ဆေးလိပ်နှင့် ဆေးရွက်၊ ဖွံ့ဖြိုးရေး အတွက် ခြိမ်းခြောက် နှောင့်ယှက်


ဆေးလိပ်၏ ဆိုးကျိုးကို ကမ္ဘာပေါ်ရှိ လူအများ သိရှိနားလည်ကြပြီးဖြစ်သည်။ စီးကရက်၊ ဆေးလိပ် အန္တရာယ်ကို အသိ ပေးနှိုးဆော်မှုများလည်း စဉ်ဆက်မပြတ် ပြုလုပ်လျက်ရှိသည်။ အချို့ဒေသများတွင် ဆေးလိပ်မသောက်ရ နယ်မြေများ သတ်မှတ်ထားပြီး ဆေးလိပ်သောက်ရန် နေရာကိုလည်းသီးသန့် သတ်မှတ်ပေးထား သည်။ သောက်သုံးသည့် ဆေး လိပ်ဘူးတိုင်းတွင်လည်း ''ဆေးလိပ်သောက်ခြင်းသည် ကျန်းမာရေးကို ဆိုးရွားစွာ ထိခိုက်စေနိုင်ပါသည်''ဟူသော သတိပေးနှိုးေ ဆ်ာချက် စာတန်းကို ဆေးလိပ် ဥပဒေအရ ကပ်ထားသည်။ သို့သော် ဆေးလိပ်၊ စီးကရက်တွင် နီကိုတင်း ဟူသော ဓာတ်တစ်မျိုးက လူကိုညှို့ယူဖမ်းစားထား သည်။ ထို့ကြောင့်ပင် ဆေးလိပ်သောက်သုံးသူများအဖို့ မကောင်း မှန်း သိသော်လည်း ဖြတ်မရဖြစ်ကြသည်။


ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ ခန့်မှန်းချက်အရ ယခုအခါ ကမ္ဘာပေါ်တွင် ဆေးလိပ်သောက်သုံးသူဦးရေ သန်း၁ဝဝဝ ကျော်ရှိသည်။ ၎င်းသန်း ၁ဝဝဝ အနက် အများ စုမှာ အာရှတိုက်မှ ဖြစ်ကြသည်။ ဖွံ့ဖြိုးပြီး တိုင်းပြည်များသည် ဆေးလိပ်၊ ဆေးရွက်ကြီး၏ အန္တရာယ်ကို သိမြင်လာကြသည့်အလျောက် ဆေးလိပ်၊ ဆေးရွက်ကြီး သောက်သုံးမှုနှုန်းများ ကျဆင်းလျက်ရှိသည်။ ဖွံ့ဖြိုးဆဲ တိုင်းပြည်များတွင်မူ ဆေးလိပ်သောက်သုံးသူ ဦးရေများပြားလျက်ရှိကြောင်း တွေ့ရသည်။ အထူးသဖြင့် လူ ငယ်လူရွယ်များနှင့် အမျိုးသမီးငယ်များတွင် သိသိသာသာ တိုးတက်များပြား လာသည်ကို တွေ့ရသည်။

ကမ္ဘာ့ကျန်းမာရေး အဖွဲ့၏ ၂ဝ၁၄ ခုနှစ် ခန့်မှန်းချက် များ အရ နှစ်စဉ်လူဦးရေ ခြောက်သန်းကျော်သည် ဆေးလိပ်၊ ဆေးရွက်ကြီး သုံးစွဲမှုကြောင့် ဖြစ်ပွားသည့် ရောဂါများဖြင့် သေဆုံးလျက်ရှိကြပြီး ၎င်းတို့အထဲမှ ခြောက် သိန်းကျော်သည် သူတစ်ပါး၏ ဆေးလိပ်ငွေ့ကြောင့် သေဆုံးရခြင်းဖြစ်သည်။ ခရစ်နှစ် ၂ဝ၃ဝ ပြည့်နှစ်တွင် ဆေးလိပ်၊ ဆေးရွက်ကြီး သုံးစွဲမှုကြောင့် လူရှစ် သန်းကျော် သေဆုံးမည်ဟု ခန့်မှန်းရပြီး ၎င်းတို့အနက်မှ ၈ဝ ရာခိုင်နှုန်းကျော်သည် ဖွံ့ဖြိုးဆဲနိုင်ငံ များတွင် နေထိုင်သူများဖြစ်သည်။ ၂ဝ ရာစုတွင် ဆေးလိပ်နှင့် ဆေးရွက်ကြီးထွက် ပစ္စည်းသုံးစွဲမှုသည် လူသန်းပေါင်း ၁ဝဝ ကို အသက်ဆုံးရှုံးစေခဲ့ပြီး ၂၁ ရာစုတွင် လူသန်းပေါင်း ၁ဝဝဝ ကိုအသက်ဆုံးရှုံး စေမည်ဖြစ်သည်။

မြ၀တီ
https://www.facebook.com/mwdmedia/

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ