လျှပ်စစ်ဓါတ်အားဖြင့်နှလုံးပြန်ခုန်စေမည့်ကိရိယာပါဝင်သည့် သူနာပြုဒရုန်းကို ဆွီဒင်စမ်းသပ်


ရုတ်တရက်နှလုံးခုန်ရပ်တန့် သွားသည့်လူနာထံ အမြန်သွားရောက်ကာ နှလုံးပြန်ခုန်အောင် လျှပ်စစ် ဓါတ်အားဖြင့်နှလုံးကိုပြန်နိုးပေးမည့် Defibrillator တပ်ဆင်ထားသည့် သူနာပြုဒရုန်းကို ဆွီဒင်နိုင်ငံရှိ Karolinska Institute မှ သုတေသီများက စမ်းသပ်လျက်ရှိကြောင်း သိရသည်။ ကမ္ဘာတစ်ဝန်းတွင် နှလုံးခုန်ရုတ်တရက်ရပ်တန့် သေဆုံးသူဦးရေမှာ နှစ်စဉ် ၆ သန်းထက်မနည်း ရှိကြောင်း၊ ထို့ ကြောင့် နှလုံးခုန်ရုတ်တရက်ရပ်တန့် ခြင်းသည် ကမ္ဘာပေါ်တွင် လူသေမှုအများဆုံး ဖြစ်စေသည့် အကြောင်းရင်းတစ်ရပ်ဖြစ်လာကြောင်း၊ နှလုံးခုန်ရုတ်တရက်ရပ်တန့် သွားလျင် ၁၀ ဦး လျင် ၁ ဦးနှုန်းသာ အသက်ရှင်သန်နိုင်ပြီး ဆေးရုံသို့ အမြန်ဆုံးပို့ ဆောင်ရန် အခက်အခဲများရှိခြင်း ကြောင့် လူအသေအပျောက် များခြင်းဖြစ်ကြောင်း သိရသည်။

 နှလုံးခုန်ရက်တရက်ရပ်တန့် သွားပြီး CPR ဒါမှမဟုတ် Defibrillator နဲ့  ကုသမှုမခံရတဲ့ အချိန် တစ်မိနစ် ကြာသွားတိုင်း အသက်ပြန်ရှင်နိုင်ခြေ ၁၀ ရာခိုင်နှုန်း ကျဆင်းသွားလေ့ရှိပါတယ်။ ဒီတော့ နှလုံးခုန် ရုတ် တရက် ရပ်တန့် သွားလို့  ၃ မိနစ်အတွင်း ဆေးရုံကိုအရောက်မပို့ နိုင်ဘူးဆိုရင် အဲဒီလူနာရဲ့ အသက် ရှင်သန်ဖို့  မသေချာတော့ဘူးဆိုတဲ့သဘောပါပဲ။ ဒါကြောင့် နှလုံးခုန်ရုတ်တရက်ရပ်တန့် သွားတဲ့ လူနာ တွေစီကို ကျွန်တော်တို့ ရဲ့ ဒရုန်းတွေက ချက်ခြင်းအရောက်သွားပြီး နှလုံးကို Defibrillator နဲ့  ပြန်နိုး ပေးနိုင်ဖို့  အခုလို စီစဉ်ဆောင်ရွက်ရတာပါ ဟု သုတေသီတစ်ဦးဖြစ်သူ Jacob Hollenberg က ပြောပြသည်။ ပုံမှန်အားဖြင့် ဆေးရုံပြင်ပတွင် လူတစ်ယောက် နှလုံးခုန်ရုတ်တရက်ရပ်တန့် လျင် ဆေးရုံသို့ ရောက်ရှိ ပြီး ကုသမှုစတင်ခံယူနိုင်သည့် အစောဆုံးအချိန်သည် ပျှမ်းမျှအားဖြင့် မိနစ် ၃၀ ဖြစ်သည်ကိုတွေ့ ရ ကြောင်း၊ နှလုံးခုန်ရုတ်တရက်ရပ်တန့် သွားပြီး မိနစ် ၃၀ ကြာသွားသော် အသက်ပြန်လည်ရှင်သန်နိုင် ရန် အခွင့်အရေးမှာ သုညဖြစ်ကြောင်း သိရသည်။

ရတနာပုံ သတင်းစာ
https://www.facebook.com/pg/yadanabonnewspaper

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ