ဝက်ခြံနှင့်အမာရွတ်များကို ဖယ်ရှားနည်း


အသက်အရွယ်အလို ဟော်မုန်းဓါတ်ပြောင်းလဲခြင်းကြောင့် လူ ၈၀ ရာခိုင်းခန့်ဟာ ၀က်ခြံများ ပေါက်လေ့ရှိကြပါတယ်။
သင့်မျက်နှာပေါ်မှ ၀က်ခြံနှင့်အမာရွတ်များကို သဘာဝကုထုံးများဖြင့် ကုသနိုင်ရန် ဆေးနည်းများကို ညွန်ပေးလိုက်ပါတယ်။
ဆေးနည်း (၁) မျက်နှာကို သခွါးသီးကပ်ပါ
သခွါးသီးကို အကွင်းလိုက် လှီးပြီး မျက်နှာပေါ်ကို ၁၅ မိနစ်ခန့် ကပ်ပေးထားပါ။ ပြီးလျှင် မျက်နှာကို သစ်လိုက်ပါ။ တစ်ပတ်ကို အနည်းဆုံး တစ်ကြိမ် အမြဲလုပ်ပေးနိုင်ပါတယ်။ သခွါးသီးမှာ ပါဝင်တဲ့ ဓါတ်တစ်မျိုးဟာ ၀က်ခြံနှင့် အမာရွက်များကို ချေဖျက်ပေးနိုင်ပြီး အသားအရေကို နူးညံ့လှပစေပါတယ်။
ဆေးနည်း (၂) ရှားစောင်းလက်ပပ်
ရှားစောင်းလက်ပပ်ကို အတွင်းသား ဂျယ်လီလို အသားကို စွန်းဖြင့် ခြစ်ယူပြီး မျက်နှာပေါ်ကို ၁၅ မိနစ်ခန့် လိမ်းပေးပါ။ အမာရွတ်များကို စုပ်ယူပေးပါလိမ့်မည်။ ရှားစောင်းအသားကို အချွဲနှင့်အဆိပ်အတောက်များ ပယ်သွားစေရန် နာရီဝက်ခန့် ရေ သို့မဟုတ် ဆန်ဆေးရေစိမ်ထားပြီး အဖတ်ကိုသကြားနှင့် ဖျော်ရည်လုပ်၍ သောက်နိုင်ပါတယ်။ အသားအရည်ကို ချောမွတ်လှပစေပါတယ်။
ဆေးနည်း (၃) သံလွင်ဆီ
သံလွင်ဆီကို ရေချိုးခါနီး မျက်နှာပေါ်ကို သုတ်လိမ်းပြီး မိနစ်အနည်းငယ် ကြာအောင်ထားပြီး မျက်နှာကို သစ်ပေးနိုင်ပါတယ်။ သံလွင်ဆီဟာ အရေပြားနှင့် မျက်နှာပေါ်မှ အဖုများ၊ အမာရွတ်များကို ရှင်းလင်းပေးနိုင်စွမ်းရှိပါတယ်။
ဆေးနည်း (၄) နံ့သာဖြူနှင့် နှင်းဆီရေ
နံ့သာဖြူနှင့် နှင်းဆီရေကို ဆတူ ရောစပ်ပြီး မျက်နှာပေါ်ကို လိမ်းပေးကာ နာရီဝက်ခန့်ထားပြီး မျက်နှာသစ်ပါ။ အရေပြားပေါ်ရှိ ၀က်ခြံနှင့် အမာရွတ်များ သိသာစွာ ပျောက်ကင်းသွားပါလိမ့်မည်။ တစ်ပတ်ကို ၂ ကြိမ်ခန့် လုပ်ပေးနိုင်ပါတယ်။ (Rose Water ခေါ် နှင်းဆီရေကို အလှကုန်ဆိုင်များမှာ မေးဝယ်၍ ရနိုင်ပါတယ်။ ဈေးလည်း သက်သာပါတယ်)
ဆေးနည်း(၅) ထောပတ်သီး၊ သံပုရာခြမ်း
ရေချိုးခါနီး ထောပတ်သီး သို့မဟုတ် သံပုရာခြမ်းကို မျက်နှာကို သုတ်လိမ်းပေးပါ။ ၁၀ မိနစ်ခန့် ထားပြီးလျှင် မျက်နှာသစ်ရေချိုးပြီး Skincare တစ်မျိုးမျိုးကို လိမ်းထားပါ။
ဆေးနည်း (၆) ရေဓါတ်
ရေဓါတ်ဟာ လူ့ခန္ဓာကိုယ်၏ ကျန်းမာရေးအတွက် အလွန်အရေးကြီးရုံတင်မကပဲ အသားအရေစိုပြေလှပဖို့အတွက် အထူးလိုအပ်လှပါတယ်။ တစ်နေ့ကို အနည်းဆုံး ရေ (၈) ဖန်ခွက်ခန့် သောက်သုံးပေးပါက ရေဓါတ်ပြည့်ဝလာပြီး အသားအရလည်း စိုပြေလာသလို အရေပြားပေါ်မှာ ဆဲလ်အသစ်များ ပြောင်းလဲပေးနိုင်ပြီး ၀က်ခြံ၊ အမာရွတ်များနှင့် အညစ်အကြေးများကို သန့်စင်ပေးနိုင်ပါတယ်။
မြင်သူတကာငေးမောလောက်သည့် မျာက်နှာအလှများကို ပိုင်ဆိုင်နိုင်ကြပါစေ။

စောနွဲ့ နေဆိုင် - ပူတာအို
Myawady Health
https://www.facebook.com/pg/myawadyhealth

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ