ကျေးလက်နေ အမျိုးသမီးများနှင့် ကလေးသူငယ်များ၏ လူမှုဘဝ တိုးတက်စေရေး အတွက် လာအိုနှင့် UNICEF တို့ပူးပေါင်း


ကျေးလက်ဒေသများရှိ အမျိုးသမီးများနှင့် ကလေးသူငယ် များ၏ လူမှုဘဝ တိုးတက်လာစေရေး အတွက် ပူးပေါင်းလုပ်ဆောင်ရန် လာအို အမျိုးသား တည်ဆောက်ရေး တပ်ဦး (LFNC)နှင့် ကုလသမဂ္ဂ ကလေးသူငယ်များ ရန်ပုံငွေအဖွဲ့ (UNICEF) တို့က သဘော တူညီချက် တစ်ရပ်ကို လက်မှတ်ရေးထိုး လိုက်သည်။

တစ်နှစ်ကျော်ကြာ အကောင်အထည် ဖော်ဆောင်မည့် လုပ်ငန်းစီမံကိန်း ၂ဝ၁၇-၂ဝ၁၈ ကို လာအိုနိုင်ငံ မြို့တော် ဗီယန်ကျင်း၌ မေ ၁ဝ ရက်တွင် လက်မှတ် ရေးထိုးကြခြင်းဖြစ်ပြီး အဓိက ရည်ရွယ်ချက်မှာ အမျိုးသမီးများနှင့် ကလေးသူငယ်များ အထူးသဖြင့် မျိုးနွယ်စု တိုင်းရင်းသား အဖွဲ့များ အနေဖြင့် ပညာရေး၊ ကျန်းမာရေး၊ ကလေးသူငယ်ကာကွယ် စောင့်ရှောက်ရေးနှင့် အခြား အရေးပါသည့် ကိစ္စရပ်များ တိုးတက်လာစေရေးနှင့် စပ်လျဉ်း၍ လုပ်ဆောင်ရန် ဖြစ်သည်။ အဆိုပါ လုပ်ငန်းစီမံကိန်း ၂ဝ၁၇-၂ဝ၁၈ကို အကောင်အထည် ဖော်ရာတွင် ဘေးဖယ် ခံထားရပြီး အန္တရာယ် ကျရောက်နိုင်ဖွယ် ရှိသည့် အဖွဲ့အစည်းများ အနေဖြင့် ကလေးသူငယ် လက်ထပ်ထိမ်းမြားခြင်း၊ ငယ်ရွယ်စဉ် ကိုယ်ဝန်ဆောင်ခြင်း၊ ကလေးသူငယ် လူကုန်ကူးခြင်း၊ ရောဂါခုခံ နိုင်စွမ်းအား၊ အာဟာရ၊ သောက်သုံးရေ သန့်ရှင်းမှု ရှိစေခြင်းနှင့် တစ်ကိုယ်ရေ သန့်ရှင်းရေးစသည့် ကိစ္စရပ်များနှင့် စပ်လျဉ်း၍ အသိပညာ ပေးခြင်းများကို လုပ်ဆောင်သွားမည် ဖြစ်သည်။

မြဝတီ
https://www.facebook.com/pg/mwdwebportal

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ