သဘာဝအတိုင်းကြီးထွားသည့်စနစ်ကိုတုပကာ ဇီဝနည်းပညာဖြင့် အသည်းအတု ထုတ်လုပ်


အမေရိကန်ပြည်ထောင်စုနှင့် ဂျာမနီနိုင်ငံမှ ပူးပေါင်းသုတေသီများက ယခင်ကမသိခဲ့သည့် အသည်း ဖွံ့ ဖြိုးကြီးထွားမှုဆိုင်ရာ ဗီဇဓါတုပစ္စည်း၏ မော်လီကျူးများ အဆင့်ဆင့်ချိတ်ဆက်ကာ လုပ်ငန်းဆောင် ရွက်သည့်စနစ်ကို ဖော်ထုတ်နိုင်ခဲ့ပြီးနောက် ယခုအခါ အသည်း၏ သဘာဝအတိုင်းကြီး ထွားသည့် စနစ်ကိုတုပကာ ဇီဝနည်းပညာဖြင့် အသည်းအတု ထုတ်လုပ်နိုင်တော့မည်ဖြစ်ကြောင်း သိရသည်။
အသည်းဟာ ပြန်ပွားတယ်ဆိုတာ အားလုံးသိရှိပြီး ဖြစ်ပါတယ်။ သို့ သော် ဘယ်လိုပွားသလဲဆိုတာကို တော့ မသိခဲ့ကြပါဘူး။ အခု ကျွန်တော်တို့ က အသည်းပြန်ပွားတဲ့အခါ အသည်းထဲက ဗီဇဓါတုပစ္စည်း တွေရဲ့  မော်လီကျူးအဆင့်မှာ အဆင့်ဆင့်ချိတ်ဆက်ပြီး လုပ်ငန်းဆောင်ရွက်ကြပုံကို ဖော်ထုတ်နိုင်ခဲ့ တာ ဖြစ်ပါတယ်။

အဲဒီတွေ့ ရှိချက်နဲ့  ဇီဝအင်ဂျင်နီယာနည်းပညာကိုပေါင်းစပ်ပြီးတော့ လူတစ်ယောက် အတွက် လိုအပ်တဲ့အသည်းအစိပ်အပိုင်းကို အဲဒီလူရဲ့ ခန္ဓာကိုယ်တွင်းက ပင်စည်ဆဲလ်ကိုပဲအသုံးပြုပြီး တော့ထုတ်လုပ်သွားနိုင်တော့မှာဖြစ်ပါတယ်။ လက်ရှိအဆင့်မှာ မော်လီကျူးတွေအလုပ်လုပ်ပုံကို အချောသတ်လုပ်ကိုင်နိုင်မယ့်အဆင့်ပဲ ကျန်ရှိတော့တာဖြစ်ပြီး အဲဒီအဆင့်အောင်မြင်သွားတာနဲ့  လူတွေမှာ စတင်စမ်းသပ်နိုင်တော့မှာဖြစ်ပါတယ်ဟု သုတေသီတစ်ဦးဖြစ်သူ Takanori Takebe က ပြောပြသည်။ အသည်းရောဂါ နောက်ဆုံးအဆင့်ကိုရောက်သွားတဲ့အခါအသည်းအစားထိုးကုသမှုကလွဲပြီး ရွေးစရာ မရှိခဲ့ပါဘူး။ အသည်းအလှူရှင်တွေရဲ့ အရေအတွက်ဆိုတာ အကန့် အသတ်ရှိပါတယ်။

 ဒါကြောင့် အသည်းကို ပြန်ပြီးပွားအောင် ဘယ်လိုလုပ်ရင်ရမလဲဆိုတာကို ကျွန်တော်တို့ က အဓိကရည်မှန်းချက် ထားပြီး သုတေသနလုပ်ငန်းတွေ လုပ်ကိုင်လာခဲ့တာပါ။ အသည်းရဲ့ တစ်ရှူးတွေက သဘာဝအတိုင်း ပြန်လည်ဖြစ်ထွန်းပါတယ်။ အဲဒီဖြစ်စဉ်မှာ ဆဲလ်တွေထဲမှာ မော်လီကျူးဖြစ်စဉ် တစ်သီတစ်တန်းကြီး ဖြစ်ပေါ်ပါတယ်။ အဲဒီမော်လီကျူးဖြစ်စဉ်တွေ ဘယ်လိုချိတ်ဆက်တယ်ဆိုတာ ဖော်ထုတ်လိုက်နိုင်ခြင်း ဖြင့် အသည်းအဖူးလေးတွေကို ကျွန်တော်တို့  ပြန်လည်ဖြစ်ထွန်းစေ နိုင်ခြင်းဖြစ်ပါတယ်ဟု ၄င်းက ဆက်လက်ပြောပြသည်။

 ၂၀၀၀ ခုနှစ်မှစတင်ကာ အသည်းကင်ဆာကြောင့်သေဆုံးသူဦးရေမှာ ကမ္ဘာတစ်ဝန်းတွင် ၃ ရာခိုင်နှုန်း ထက်မနည်း တိုးလာခဲ့ကြောင်း၊ အမေရိကန်ပြည်ထောင်စုတွင် ၂၀၁၇ အတွင်း အသည်းကင်ဆာ လူနာ အသစ် ၄၀၇၁၀ ဦးထက်မနည်း ရှိကြောင်း၊ ၄င်းတို့ အနက် ၂၈၉၂၀ ဦးမှာ အသည်းကင်ဆာကြောင့် သေဆုံးနိုင်ဖွယ်ရှိကြောင်း သိရသည်။

ရတနာပုံ သတင်းစာ
https://www.facebook.com/pg/yadanabonnewspaper

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ