ဗီတာမင် စီ က သွေးကင်ဆာကုထုံးများတွင် အသုံးဝင်


အမေရိကန်နိုင်ငံတစ်ခုထဲတွင် နှစ်စဉ်သွေးကင်ဆာရောဂါများဖြစ် သော Myelodysplastic Syndrome (MDS) ဖြစ်ပွားသူ ၁၃၀၀၀ ဦးရှိပြီး Acute Myeloid Leukemia (AML) ဖြစ်ပွားသူ ၂၀၀၀၀ ဦးရှိကာ လက်ရှိတွင် MDS နှင့် AML ဝေဒနာရှင်များ၏ တစ် ၀က်ခန့်သာ လက်ရှိကုထုံး epigenetic ကုထုံးကို တုန့်ပြန်မှုရှိတာ တွေ့ရပါတယ်။ လတ်တလောသုတေသန တစ်ခုအရ ဗီတာမင်စီကို MDSနှင့် AML ဝေဒနာရှင်များတွင် demethylating ဆေးများဖြင့် တွဲပေးပါက စံကုထုံး epigenetic therapy ၏ အာနိသင် ကို ပိုမိုမြင့်တက်စေတယ်လို့ သိရပါ တယ်။ ယခုအချိန်ထိတော့ ကုထုံး သက်ရောက်ပုံကို ဆဲလ်များတွင် စမ်းသပ်မှုတွင်သာ ပြနိုင်သေးပြီး လူများတွင် အမှန်တကယ် သက် ရောက်မှုကိုတော့ စမ်းသပ်ကုသမှု များ လုပ်ပြီးမှသာ သိနိုင်မည်ဖြစ် သည့်အတွက် သုတေသီတွေက ဝေဒနာရှင်များကို စိတ်ရှည်ရှည်နှင့် စမ်းသပ်ကုထုံးရလဒ်များ ထွက်ပေါ် လာမှသာ အသုံးပြုဖို့ တိုက်တွန်းထား ပါတယ်။

အမျိုးသားသိပ္ပံပညာ ဆက် လက်ဖွံ့ဖြိုးရေးက ထုတ်ဝေခဲ့တဲ့ သုတေသနမှာ epigenetic ကင်ဆာ ဆေး decitabineအား ဗီတာမင် စီနှင့် ပေါင်းစပ်ကုသပါက ဆေး၏စွမ်းရည်ကို မြင့်တက်စေပြီး ကင်ဆာ ဆဲလ်ကြီးထွားမှုကို ထိန်းချုပ်ပေးကာ ကင်ဆာဆဲလ်များ အလိုလိုပျက်ဆီး သွားစေဖို့ လှုံ့ဆော်ပေးတာကို တွေ့ ခဲ့ရပါတယ်။ ထို့ထက်သာမက အလားတူ ဆေးတစ်မျိုးဖြစ်တဲ့azacitidine ကိုလည်း ဗီတာမင်စီနဲ့ ပေါင်းစပ်ကုသတဲ့အခါ ရလဒ်ကောင်း တွေ ရလာတာကို တွေ့ရပါတယ်။ ကင်ဆာဝေဒနာရှင် အများစုက ဗီတာမင်စီချို့တဲ့နေကြပြီး ယခုကုထုံး က လျော့ကျနေတဲ့ ဗီတာမင်စီကို ဖြည့်တင်းပေးဖို့သာဖြစ်ပြီး လိုအပ် တာထက် ပိုပြီးပေးဖို့မဟုတ်ကြောင်း ပြောကြားခဲ့ပါတယ်။

ဖိုးသောကြာ
Health Updates Journal
https://www.facebook.com/HealthUpdatesJournal/

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ