အင်္ဂလန်နိုင်ငံက ပညာရှင်တွေ အဆိုအရ ကလေးတွေရဲ့ နေထိုင်မှုဘ၀ပုံစံပေါ်မှာ သူတို့မိဘတွေရဲ့ မြင်ရတဲ့၊ မမြင်ရတဲ့ စိတ်ခံစားချက်အပါအ၀င် တခြားအကျိုးသက်ရောက်မှုတွေက လွှမ်းမိုးနေပါတယ်။
လေ့လာတွေ့ရှိချက်တွေအရ ကလေးတွေဟာ ပတ်ဝန်းကျင်ကြောင့်သော်လည်းကောင်း ၊ မျိုးရိုးဗီဇ ကြောင့်သော်လည်းကောင်း အများဆုံး ကိုယ့်ကိုကိုယ် အဆုံးစီရင်လေ့ ရှိတာကိုတွေ့ရပါတယ်။
မိဘတွေကြောင့် ရတဲ့ စိတ်ဒဏ်ရာတွေ ဖိအားတွေကလည်း ကလေးတွေအပေါ်မှာ အများကြီးသက် ရောက်မှုရှိပါတယ်။
မိဘတွေနဲ့ဆိုင်တဲ့ အကြောင်းအရာတွေကြောင့် ကိုယ့်ကိုကိုယ် ထိန်းကျောင်းရတာတွေ၊ ပတ်ဝန်းကျင်နဲ့ ဆက်ဆံမှုတွေမှာ အကြမ်းဖက်ခံရတာတွေကြောင့် ကလေးတွေဟာ စိတ်ဒဏ်ရာ ရကြရပါတယ်။ ဒါ့အပြင် မိဘနဲ့ သားသမီး ဆက်ဆံရေးတွေကြောင့်လည်း စိတ်ဒဏ်ရာ ရကြပါတယ်။
၁၉၆၇ ခုနှစ် နဲ့ ၁၉၉၇ ခုနှစ် အတွင်း ဒိန်းမတ်မှာရှိတဲ့ လူဦးရေ ၁.၇၄ သန်းကို လေ့လာတဲ့အခါမှာ မိဘတွေရဲ့ အတင်းအကြပ် စေခိုင်းမှု၊ မိဘတွေကိုယ်တိုင်က ဆေးစွဲနေတာတွေနဲ့ ကိုယ့်ကိုယ်ကို အဆုံးစီရင်ဖို့ ကြိုးစားတာတွေကြောင့် ကလေးတွေမှာလည်း အဆုံးစီရင်မှုတွေ ၃ ၊ ၄ ကြိမ်ရှိတာ တွေ့ရပါတယ်။
ကိုယ့်ကိုကိုယ် အဆုံးစီရင်တဲ့ ဖြစ်ရပ်တွေကို လေ့လာကြည့်မယ်ဆိုရင် ယောကျာင်္းလေး ထက် မိန်းကလေးတွေမှာ ပိုမိုဖြစ်ပွားတာကို တွေ့ရပါတယ်။
( Michelle )
#health.thithtoolwin.com
#သစ်ထူးလွင်(ကျန်းမာရေး)
Ref : UPI