ပူပြင်းပြီး ချွေးထွက်များနေတဲ့အချိန်မှာ ချွေးနံ့မနံရအောင်


အခုလို ပူပြင်းလှတဲ့ နွေရာသီမှာတော့ လူတိုင်းလိုလိုက ချွေးထွက်လွန်ပြီး ချွေးနံ့နံတဲ့ ပြဿနာကိုတော့ အနည်းနဲ့အများကြုံတွေ့ရတတ်ပါတယ်။
ဒီလိုပြဿနာတွေ တွေ့ကြုံလာရတဲ့အချိန်မှာတော့ ကိုယ့်ဆီက ချွေးနံ့ကြောင့် တစ်ပါးသူတွေ စိတ်အနှောင့်အယှက်မဖြစ်စေဖို့အတွက် ချွေးနံ့မနံရအောင် ဆောင်ရန် ရှောင်ရန်လေးတွေကို အခုလိုပဲ ဝေမျှလိုက်ရပါတယ်။
အကယ်လို့ သင့်အနေနဲ့ ချွေးထွက်များနေရင် ရေများများပြန်သောက်ပေးသင့်ပါတယ်။ ခန္ဒာကိုယ်အတွင်းကနေ အပူဖလှယ်တာကြောင့် ချွေးထွက်ရတာပါ။ ဒါ့ကြောင့် သင့်အနေနဲ့ ရေဓာတ်ပြည့်ဝနေတဲ့ အချိန် ချွေးထွက်တဲ့အခါမှာ ချွေးကသာ များပေမယ့် ကိုယ့်ဆီက ဘာအနံ့အသက်မှ မရှိတာကို ခံစားမိမှာဖြစ်ပါတယ်။ ဒီအချက်ကတော့ ကိုယ်တိုင်က ချွေးနံ့ သိပ်မထွက်တတ်တဲ့သူတွေမှာ သိသာလေ့ရှိပါတယ်။ရေက ချွေးနံကို ဖြစ်စေသောအဆိပ် အတောက်တွေကို ချေဖျက်ပေးနိုင်လို့ဖြစ်ပါတယ်။
ချွေးနံ့ကို နဂိုတည်းက ထွက်တတ်တဲ့သူတွေအတွက်လည်း နည်းကောင်းလေးတွေ ဝေမျှပေးပါအုံးမယ်။ ခရမ်းချဉ်သီးဖျော်ရည်ကို ကြိုက် ကြိုက် မကြိုက်ကြိုက် တစ်ပတ်လုံးသောက်ပေးကြည့်ပါ။ တစ်ပတ်အတွင်း ချွေးနံ့မရှိတော့တာကို သိသိသာသာတွေ့ရမှာဖြစ်ပြီး သင့်အနေနဲ့ လုံးဝပျောက်ချင်တယ်ဆိုရင်တော့ စွဲပြီး သောက်ပေးသွားပါ။ ချွေးနံ့ မထွက်တော့တဲ့အချိန်မှာ ရပ်တန့်လိုက်ပါ။
ချိုင်းကြားကနေ ချွေးနံ့နံတတ်တဲ့သူတွေအတွက်တော့ ရေချိုးပြီးတိုင်း ကျောက်ချဉ်ကို ရေဆွတ်ပြီး ချိုင်းကြားကို သုတ်ပေးပါ။ ကျောက်ချဉ်လိမ်းထားတာ ခြောက်သွားတဲ့အချိန်မှာတော့ သင့်အနေနဲ့ နှစ်သက်ရာ Roll On တစ်ဘူးနဲ့ တွဲဖက်ပြီး အသုံးပြုနိုင်ပါတယ်။ ခြေထောက်မှာ ချွေးအထွက်များတဲ့သူတွေအတွက်တော့ ဗင်နီဂါရည်ကို ခြေထောက်အနှံ့လိမ်းပေးပြီး ဆယ့်ငါးမိနစ်လောက် အခြောက်ခံထားပါ။
ပြီးရင် ရေဆေးချပေးလို့ရပါတယ်။ ဒီနည်းတွေကတော့ ချွေးပေါက်တွေကို ကျဉ်းသွားစေပြီး အနံ့အသက်ဖြစ်စေတဲ့ ဘက်တီးရီးယားတွေကို သေစေတာကြောင့် အရမ်းအသုံးဝင်တဲ့ နည်းလမ်းတွေဖြစ်ပါတယ်။
လက်ဖက်စိမ်းရည်တစ်ခွက်လောက်သောက်ပေးတာကလည်း ချွေးထွက်မှုကို ထိန်းချုပ်နိုင်ပါတယ်။ လက်ဖက်စိမ်းဟာ မှိုစွဲမှုကို လျှော့ချပေးတာကြောင့် အနံ့အသက်ဖြစ်တာတွေကိုလည်း လျှော့ချပေးနိုင်ပါတယ်။
အစားအသောက် အစားအသောက်အနေနဲ့တော့ အဆီများတဲ့အစားအစာတွေ ၊ကြက်သွန် နီ၊ ကြက်သွန်ဖြူ၊ ကဖိန်း၊အရက်နဲ့ ကျက်ကျက် ကြော်ထားတဲ့ သရေစာတွေနဲ့ ချောကလတ်စားသုံးမှုတွေကို ရှောင်ကြဉ်ပေးရမှာပါ။ ဆီလီကွန်ဓာတ်ပါတဲ့ စတော် ဘယ်ရီ၊ စပျစ်နှင့်ဗံဒါစေ့တို့ကို စားသုံးသင့်ပါတယ်။ ဆီလီကွန်ဓာတ်ဟာ ချွေးထွက်မှုကို အကောင်းဆုံး ထိန်းချုပ်ပေးတဲ့ ဓာတ်တစ်မျိုးဖြစ်တာကြောင့်ပါ။
အဝတ်အစားအနေနဲ့တော့ ချွေးစုပ်တဲ့ ချည်နဲ့ လီနင်သားတွေကို ရွေးချယ်ဝတ်ဆင်သင့်ပါတယ်။ဒီအဝတ်အထည်တွေဟာ လေဝင်လေထွက်ကောင်းပြီး အမြဲတမ်း ချွေးခြောက်နေတာကြောင့် အနံ့ဆိုးဖြစ်စေတဲ့ ဘက်တီးရီးယားတွေကို မပေါက်ပွားစေတော့တာကြောင့် ဖြစ်ပါတယ်။
သင့်အနေနဲ့ ရေမွှေးသုံးတတ်တယ်ဆိုရင်လည်း ကိုယ့်ကိုကိုယ် ယုံကြည်မှုရှိနေစေမယ့် သင်းပျံ့တဲ့ရေမွှေးလေးကို ရွေးချယ်သုံးခြင်းက ချွေးနံ့ထွက်ခြင်းကို အထိုက်အလျောက် လျော့ကျစေပါလိမ့်မယ်။

Myawady Health
https://www.facebook.com/pg/myawadyhealth

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

အသစ် တင်သမျှ သတင်းများ အလို အလျှောက်ပို့  ပေးပါမည်

သတင်းစာနှင့် ဂျာနယ်များ