စိတ်အတွင်း၌ ဖြစ်ပေါ်နေသည့်အကြောင်းအရာများကို ဖော်ထုတ်ပေးမည့်နည်းပညာဖန်တီး


အမေရိကန်နိုင်ငံ ပန်ဆယ်ဘေးနီးယားပြည်နယ်အတွင်းရှိ ကာနီဂီ မယ်လွန်တက္ကသိုလ်ရှိ ပညာရှင်များသည် လူသားများ၏စိတ်အတွင်း၌ ခံစားနေရသည့်အကြောင်းအရာများကို ဖော်ထုတ်ပေးနိုင်မည့် စနစ်တစ်ခု ဖန်တီးနိုင်ခဲ့ကြောင်း ဒေးလီးမေးလ်သတင်းစာကဖော်ပြသည်။

အဆိုပါစနစ်တွင် မှတ်Óဏ်တုနည်းပညာနှင့်အတူ ဦးနှောက်အတွင်း ရှိဖြစ်စဉ်များနှင့် ပုံရိပ်များအား ဖော်ထုတ်နိုင်မည့်စနစ်များကို ပေါင်းစပ် အသုံးပြုထားခြင်းဖြစ်သည်။ ဦးနှောက်အတွင်းရှိ ပုံရိပ်များကို ခြေရာခံ ပြီးနောက် စိတ်အတွင်း၌ ဖြစ်ပေါ်နေသည့်ခံစားချက်များ၊ တွေးတော နေသည့် အကြောင်းအရာ များကို ပေါင်းစပ်ကာ စိတ်အခြေအနေကို ဖော်ထုတ်ပေးမည်ဖြစ်သည်။

လက်တွေ့စမ်းသပ်မှုများပြုလုပ်ခဲ့ရာတွင် စမ်းသပ်မှုပြုလုပ်သူ၏ စိတ်အခြေအနေကို ခန့်မှန်းရာ၌ တိကျမှန်ကန်မှု အခြေအနေမှာ အနည်းဆုံးရာခိုင်နှုန်း ၇ဝ ရှိခဲ့ကြောင်း အဆိုပါစနစ်အား တီထွင်ခဲ့သည့်အဖွဲ့ကိုဦးဆောင်ခဲ့သည့် ပါမောက္ခမာဆယ်ဂျက်စ်က ပြော သည်။ စိတ်အတွင်း၌ ခံစားနေရသောအကြောင်းအရာများကို ဖော်ထုတ် နိုင်ရန် အသုံးပြုသည့်စနစ်များထဲ၌ စိတ်ပညာအယူအဆအများအပြား ကိုလည်း အသုံးပြုထားကြောင်း သိရသည်။

The Union Daily
https://www.facebook.com/pg/uniondaily.net

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ