ဆေးခြင်း၊ ကျောက်ကပ်အစား ထိုးခြင်းတွေအထိ လုပ်ဆောင်ရလေ့ရှိ တာ တွေ့ရပါတယ်။ အမျိုးအစား (၂) ဆီးချိုသွေးချိုရောဂါကတော့ အများသိကြတဲ့ နာတာရှည် ကျောက် ကပ်ရောဂါဖြစ်စေတဲ့ အကြောင်းတစ် ခုပါပဲ။ နာတာရှည် ကျောက်ကပ် ရောဂါရှိနေတဲ့သူတွေရဲ့ တစ်ဝက် လောက်မှာ သွေးတွင်းသကြားဓာတ် တွေ ပုံမှန်ထက် ပိုများနေတာ တွေ့ရ ပါတယ်။ ယင်းအကြောင်းကို သိရဖို့ အတွက် ကြွက်တွေမှာ သုတေသန လုပ်ကြည့်တဲ့အခါ နာတာရှည် ကျောက်ကပ်ရောဂါရှိတဲ့ ကြွက်တွေရဲ့ မုန့်ချိုအိတ်ရှိ ဘီတာဆဲလ်တွေက ဆီးချိုသွေးချိုဝေဒနာရှင်တွေမှာကဲ့သို့ပင် အင်ဆူလင်ထုတ်လုပ်မှုမမှန် တာ တွေ့ခဲ့ရပါတယ်။ ယင်းအချက်က နေအစပြုပြီး သုတေသီတွေက Urea ရဲ့ အဆိပ်အတောက်ဖြစ်စေတဲ့ အခန်းကဏ္ဍကို သတိထားမိလာကြပါ တယ်။

့Urea က ပုံမှန်အားဖြင့် ကျောက်ကပ်က စစ်ထုတ်ပြီး၊ ဆီးထဲ မှာပါသွားတဲ့ နိုက်ထရိုဂျင်ဒြပ်ပေါင်း ဖြစ်ပါတယ်။ နာတာရှည်ကျောက်ကပ် ဝေဒနာသည်တွေမှာတော့ ကျောက် ကပ်က အဆိပ်အတောက်တွေ စွန့် ပစ်နိုင်မှုမရှိတော့ပဲ သွေးထဲမှာ စုပုံ လာပါတယ်။ ကျောက်ကပ်နဲ့ ပတ် သက်တဲ့ ပြဌာန်းစာအုပ်တွေမှာတော့ Urea ကို ဘေးမဖြစ်စေတဲ့ပစ္စည်း အဖြစ် ဖော်ပြထားပေမဲ့ ယခု သုတေသနမှာတော့ Urea က နာတာရှည် ကျောက်ကပ်ဝေဒနာရှင် တွေမှာ အင်ဆူလင်ထုတ်လုပ်မှု နည်း သွားတာအတွက် တိုက်ရိုက်တာဝန် ရှိနေတာကို သက်သေပြခဲ့ပါတယ်။

ပန်ကရိယ ဘီတာဆဲလ်တွေရဲ့ ဗဟိုမှာ Phosphofructokinase 1 ပရိုတင်းက glyosylation တွေ ပိုဖြစ်စေကာ သွေးတွင်း သကြားဓာတ် တွေ လွန်ကဲလာစေပြီး ဆီးချိုသွေးချို ရောဂါကို ဆက်လက်ဖြစ်ပွားနိုင်တာ တွေ့ခဲ့ရပါတယ်လို့ Clinical Investigation ဂျာနယ်မှာ ပုံနှိပ် ဖော်ပြခဲ့ပါတယ်။

ဖိုးသောကြာ
Health Updates Journal
https://www.facebook.com/HealthUpdatesJournal/

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ