ခန္ဓာကိုယ်အလေးချိန်ချဖို့နဲ့ကျပြီး ကိုယ်အလေးချိန်ထိန်းဖို့ ဘာအရေးကြီးဆုံးလဲ


ကိုယ်အလေးချိန် တဖြည်း ဖြည်းနဲ့ မှန်မှန်ကျပြီး ယင်း အခြေအနေကို ဆက်လက်ထိန်းထား နိုင်ဖို့အတွက် အလိုအပ်ဆုံးကတော့ မှန်ကန်တဲ့ ကျန်းမာရေးနဲ့ ညီညွှတ်တဲ့ အစားအစာ ကို ရွေးချယ်စားသုံး ဖို့ဘဲလို့ Columbia Asia ဆေးရုံမှ အစားအသောက်ပညာရှင်တွေက ပြောကြားခဲ့ပါတယ်။ ကမ္ဘာ့ကျန်းမာ ရေး အဖွဲ့အစည်း WHO က အာဟာရဆိုတာ ခန္ဓာကိုယ်ရဲ့လို အပ်မှုနဲ့အညီ စားသုံးမှုလို့ အဓိပ္ပာယ် ဖွင့်ဆိုထားပါတယ်။ ဆေးရုံမှ ကျွမ်း ကျင်သူများက ]]ကျန်းမာရေးစောင့် ရှောက်မှုရဲ့ အခြေခံအချက်ထဲမှာ ကျန်းမာရေးနဲ့ညီညွတ်သော စားသုံး မှုက အဓိကကျပြီး မိမိတို့ရဲ့ တွေ့ရှိ ချက်တွေအရ ရှိသင့်တဲ့ ကိုယ် အလေးချိန်ထက် များနေတဲ့သူတွေကို စီစစ်ကြည့်တဲ့အခါ သူတို့မှာ ကိုယ် အလေးချိန်ကျဖို့အတွက် အစား အသောက်စားသုံးမှုက ပိုအဓိကကျ နေတာ တွေ့ခဲ့ရပါတယ်။ ကိုယ် အလေးချိန်ဆိုတာ ကယ်လိုရီစားသုံး မှုနဲ့ သုံးစွဲမှုရဲ့ ရလဒ်ဖြစ်ပြီး မျှခြေ မှာရှိနေသင့်ပါတယ်။

တကယ်လို့ ပုံ မှန်ကိုယ်အလေးချိန်ထက် ပိုများနေ မယ်ဆိုရင်တော့ နေ့စဉ်စားသုံးနေတဲ့ ကယ်လိုရီပမာဏကို ၁၀% လျော့ချ သင့်ပါတယ်။ ယင်းကဲ့သို့ လျော့ ချခြင်းအားဖြင့် တစ်ပါတ်ကို 1/2 Kg တစ်လကို 2Kg နှုန်းနဲ့ ကျန်းမာစွာကိုယ်အလေးချိန် ချနိုင် မယ်လို့ ဆိုပါတယ်။ WHO အနေနဲ့ ပုံမှန်ကိုယ်အလေးချိန်ထက် များ တယ်၊ မများဘူးဆိုတာကို ခန္ဓာကိုယ် အလေးချိန်နဲ့ အရပ်အချိုးအစားBMI နဲ့ ခွဲခြားပါတယ် BMI-25 နဲ့ 30 ကြားကိုတော့ ပုံမှန်ကိုယ်အလေးချိန်ထက်များသူလို့ သတ်မှတ်ပြီးBMI 30 အထက်ဆိုရင်တော့ အ၀ လွန်သူလို့ သတ်မှတ်ပါတယ်။

ကိုယ် အလေးချိန် လျော့ချလိုသူတွေ အတွက် လေ့ကျင့်ခန်းကလည်းအရေး ကြီးတဲ့ ကဏ္ဍမှာပါဝင်ပြီး နှလုံးနဲ့ သွေးကြောတွေအတွက် သက်ရောက် မှုရှိဖို့ဆိုရင် ၄၅ မိနစ် လောက် လေ့ကျင့်ခန်းလုပ်ဖို့ ညွှန်ကြားထား ပါတယ်။ လူတွေအနေနဲ့ ကိုယ် အလေးချိန်ကျပြီးတဲ့ နောက်မှာ ယင်းကိုယ်အလေးချိန်ကို ထိန်းဖို့ အတွက် လေ့ကျင့်ခန်းဆက်လုပ်ခြင်း၊ အစားအသောက်ထိန်းသိမ်းခြင်းတွေလုပ်ဖို့ လိုပေမယ့် အမှန်တကယ် လေ့ကျင့်ခန်းလုပ်ဖြစ်တဲ့သူ နည်း တဲ့အတွက် အစားအသောက်က ပိုအရေးကြီးတာပါလို့ International Journal of Obesity မှာ ဖော်ပြခဲ့ ပါတယ်။ ကျန်းမာရေးနဲ့ ညီညွှတ်တဲ့ အစားအသောက်ပုံစံ အနေနဲ့ကတော့ မနက်စာကို ကာဗို ဟိုက်ဒြိတ်တွေ၊ ပရိုတင်းတွေ စားသုံးသင့်ပြီး အသီး အရွက်တွေနဲ့ ဖြည့်စွက်ကာ ညစာ ကိုတော့ မအိပ်မီ ၂ နာရီမှာ စားသုံး သင့်တယ်လို့ အကြံပြုခဲ့ပါတယ်။

ဖိုးသောကြာ
Health Updates Journal
https://www.facebook.com/HealthUpdatesJournal/

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ