လူငယ်များနှင့် အနီးဆုံးအန္တရာယ်


သုတေသနအသစ်တစ်ခုအရ အင်တာနက်သုံးစွဲမှုအပေါ် စွဲလန်း လွန်းတာက ကောလိပ်ကျောင်းသား များကြားမှာ အခြားစိတ်ကျန်းမာရေး ပြဿနာများရဲ့ လက္ခဏာဖြစ်နိုင် တယ်လို့ သိရပါတယ်။ ရလဒ်တွေအရ အွန်လိုင်းကို အချိန်ကြာမြင့်စွာ သုံးစွဲ သူတွေမှာ ၄ဦးလျှင် တစ်ဦးနှုန်း စိတ်ကျရောဂါ၊ အော်တစ်ဇင်စတာ တွေ ဖြစ်ပွားနေတာကို တွေ့ရပါ တယ်။ သုတေသနအတွက် အွန်တေရီယို ရိုမတ်စ်မာစတာ တက္က သိုလ်မှာရှိတဲ့ လူငယ် ၂၅၄ ဦးရဲ့ အင်တာနက်သုံးစွဲမှုကို စီစစ်ခဲ့ပါ တယ်။ အင်တာနက်အပေါ် စွဲလန်းမှု ရှိ၊ မရှိကိုတော့ ၁၉၉၈ က ဖော် ထုတ်ခဲ့တဲ့ Internet Addiction Test (IAT) နဲ့ စစ်ဆေးခဲ့ပါတယ်။

 ရလဒ်တွေအရ ကျောင်းသား ၃၃ ဦးမှာ အင်တာနက်စွဲလန်းမှုလွန်ကဲ နေပြီး ၁၀၇ ဦးကတော့ အင်တာနက် အပေါ်မှာ စွဲလန်းမှု မရှိသေးပေမယ့် နေ့စဉ်ဘ၀မှာတော့ အင်တာနက် သုံးစွဲမှုကြောင့် ပြဿနာရှိနိုင်တဲ့ အနေအထားရှိနေတာကို တွေ့ရပါ တယ်။ အဲဒီနောက် ကျောင်းသား တွေရဲ့ စိတ်ကျန်းမာရေးအခြေအနေ ကို စီစစ်ခဲ့ပါတယ်။ ဥပမာ မစဉ်း စားဘဲလုပ်တတ်သလား၊ စိုးရိမ်ပူပန်မှု များနေသလား၊ စိတ်ဖိစီးမှုများနေ သလား၊ စိတ်ကျဝေဒနာရှိနေသလား စသဖြင့် စစ်ဆေးခဲ့ပါတယ်။ ရလဒ် တွေအရ အင်တာနက်သုံးစွဲမှု လွန် ကဲသူတွေမှာ အင်တာနက်တွင် ဗွီဒီယိုကြည့်ခြင်း၊ လူမှုကွန်ယက် နဲ့မက်ဆေ့ အသုံးပြုခြင်းများကို မထိန်းနိုင်တာ တွေ့ရပြီး နေ့စဉ် လုပ်ငန်းဆောင်တာတွေ ဆောင်ရွက် ရာမှာ ပြဿနာရှိပြီး မစဉ်းစားဘဲ လုပ်မိခြင်း၊ အာရုံမစိုက်နိုင်ခြင်း၊ စိုးရိမ်ပူပန်မှုများခြင်း၊ စိတ်ကျခြင်း တွေ ပိုဖြစ်နေတာ တွေ့ရပါတယ်။

ဟောင်ကောင်အမျိုးသား ကျန်းမာ ရေးဌာနက ၂၀၁၄ မှာလုပ်ခဲ့တဲ့ အခြားသုတေသနမှာတော့ အသက် ၁၅ ကနေ ၂၄ကြား လူငယ် ၅၁.၇% ခန့်က တစ်ပတ်လျှင် နာရီ ၂၀ မှ ၅၀ကြား အင်တာနက်သုံးစွဲလျှက်ရှိ တာ တွေ့ရပြီး ယင်းပမာဏမှာ၂၀၀၃ တွင် ၃၂.၃% သာ ရှိရာမှ တိုးလာ တာဖြစ်ပါတယ်။ အသက် ၁၀ နှစ်က ၁၄ နှစ်ကြား ကလေးတွေမှာ အင်တာ နက်သုံးစွဲမှုကလည်း ၁၆.၃% ကနေ ၃၄.၇%ထိ တိုးလာတာကို တွေ့ရပါ တယ်။ ဒါကြောင့်သုတေသီတွေက ]]မိမိတို့အနေနဲ့ အင်တာနက်စွဲလန်း မှုကို လျော့တွက်ထားမိပြီလား၊အခြား စိတ်ကျန်းမာရေး ပြဿနာတွေက ရော အင်တာနက်စွဲလန်းမှုရဲ့ နောက် ဆက်တွဲလား၊ ဒါမှမဟုတ် စိတ် ကျန်းမာရေးပြဿနာကြောင့် အင် တာနက်စွဲလမ်းမှု ဖြစ်လာတာလား စသဖြင့် စဉ်းစားဖို့လိုလာပြီလို့ ဖော်ပြ ခဲ့ပါတယ်။

ဖိုးသောကြာ
Health Updates Journal
https://www.facebook.com/HealthUpdatesJournal/

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ