နေ့စဉ်လူမှုပုံစံအမှားမှ အသည်းရောဂါများ


နေ့စဉ်လူတို့ရဲ့ပြုမူနေထိုင်စားသောက်ပုံအမှားကတစ်ဆင့် အသည်းရောဂါတွေရရှိလာတယ်။ လူ သားတွေ အသက်ရှင်နေထိုင်ရေးအတွက်
သဘာဝမဟုတ်တဲ့ ဓာတ်မြေသြဇာသုံးကာ သီး ပင်စားပင်တွေ စိုက်ပျိုးလာတယ်။ ပိုးမွှားအန္တရာယ်ကင်းဖို့ ပိုးသတ်ဆေးအသုံးပြုကြတယ်။ ရရှိ တဲ့ သီးပင်စားပင်တွေမှာ ဓာတ်ကြွင်းအန္တရာယ်ရှိနေတယ်။

လူတို့ပယောဂကြောင့် မူးယစ်ဆေးဝါး၊ စိတ်ကြွဆေး၊ ဘိန်း၊ ဆေးခြောက်၊ အရက်မျိုးစုံ၊ ဘီယာ တို့က အသည်းရောဂါမျိုးစုံခံစားရရှိစေတယ်။ လူ့ပယောဂကြောင့် စားသောက်ကုန်တွေမှာ ဆိုး ဆေး၊ ဓာတုဆေးမှုန့်တွေရောနှောကာ လူသားတို့ အသည်းထိခိုက်စေတယ်။ ဓာတုပိုး သတ် ဆေးတွေ၊ ဓာတ်မြေသြဇာမြေဆီကြဲခြင်း၊ အပင်အားဆေး၊ အသီးအားဆေး၊ အရွက်အားဆေး၊ အထား ခံဖို့ဖော်မလင်စတဲ့ မသုံးသင့် တဲ့ဓာ တုဆေးများအသုံးပြုလို့ လူတွေကြောင့် လူတွေမှာအသည်း ရောဂါဖြစ်လာကြတယ်။

ရောဂါဖြစ်မှရတဲ့ ရောဂါလက္ခဏာတွေက ကိုယ်စိတ်ပင်ပန်းနွမ်းနယ်ခြင်း၊ စိတ်ထွေပြားခြင်း၊ အော် ဂလီဆန်ခြင်းများဖြစ်လေ့ရှိတယ်။ ကပ် ပါး ပိုးကြောင့် အသည်းရောဂါများရနိုင်တယ်။

အမီးဘားဝမ်းကိုက်ပိုးကြောင့် ဝမ်းကိုက်ပိုးအသည်းကိုရောက်ရှိခြင်းဖြစ်စေနိုင်တယ်။ အမီး ဘားက အသည်း မှာပြည် တည် နာဖြစ်ခြင်းဖြစ် တယ်။ လူနာရဲ့အသည်းက ကြီးလာပြီး ညာ ဘက် နံစောင်း အောင့်လာတယ်။

အဖျားတက်လာတယ်။ တက်လိုက်၊ ကျလိုက်၊တုန်ပြီးဖျားလို့ ငှက်ဖျားနဲ့မှားတတ်တယ်။ ရောဂါ ပျောက်ကင်းအောင် ဆေးပတ်လည်အောင် မကုသပါက အသည်းထဲက ပြည် တည် နာ ပေါက်ပြီး အဆုတ်၊ နှလုံး စတဲ့အခြားအင်္ဂါအစိတ်အပိုင်းရောက်သွားလို့ အသက်အန္တ ရာယ်ဖြစ် စေတယ် ။ငှက်ဖျားပိုးကြောင့် အသည်းကြီးနိုင်တယ်။

ငှက်ဖျားပိုးက ခန္ဓာကိုယ်ထဲ ဝင်ရောက်တဲ့အခါ ပထမဆုံး တိုက်ခိုက်ခံရတဲ့အင်္ဂါက အသည်းဖြစ် တယ်။ ခန္ဓာကိုယ်ထဲ ဝင်ရောက်တဲ့ ဗက်တီးရီးယားက အသည်းဆဲလ်တွေရောက်ရှိပြီး အသည်းရောင်ခြင်းဖြစ်တယ်။

သန်လုံးကောင် စတဲ့သန်ကောင်ကပ်ပါးပိုးကြောင့်သည်းခြေပြွန်တစ်လျှောက် ပိတ်ဆို့ကျောက် တည်နိုင် တယ်။ အချို့ရောဂါရှင်တို့ဟာ လက်ပ တိုစပိုင်ရိုး ဆစ်ကြောင့် အသည်းရောင် အသား ဝါဖြစ်ပြီး သွေးဆိပ်တက်ခြင်းဖြစ်ကာ အသက်ဆုံးရှုံးနိုင်တယ်။

ကြွက်ရဲ့ ကျင်ငယ်ရည်ကတစ်ဆင့်လည်းရောဂါရစေနိုင်တယ်။လက်ပတိုစပိုင်ရိုးဆစ်ဟာ ခွေး၊ ဝက်၊ကြက်၊ ငှက်တို့ရဲ့သွေးနဲ့ ကျင် ငယ်ရည်တွေ မှာပါဝင်နိုင်သေးတယ်။ အကြောင်းအမျိုးမျိုးနဲ့ သွေး ထဲရောက်ရှိခဲ့ရင် အပူချိန်မြင့်မားခြင်း၊ချမ်းတုန်ခြင်း၊ ဆီးနှင့်အရေပြားဝါခြင်း၊ ခန္ဓာကိုယ် အစိတ် အပိုင်းတွေက သွေးယိုစိမ့်ခြင်းတို့ဖြစ်တတ်တယ်။ အထင်ရှားဆုံးက ရောဂါသည် ရဲ့မျက် လုံးအိမ်အဖြူမှာပါ သွေးခြည် ဥလာခြင်းဖြစ် တယ်။ ခန္ဓာကိုယ်ကြွက်သားတွေ အထိမခံနိုင် အောင်နာကျင်ပြီး အသည်းရောင်ခြင်း၊ နှလုံးရောင်ခြင်း၊ အစာအိမ်အူလမ်း ကြောင်း ရောင်ခြင်းဖြစ် စေတယ်။ ထိရောက်သေချာစွာမကုသပါက သေဆုံးနိုင်တယ်။

သည်းခြေကျောက်ဟာ သွေးအတွင်းကိုလက်စထရောမြင့်မားရာက သည်းခြေ>ွပန်မှာ အဆီ အခဲပိတ်ဆို့ခြင်း၊သန်ကောင်ပိတ်ဆို့ခြင်း၊ သည်းခြေရည်မထွက်နိုင်ဘဲ ပိတ်ဆို့ခြင်း တို့ ကြောင့်ဖြစ် စေတယ်။ ဝေဒနာလုံးဝ မပြဘဲ သေတဲ့အထိ ရှိနေနိုင်တယ်။ ဝေဒနာ လက္ခဏာ လုံးဝမပြလို့ ကုသဖို့မလိုဘူး။မခံမရပ်နိုင်ညာဘက်နံစောင်းအပေါ်နားကအောင့်ခြင်း၊ အသားဝါခြင်း၊ ဆီးဝါခြင်း၊အဖျားကြီးခြင်း တို့ မှာ''သည်းခြေကျောက်''ရဲ့လက္ခဏာဖြစ်တယ်။ ဆေး သောက်ပါက ခဏသာ သက်သာပြီးပြန်ဖြစ်တယ်။ ရုတ်တရက် သည်းခြေ အိတ် ရောင်ခြင်း သည် သည်းခြေ>ွပန်ပိတ်ခြင်းကြောင့်ဖြစ်လာရတယ်။

နာတာရှည်သည်းခြေအိတ်ရောင်ခြင်းမှာအစာစားပြီးပါက ဝမ်းဗိုက်ညာဘက် အထက်ပိုင်းမခံ မရပ်နိုင် အောင်နာကျင်လာတယ်။ သည်းခြေကျောက် ရဲ့ ဆိုးကျိုးက သည်းခြေ အိတ်ပြည် တည်ခြင်း၊ ပန်ကရိယရောင်ခြင်း၊ သည်းခြေအိတ်နှင့် အူသိမ် သို့မဟုတ် အူမကြီးကြား လမ်းကြောင်း လွှဲဖြစ်ပေါ်ခြင်း၊ အူလမ်းကြောင်းပိတ်ဆို့ခြင်း၊ သည်းခြေ အိတ် ကင် ဆာဖြစ်ခြင်း တို့ဖြစ်တယ်။

အသက်ကြီးသူများ၊ အမျိုးသမီးများ၊ကိုယ်ဝန်ဆောင် အမျိုးသမီးများ၊ အဝလွန်သူများ၊ ရုတ်တရက် ကိုယ်အလေးချိန်လျှော့ချသူများ၊ သည်းခြေကျောက်တည်ခြင်းမျိုးရိုးရှိသူများ၊ သည်း ခြေ ရည်စီးဆင်းမှုမကောင်းခြင်း ဥပမာ-အစာအာဟာရကိုသွေးကြောမှရရှိသူတွေမှာ ရော ဂါဖြစ်နိုင်တယ်။

အသည်းရောင်စေတဲ့ရောဂါပိုးမွှားတွေမှာ အသည်းရောင်ဗိုင်းရပ် အေ၊ ဘီ၊ စီ၊ ဒီ၊အီးနဲ့ ဆိုင် တိုမက် ကလိုဗိုင်းရပ်၊ ဟားပီးဗိုင်းရပ်၊ အဝါ ဖျား ဗိုင်း ရပ်တို့ဖြစ်တယ်။

အသည်းရောင်ဗိုင်းရပ်အနေနဲ့ အီး၊အက်ဖ်တို့ဟာ ရေနှင့်အစားအသောက်ကတစ်ဆင့် ကူး စက်နိုင်တယ်။ အပြင်းအထန်အသားဝါ၊ ဆီးဝါ၊ ဖျားပြီးရက်သတ္တပတ်အနည်းငယ်အတွင်း အလို အလျောက်ပျောက်နိုင်တယ်။

အသည်းရောင် ဘီ၊ စီ၊ ဒီနဲ့ဂျီတို့ဟာရောဂါရှိသူနဲ့ လိင်တူ၊ လိင်ကွဲဆက်ဆံခြင်း၊ ရောဂါရှိ သူရဲ့သွေးသွင်းမိခြင်း၊ ရောဂါရှိသူရဲ့သွားပွတ်တံ၊ လက်သည်းညှပ်၊ မုတ်ဆိတ်ရိတ်ဓား၊ ရောဂါ ကု သပေးတဲ့ဆရာဝန်၊ သူနာပြုတွေမှာ ရှနာကတစ်ဆင့်၊ အပ်စူးတာကတစ်ဆင့် ကူး စက် နိုင် တယ်။

အသည်းရောင်ဘီဗိုင်းရပ်မှာ ကာကွယ်ဆေးရှိတယ်။ ကလေးဘဝ ကာကွယ်ဆေး ငါးမျိုး ထိုးခြင်း။ (ဆုံဆို့၊ ကြက်ညှာ၊ မေးခိုင်၊အသည်းရောင်ဘီ၊ ဦးနှောက်အမြှေးရောင်) ဆေးငါး မျိုးပါကာကွယ်ဆေးကို နှစ်လ၊ လေးလနဲ့ ခြောက်လအရွယ်မှာ ထိုးပေးလေ့ရှိ တယ်။ လူကြီး တွေအသည်းရောင်ဘီ ကာကွယ်ဆေးကို တစ်လ တစ်ကြိမ်၊ သုံးလဆက် သုံးကြိမ် ထိုးသင့် တယ်။ ပထမအကြိမ်ထိုးပြီး ငါးနှစ် မှာ အသည်းရောင်ဘီ ကာကွယ်ဆေးထိုးခြင်းက ဘဝတစ် သက် တာအသည်းရောင်ဘီကာကွယ်ပြီးဖြစ်တယ်။

အသည်းရောင်စီမှာ ကုသဆေးရရှိနေပါပြီ။ ဆေးဝါးအတွက် ငွေကုန်ကျမှုများပြားလှတယ်။ ၂ဝ၁၇-၂ဝ၁၈ ခုနှစ်မှာ ကျန်းမာရေးဝန်ကြီး ဌာန ရဲ့အစီ အစဉ်နဲ့ အသည်းဝါစီနဲ့ အခြားရောဂါ ဥပမာ HIV သို့မဟုတ်အသည်းရောင်ဘီကူးစက်သူတွေမှာ အသည်း ရောင်စီ ကုသ ဆေးပေးနေ ပါတယ်။

ရောဂါကူးစက်ခံရပါက အစားအသောက်ပျက်ခြင်း၊ ပျို့ခြင်း၊ အန်ခြင်း၊ အားနည်းခြင်း၊ ပင်ပန်းနုံး ခွေခြင်း၊ အစာမကြေ၊ လေပွ၊ ဝမ်းပျက်ခြင်း၊ သုံးပတ်ထက်ကြာ အသားဝါခြင်း၊ ဆီး ဝါခြင်း၊ ဖျားခြင်း၊ ညာဘက်နံစောင်းအပေါ်ကအောင့်ခြင်းဖြစ်တတ်တယ်။ အဆစ် နာခြင်း၊ ကိုယ်ခန္ဓာမှာ အနီစက်ပေါ်လာခြင်းဖြစ်တတ်ပြီး အသားဝါမှုများရင် ခန္ဓာကိုယ်ယားယံခြင်းဖြင့် ငုပ်လျှိုးသွားနိုင်တယ်။

အချိန်တစ်ခုအကြာမှာ အသည်းအဆီဖုံးခြင်း၊ နာတာရှည် အသည်း ရောင်ခြင်း၊ အသည်းမှာ အမာရွတ် ထင်ခြင်း၊ အသည်းကြွပ် ဆတ်ခြင်း၊ အသည်းကင်ဆာရောဂါတို့ဖြစ်နိုင်တယ်။အသည်းရောင်ရောဂါကို ပိုဆိုးဝါးစေတဲ့အရာတွေက မူးယစ်ဆေးဝါး၊ အရက်၊ ကွမ်း၊ဆေးလိပ်၊ စိတ်ကြွဆေး တို့ဖြစ်တယ်။ အသည်းရောင်စီမှာ အေနဲ့ဘီလို ကာကွယ်ဆေးမရှိ၊ကုသဆေးရှိပြီး ၂၄ ပတ်မှ ၄၈ ပတ်အထိ ကုသဖို့ လိုတယ်။ ကိုယ်ခန္ဓာစွမ်း အားစနစ်မြှင့်ပေး တဲ့ဆေးနဲ့ စီပိုးကုသဆေးကို ပေါင်းစပ် ကုသပေး တယ်။ ရောဂါရှိသူနဲ့ လိင်တူ၊ လိင်ကွဲဆက်ဆံရင် အစွပ် (Comdom) သုံးခြင်း၊ မသန့် သော ဆေးထိုးအပ်၊ သွားစိုက်၊ သွားပြုပြင်ခြင်းမပြုလုပ်ခြင်း၊ ဆေးမင်ကြောင်မထိုးခြင်း၊ စနစ် တကျ ကာကွယ်တဲ့ လက်အိတ်၊နှာခေါင်း စည်းများ အသုံးပြုခြင်းတို့နဲ့ အသည်းရောင်ဗိုင်းရပ်များ ကူး စက်ခြင်းမှကာကွယ်နိုင်တယ်။ မသန့်တဲ့အစာတွေ ဆင်ခြင် ရမယ်။

အချုပ်အားဖြင့်ဆိုရလျှင် လူသားတို့နေ့စဉ်နေထိုင်စားသောက်နေကြတဲ့ လူမှုပုံစံ အမှား အ ယွင်းတွေကြောင့် အသည်းရောဂါဖြစ်နိုင်ကြောင်း တင်ပြလိုက်ပါတယ်။

မြ၀တီ
https://www.facebook.com/mwdmedia/

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ