Causes of Twins Death အမြွာကလေးတွေ ဘာကြောင့်သေ


ကျွန်တော့်ပို့စ်တခု = အမြွာကလေးတွေ သေဆုံးမှုပိုကြ

၁။ ဘယ်လိုအကြောင်းကြောင့် သေကြသလဲဆရာ။

၂။ အမွှာမကောင်းဘူးပေါ့။

၃။ ဆရာရှင့် ကျွန်မ့ ပါရှင့် ဆရာစာတွေ ပြောကြားချက်တွေ နားထောင်ပြီး အမွှာ ယောက်ျာလေး ကိုယ်ဝန်ဆောင်ခဲ့သူပါ မှတ်မိသေးလားရှင့်။ ဒီနေ့ ဆရာ့မြေးအမွှာလေးတွေ ၃လပြည့်ပြီပါပြီရှင့်။ မြေးအမွှာလေးပုံတွေ ပို့ပေးပါရစေရှင်။ ရုပ်မတူတဲ့ အမွှာလေးတွေရှင့်

ကောင်း။ အခုပဲ အမြွာသတင်းတခု တင်လိုက်သေးတယ်။

ဟုတ်ကဲ့ရှင့်ဆရာ။ ဆရာ့စာတွေ အမြဲဖတ်တယ်ရှင့်။ ဆရာစာတွေဖတ်ပြီး အသိပညာတွေ အများကြီးရပါတယ်ရှင့်။ ဆရာရှင့် အမွှာကလေးတွေ ဘာလို့ အသက်တစ်နှစ်မပြည့်မှီသေဆုံးတာလဲရှင့်။

စာထဲမှာ ပါတယ်။ စောမွေးနိုင်တယ်။ အလေးချိန်နည်းကြတယ်။ အဲတာတွေအပြင် မိဘတွေက စောင့်ရှောက်နိုင်မှု နည်းတာလည်း ပါတယ်။ ဆာဟာရအောက်ပိုင်းမှာ ပိုဆင်းရဲကြတယ်။ အသိပညာလည်း နည်းကြတယ်။ ကံတရားလည်း ပါမှာပေါ့။

တနှစ်အောက်ကလေး သေဆုံးရခြင်းအကြောင်းရင်းများ (တကမ္ဘာလုံး ၂ဝ၁ဝ)
၁။ ဦးနှောက်ချို့ယွင်းချက်များ (ကလေးဖွားစဉ်ထိခိုက်မိခြင်း၊ အောက်စီဂျင်မရခြင်း)
၂။ ကူးစက်ရောဂါများ။ အထူးသဖြင့် သွေးကတဆင့်ကူးစက်ရောဂါများ
၃။ စောမွေးရာမှဆက်ဖြစ်သည်များ
၎။ အသက်ရှူလမ်းရောဂါများ။ အထူးသဖြင့် တုပ်ကွေးနှင့် နူမိုးနီးယား
၅။ ဝမ်းပျက်ရောဂါများ

တနှစ်အောက်ကလေး သေဆုံးရခြင်းအကြောင်းရင်များ (ယူအက်စ်အေ)
၁။ မွေးရာပါချို့ယွင်းမှုများ
၂။ စောမွေး + အလေးချိန်နည်းမွေးခြင်း
၃။ ရုတ်တရက်သေဆုံးရခြင်း ဆင်ဒရုမ်း SIDS
၎။ မူမမှန်ကိုယ်ဝန် (ကိုယ်ဝန်သွေးတိုး၊ ကိုယ်ဝန်ဆီးချို၊ ကိုယ်ဝန်အဆိပ်သင့်ခြင်း)
၅။ ကိုယ်ဝန်ပျက်ခြင်း-ဖျက်ခြင်း
၆။ မတော်တဆဖြစ်ခြင်း။

သုတေသနတခု
၁။ အချိန်စောမွေးခြင်းနှင့် အလေးချိန်မပြည့်ခြင်း = ၃၁%
၂။ ကူးစက်ရောဂါများ = ၂၅%
၃။ မွေးဖွားချိန် အသက်ရှူမဝခြင်းနှင့် ထိခိုက်မှုများ = ၂၃%
၎။ မွေးရာပါ ချို့ယွင်းချက်များ = ၉%
၅။ မီးတွင်းမေးခိုင်ရောဂါ = ၃%
၆။ ဝမ်းပျက်ခြင်း = ၃%
၇။ အခြားအကြောင်းများ = ၆%

မွေးဖွားပြီး ၄ ပတ်အတွင်း သေဆုံးရခြင်းအကြောင်းရင်းများ
၁။ အလေးချိန်နည်းခြင်းနှင့် စောမွေးခြင်း
၂။ မွေးဖွားစဉ် ထိခိုက်မှုများနှင့် ခက်ခဲစွာမွေးရခြင်း
၃။ ပိုးဝင်ခြင်း
၎။ မွေးရာပါချို့ယွင်းချက်များ
၅။ သွေးရောဂါများ
၆။ အချင်းနဲ့ဆက်စပ်ခြင်းခြင်းများ
၇။ ဝမ်းပျက်ခြင်း
၈။ အသက်ရှူလမ်းရက်တိုရောဂါများ
၉။ မေးခိုင်ရောဂါ

မွေးပြီး တလမှ ၁၂ လအတွင်း သေဆုံးရခြင်းအကြောင်းရင်းများ
၁။ ဝမ်းပျက်ခြင်း
၂။ အသက်ရှူလမ်းရက်တိုရောဂါများ
၃။ အခြားကူးစက်ရောဂါများ
၎။ အာဟာရချို့တဲ့ခြင်း
၅။ မွေးရာပါရောဂါများ
၆။ မတော်တဆမှုများ

ဒေါက်တာတင့်ဆွေ
https://www.facebook.com/drtintswe/

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ