မော်ဖင်းနေရာတွင် အစားထိုးနိုင်မည့် အကိုက်အခဲပျောက်ဆေးထွက်ပေါ်ရန် တဆင့်ပိုနီးလာ


ဘိန်းနဲ့ ၎င်းင်းရဲ့ထွက်ကုန်တွေ ကို အကိုက်အခဲသက်သာစေဖို့ အတွက်နဲ့ ရွှင်မြူးတဲ့ခံစားချက်ရစေဖို့ သုံးခဲ့တာ ယခုအချိန်ထိဆို နှစ်ပေါင်း ၄၀၀ ကျော်ခဲ့ပြီးဖြစ်ပါတယ်။ ယခု မျက်မှောက် တိုးတက်နေတဲ့ ဆေး ပညာခေတ်ကြီးမှာတောင် ဘိန်းရဲ့ ထုတ်ကုန်တစ်ခုဖြစ်တဲ့ မော်ဖင်းက ခွဲခန်းထွက်စနဲ့ စစ်မြေပြင်တွေ အတွက် ရွေးစရာနှစ်ခုမရှိတဲ့ အကောင်းဆုံး အကိုက်အခဲပျောက် ဆေးအဖြစ် ရပ်တည်နေပါတယ်။

အမေရိကန် နိုင်ငံတစ်ခုတည်းမှာပင် ဘိန်းကြောင့် အသက်ရှူစနစ် ချွတ် ယွင်းပြီး သေဆုံးမှုနှစ်စဉ် ၃၀၀၀၀ ခန့် ရှိနေတဲ့အတွက်၊ ဘိန်းထွက် ကုန်တွေကို သုံးစွဲတာလား၊ အလွဲသုံး နေတာလားဆိုတာက အရေးပါလာ ပါတယ်။ ယင်းပြဿနာအတွက် သုတေသီတွေက Synthetic ဆေး တစ်မျိုးကို တီထွင်ခဲ့ပြီး ယင်းဆေးက မော်ဖင်းလိုပင် နာကျင်မှုကို သက် သာစေပြီး မော်ဖင်းလောက် စွဲလန်း စေမှု၊ ဘေးထွက်ဆိုးကျိုး စတာတွေ မများဘူးလို့ သိရပါတယ်။ သုတေ သနတွင် ကြွက်များကို ထရီလီယံ ပေါင်းများစွာသော ဒြပ်ပေါင်းတွေနဲ့ စမ်းသပ်ခဲ့ရာ၊ ဦးနှောက်အတွင်း နာကျင်မှုကိုခံစားစေတဲ့ လမ်းကြောင်း ကို တားဆီးပေးတဲ့ မော်လီကျူးကို လှုံ့ဆော်ပေးတဲ့ ဒြပ်ပေါင်းအသစ်ကို တွေ့ရှိခဲ့ကြပါတယ်။

ဒါပေမဲ့ ယင်းဒြပ်ပေါင်းက မော်ဖင်း၊ အောက်ဆီကိုဒုန်း၊ အောက် ဆီကွန်တင်တို့နဲ့မတူတာက ၎င်းင်းက နာကျင်ခြင်း လမ်းကြောင်းကိုသာ တားဆီးပေးပြီး ဒုတိယလမ်းကြောင်း ဖြစ်တဲ့ ပုံမှန်အသက်ရှူတဲ့ လမ်း ကြောင်းကိုတော့ မပေးဘူးလို့ ဆိုပါ တယ်။ ဒါ့အပြင် ကြွက်တွေမှာ ဆေး အသစ် PZM 21 ဒြပ်ပေါင်းကို ဆေလိုင်းနဲ့ နှိုင်းယှဉ်စမ်းသပ်ခဲ့ရာ ကြွက်တွေမှာ ဒြပ်ပေါင်းအသစ် အပေါ် စွဲလန်းမှုမရှိတာကို တွေ့ခဲ့ရ ပါတယ်။ ဒုတိယကောင်းကျိုးကတော့ အသက်ရှူစနစ် ဖိနှိပ်ခံရခြင်းမရှိပဲ၊ တတိယကောင်းကျိုးကတော့ ၀မ်း ချုပ်မှုမရှိဘူးလို့ သိရပါတယ်။ McGill University စိတ်ကျန်း မာရေးဌာနမှ ပါမောက္ခBrigitte Kieffer မ က PZM 21 ကပြီးပြည့်စုံတဲ့ ဆေးတစ်ခု ပေါ်ပေါက်လာဖို့ ခြေတစ် လှမ်း ရှေ့ရောက်သွားတာပါပဲ၊ ဆေး ဈေးကွက်မှာ ဖြန့်ချီနိုင်ဖို့အတွက် လုပ်ဆောင်ရမယ့်အဆင့်တွေ ကျန် ပါသေးတယ်၊ လူသားတွေမှာ စိတ်ချ စွာ သုံးစွဲနိုင်တယ်ဆိုတာ သက်သေ ပြဖို့ ဆယ်စုနှစ်တစ်ခုလောက်ထိ ကြာနိုင်ပါသေးတယ်လို့ ပြောခဲ့ပါ တယ်။

ဖိုးသောကြာ
Health Updates Journal
https://www.facebook.com/HealthUpdatesJournal/

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ