လန်ဒန်မြို့၏ ဆေးရုံဆေးခန်း အများစုတွင် သတ်မှတ်လေထုညစ်ညမ်းမှု ပမာဏကို ကျော်လွန်နေကြောင်း လန်ဒန်ဘုရင့်ကောလိပ်မှ သုတေသီများက ထုတ်ပြန်


လန်ဒန်ဘုရင့်ကောလိပ်မှ သုတေသီများက လန်ဒန်မြို့တော်၏ ဆေးရုံဆေးခန်း နေရာများတွင် လေထုညစ်ညမ်းမှု ပမာဏမှာ သတ်မှတ်ရာခိုင်နှုန်းကို ကျော်လွန်နေကြောင်း ဇွန်လ(၁၅) ရက်နေ့က သတိပေးချက်များ ထုတ်ပြန်သွားခဲ့သည်။ သက်ဆိုင်ရာ နယ်မြေအလိုက် ရှိရမည့် လေထုသန့်စင်မှု ပမာဏကို ကမ္ဘာ့ကျန်းမာရေး အဖွဲ့အစည်းက သတ်မှတ်ထုတ်ပြန်ပေးခဲ့ပြီး ဖြစ်သော်လည်း သတ်မှတ်ပမာဏထက် ကျော်လွန်နေခြင်းနှင့် ပတ်သက်ပြီး တာဝန်ရှိသူများအနေဖြင့် စုံစမ်းစစ်ဆေးမှုများ ပြုလုပ်သွားသင့်ကြောင်းလည်း သုတေသီများက တိုက်တွန်းသွားခဲ့သည်။ဆေးရုံဆေးခန်းဧရိယာများ၌ လေထုညစ်ညမ်းမှု ပမာဏ မြင့်မားနေခြင်းမှာ နာမကျန်းဖြစ်နေသော ပြည်သူလူထု အတွက် စိုးရိမ်စရာ အနေအထား ဖြစ်နေပြီး ဆေးရုံဆေးခန်းမှ တာဝန်ရှိသူများအနေဖြင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး အေဂျင်စီမှ ကျွမ်းကျင်ပညာရှင်များဖြင့် တွေ့ဆုံညှိုနှိုင်းကာ အမြန်ဆုံး ဖြေရှင်းသွားရန်လည်း သုတေသီများက အကြံပြုသွားခဲ့သည်။

 လန်ဒန်မြို့ ဘုရင့်ကောလိပ်မှ သုတေသီများကလည်း ဆေးရုံဆေးခန်းများတွင် လေထုညစ်ညမ်းမှု ဖြစ်ပေါ်နေခြင်းမှာ ဆေးရုံဆေးခန်းများတွင် အသုံးပြုနေသော ဆေးဝါးကုသမှု အထောက်အကူပြု ပစ္စည်းများမှ ထွက်ပေါ်လာသည့် ဖန်လုံအိမ်အာနိသင်ဓာတ်ငွေ့များကြောင့် ဖြစ်နိုင်ကြောင်းလည်း သုံးသပ် ထုတ်ပြန်သွားခဲ့သည်။

လန်ဒန်ဘုရင့်ကောလိပ်မှ သုတေသီများနှင့် ယူကေကျန်းမာရေးလှုပ်ရှားမှု ညွှန့်ပေါင်းအဖွဲ့အစည်းမှ သုတေသီများ ပူးပေါင်းကာ အင်္ဂလန်နိုင်ငံအတွင်း လေထုညစ်ညမ်းမှု ဖြစ်ပေါ်နေသော အရပ်ဒေသများကို စုစည်းဖော်ပြပေးသည့် မြေပုံတစ်ခုကိုလည်း ပြည်သူလူထုထံသို့ ချပြနိုင်ခဲ့ကြောင်း သိရသည်။

ရတနာပုံ သတင်းစာ
https://www.facebook.com/pg/yadanabonnewspaper

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ