အပူလောင်ခြင်းကို အမြန်သက်သာပျောက်ကင်းစေမည့် အလွယ်ကူဆုံး နည်းလမ်း (၅) ခု


၁။ သွားတိုက်ဆေး

အလွန်ရိုးရှင်းတဲ့ အိမ်တွင်းသဘာဝနည်းလမ်းပါ။ အရင်ဆုံး အပူလောင်
ဒဏ်ရာကိုရေအေးနှင့်ဆေးပါ။ ပြီးရင်တော့ မျက်နှာသုတ်
ပ၀ါနှင့် ခြောက်သွားသည်အထိသုတ်ပေးပါ။
ခြောက်သွားရင် အပူလောင်တဲ့နေရာကို သွားတိုက်ဆေးနှင့် လိမ်းပေးပါ။
လိမ်းပြီးတဲ့အခါမှာ အချိန်ကြာကြာ ထားနိုင်သလောက်ထားပေးပါ။

၂။ ရှာလကာရည်

ရှာလကာရည်မှာ အပူလောင်ဒဏ်ရာတွေကို အမြန်ဆုံးသက်သာစေတဲ့
PHဂုဏ်သတ္တိ မြောက်မြားစွာပါဝင်ပါတယ်။
အ၀တ်ပါးစတစ်ခုကို ရှာလကာရည်ထဲမှာစိမ်ထားပြီး
အပူလောင်တဲ့ နေရာမှာ နာရီဝက်ခန့်ကြာအောင် ကပ်ထား ပေးပါ။
ဒါမှမဟုတ် ရှာလကာရည်ကို ဂွမ်းစလေးနဲ့စွတ်ပြီး သုတ်လိမ်းပေးပါ။

၃။ရှားစောင်းလက်ပပ်

ရှားစောင်းလက်ပပ်အနှစ်တွေကို အပူလောင်တဲ့ ဒဏ်ရာထဲစိမ့်ဝင်
သွားအောင်လိမ်းပြီးတစ်နာရီခန့် ထားပေးပါ။ ပြီးရင်တော့ ရေအေး
နှင့်ဆေးချပေးပါ။

၎။ နို့ (milk)

နို့ရည်သည် အပူလောင်ဒဏ်ရာကို သက်သာစေတဲ့ အကောင်းဆုံး
သဘာဝနည်းလမ်းတစ်ခုပါ။
အပူလောင်ဒဏ်ရာကို နို့ရည်ထဲမှာ ၁၅-၂၀မိနစ်အထိ
စိမ်ထားပေးပါ။
ဒါမှမဟုတ် အ၀တ်ပါးလေးတစ်ခုကို နို့ရည်ထဲမှာ နှစ်ပြီး
အပူလောင်ထားတဲ့နေရာမှာ ကပ်ထားပေးပါ။ တစ်နေ့ ၂ ကြိမ်
ပြုလုပ်ပေးခြင်းဖြင့် အပူလောင်ခြင်းမှ အမြန်ဆုံးသက်သာသွားပါ
လိမ့်မယ်။

၅။ ဆားဖျော်ရည်

ဆားလက်ဖက်စားဇွန်း (၂)ဇွန်း နှင့် ရေ အနည်းငယ်ကို
ရောစပ်ပြင်ဆင်ပေးပါ။
အပူလောင်ဒဏ်ရာကို အဆိုပါဆားရည်နှင့် ၂နာရီတစ်ခါ တစ်နေ့
သုံးကြိမ် ဆေးကြောပေးခြင်းဖြင့် သိသိသာသာ သက်သာလာပါ
လိမ့်မယ်။

Credit to သုတဇုန်
Myawady Health
https://www.facebook.com/myawadyhealth

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ