အာဖာဖာ (Alfalfa) အကြောင်း သိကောင်းစရာ


မေး။ ဆရာရှင့်။ ဒီကနေ့ ဈေးကွက်ထဲမှာ တစ်နေ့တခြား ရေပန်းစားလာတဲ့ အာဖာဖာဆိုတဲ့ ဆေးဖက်ဝင်အပင် အကြောင်း မေးမြန်းတင်ဆက်ချင်ပါတယ်။ ပထမဆုံးအနေနဲ့အာဖာဖာဆိုတာ ဘယ်လို မျိုး ဆေးဖက်ဝင်အပင်ဖြစ်တယ် ဆိုတာ အရင်ဆုံးပြောပြပေးပါ။

ဖြေ။ ပထမဆုံး အပင်နာမည်ဖြစ်တဲ့ အာဖာဖာဆိုတဲ့ အမည်ကတော့ အာရပ်ဘာသာစကား (Arabic name)ဖြစ်ပြီး Father of all food လို့ အဓိပ္ပာယ်ရပါတယ်။ မြန်မာလိုဆိုရင်တော့ အစားအစာအား လုံးရဲ့ ဖခင်လို့ တင်စားပြောထား တာဖြစ်ပါတယ်။ သူ့ရဲ့မူရင်းဒေသကလည်း မြေထဲပင်လယ်ဒေသဖြစ်ပြီး အဲဒီကမှတစ်ဆင့် ကျန်တဲ့နိုင်ငံတွေကို ပျံ့နှံ့ ရောက်ရှိခဲ့တာဖြစ်ပါတယ်။ သူ့ရဲ့ရုက္ခဗေဒအမည် ကတော့ Medicago sativa ပါ။ အပင်ကတော့ ၂ ပေ၊ ၃ ပေ လောက်သာဖြစ်တဲ့ ချုံပင်လိုဖြစ်ပြီး ပဲအုပ်စုအနွယ်ဝင်အပင်ပျော့ ဖြစ်ပါတယ်။

မေး။ ဆေးဖက်ဝင်တဲ့အပိုင်းက အရွက်တစ်ခုပဲလားဆရာ။ တခြားဘယ်အစိတ်အပိုင်းတွေကရော ဆေးဖက်ဝင်ပါသေး သလဲ။

ဖြေ။ မှန်ပါတယ်။ ဆေးဖက်ဝင်တဲ့အပိုင်းကတော့ အရွက်တစ်ခုတည်းပါပဲ။ ကျန်တဲ့အပွင့်တို့ အသီးတို့ အစေ့၊ အကိုင်း၊ အမြစ် စတဲ့အပိုင်းတွေကိုတော့ ဆေးဝါးဖော်စပ်ရာမှာ အသုံးမပြုနိုင်ပါဘူး။ ခုနက ကျွန်တော်ပြောခဲ့သလို အပင်ကိုစ စိုက်ပြီး သုံးလကျော်တာနဲ့အရွက်ကို စခူးလို့ရပါပြီ။ ချဉ်ပေါင်ရွက်ခူးသလိုဆွတ်ပြီး ဒီအတိုင်း အစိမ်းပဲစားစား၊ ဟင်းရန် အနေနဲ့ပဲစားစား အခြောက်ခံအမှုန့်ပြုလုပ်ပြီး ဆေးတောင့်ဆေးပြား အနေနဲ့ပဲဖြစ်ဖြစ် အသုံးပြုနိုင်ပါတယ်။

မေး။ ဒီလိုမျိုး အာဟာရဓာတ်တွေပါတော့ ကျန်းမာရေးကို ဘယ်လိုများ အထောက်အကူ ပြုပါသလဲဆရာ။

ဖြေ။ ခန္ဓာကိုယ်ကြီးထွားဖွံ့ဖြိုးဖို့ အထောက်အကူပြုပါတယ်။ အာဖာဖာဟာ အာဟာရဓာတ်ကြွယ်ဝတဲ့ အရွက်တစ်မျိုး ဖြစ်တာကြောင့် သူ့ကိုနေ့စဉ်စားသုံးရင် ခန္ဓာကိုယ်ဖွံ့ဖြိုးကြီးထွားဖို့ များစွာအထောက် အကူပြုပါတယ်။ မြင်းတွေ၊ နွား တွေ၊ ဆိတ်တွေကိုကျွေးရင် ကြီးထွားနှုန်းအလွန်မြန်ပါတယ်။ ဘာလို့လဲဆိုတော့ ကြီးထွားရေးမှာ အဓိကလိုအပ်တဲ့ protein ဓာတ်ဟာ သူ့အရွက်ထဲမှာ ၂၅ ရာခိုင်နှု န်းတောင် ပါဝင်နေလို့ဖြစ်ပါတယ်။ ဒါကြောင့် ကြီးထွားဆဲကလေးငယ် တွေ၊ အားကစားသမားတွေ၊ သက်ကြီးရွယ်အိုတွေ၊ နာလန်ထလူမမာတွေ စားသင့်တဲ့အစားအစာတစ်ခု ဖြစ်ပါတယ်။ ဝမ်းချုပ် သူတွေအနေနဲ့လည်း ဝမ်းမှန်အောင် စားပေးသင့်ပါတယ်။ သွေးအားနည်းရောဂါမဖြစ်အောင်လည်း ကာကွယ် ပေးပါတယ်။ Anticholesterol effect - သွေးထဲမှာရှိတဲ့ အဆီဓာတ်ကို ကျစေနိုင်ပါတယ်။ သူ့မှာပါဝင်တဲ့ Triterpene saponin လို့ခေါ်တဲ့အခါးဓာတ်ဟာ သွေးထဲမှာရှိတဲ့ Total cholesterol နဲ့ LDL တွေကို ကျစေနိုင်တဲ့ အာနိသင် ရှိတော့ အဝလွန်သူတွေ၊ Cholesterol များသူတွေ၊ သွေး တိုးဝေဒနာရှင်တွေ၊ နှလုံးသွေးကြောကျဉ်း ဝေဒနာရှင်တွေ အတွက် များစွာအထောက်အကူပြုပါတယ်။

Anti-diabetic effect-ဆီးချိုသွေးချိုရောဂါကို သက်သာစေနိုင်ပါတယ်။ အမျိုးသမီးဟိုမုန်းတွေ ဖြည့်တင်းပေးပါတယ်။ ဒါကြောင့် အသားအရေစိုပြည်လှပစေခြင်း၊ ကင်ဆာရောဂါကနေကာကွယ်ပေးခြင်းနဲ့ အရိုးတွေကို ခိုင်မာစေခြင်း စတဲ့ အကျိုးကျေးဇူးတွေကို ရမှာဖြစ်ပါတယ်။ Phytoestrogen ဖြစ်တဲ့အတွက် အမျိုးသားတွေ သုံးမယ်ဆိုရင်လည်း အရွယ်တင်နုပျိုစေခြင်း၊ ဆီးကျိတ်ကင်ဆာကာ ကွယ်ပေးခြင်း စတဲ့အကျိုးကျေးဇူးတွေရနိုင်ပါတယ်။ ပဲပိစပ်စားသလို အာနိ သင်နဲ့တူပါတယ်။

အာဖာဖာကို အဓိကစားသုံးသင့်တဲ့သူတွေကတော့-

(၁) ကြီးထွားဆဲကလေးတွေ၊ သက်ကြီးရွယ်အိုတွေ၊ နာလန်ထလူမမာတွေ၊ ဝမ်းချုပ်တတ်သူတွေ၊ သွေးအားနည်းသူ တွေ၊(၂) ဝတဲ့သူတွေ၊ သွေးထဲမှာ အဆီဓာတ်များသူတွေ၊ သွေးတိုးရောဂါ၊ နှလုံးသွေးကြောကျဉ်း ရောဂါရှိသူတွေ၊ လေဖြတ်ဖူးသူတွေ၊(၃) ဆီးချိုသွေးချိုရောဂါရှိသူတွေ၊(၄) သွေးဆုံးတဲ့အမျိုးသမီးတွေ၊ အရိုးပွရောဂါရှိသူတွေ၊ အသားအရေခန်းခြောက်သူတွေ၊(၅) မကြာခဏ ဖျား နာတတ်သူတွေဖြစ်ပါတယ်။

မေး။ အာဖာဖာကို မစားသင့်တဲ့ အခြေအနေရှိရင်လည်း သိပါရစေ။

ဖြေ။ အဓိကအနေနဲ့ SLE လို့ခေါ်တဲ့ Systemic Lupus Erythematosus ရောဂါရှိသူတွေကတော့ အာဖာဖာကို မသုံး စွဲသင့်ပါဘူး။ သူ့မှာအနည်းငယ်ပါဝင်တဲ့ Canavanine လို့ခေါ်တဲ့ non-protein amino acid တွေဟာ SLE ရဲ့ရောဂါ လက္ခဏာတွေကို ပိုဆိုးစေပါတယ်။ အထူးသဖြင့် အာဖာဖာစားပြီး နေရောင်ခြည်ထဲသွားခဲ့ရင် မျက်နှာမှာ အနီရောင် အဖုအပိမ့်တွေ ထွက်လာနိုင်လို့ ဖြစ်ပါတယ်။

မေး။ အာဖာဖာကို မြန်မာပြည်မှာ စိုက်ပျိုးထုတ်လုပ်လို့ ရပါသလားဆရာ။

ဖြေ။ ရပါတယ်။ ကျွန်တော်တို့ အရှေ့တောင်အာရှမှာရှိတဲ့ မလေးရှားနိုင်ငံ၊ ထိုင်းနိုင်ငံ၊ ဗီယက်နမ်နိုင်ငံ၊ ဖိလစ်ပိုင်နိုင်ငံ တွေမှာ စိုက်ပျိုးထုတ်လုပ်လျက်ရှိတော့ ကျွန်တော်တို့နိုင်ငံမှာလည်း စိုက်လို့ရမှာ ပဲဆိုပြီး အဲဒီလေးနိုင်ငံကို ကိုယ်တိုင် သွားရောက်လေ့လာပြီးတော့ မျိုးစေ့တွေဝယ်လာခဲ့ပါတယ်။ ဒီတော့ရန်ကုန်မြို့ လှိုင်သာယာမှာရှိတဲ့ FAME ဆေးဝါး စက်ရုံမှာပဲ သုတေသနအဆင့် စမ်းသပ်စိုက်ပျိုး တာ အောင်မြင်ခဲ့ပါတယ်။ အခုတော့ ပြင်ဦးလွင်မှာရှိတဲ့ FAME Organic Farm မှာ စတင်စိုက်ပျိုးထုတ်လုပ်နေပါပြီ။

မေး။ အာဖာဖာနဲ့ ထုတ်ထားတဲ့ ဆေးတောင့်တွေကို ဘယ်လိုများ သောက်သုံးသင့်ပါသလဲဆရာ။

ဖြေ။ ကျွန်တော်တို့ဆီက ထုတ်တဲ့ Alfalfaforte capsule တစ်တောင့်ဟာ အာဖာဖာ 350 mg နဲ့ wheatgrass 50 mg၊ စုစုပေါင်း 400 mg ပါဝင်ပါတယ်။ တစ်ခါသောက် တစ်တောင့်ကနေ နှစ်တောင့် တစ်နေ့နှစ်ကြိမ် သောက်ရပါ မယ်။ အစာမစားခင်ပဲဖြစ်ဖြစ် အစာစားပြီးဖြစ်ဖြစ် ကြိုက်တဲ့အချိန် သောက်နိုင်ပါတယ်။

မေး။ ကျွန်မတစ်ခါက ဖတ်ဖူးတဲ့ဆောင်းပါးထဲမှာ အာဖာဖာရဲ့အမြစ်ဟာ ထူးခြားတယ်လို့ ဆိုလိုပါတယ်ဆရာ။ ဘယ် လိုမျိုး ထူးခြားမှု ရှိတယ်ဆိုတာလည်း သိပါရစေ။

ဖြေ။ အမြစ်မှာ ထူးခြားချက်နှစ်ခု ရှိပါတယ်။ ပထမတစ်ခုကတော့ အမြစ်ဟာ မြေကြီးထဲကို အနက်ကြီး ထိုးဖောက်ဝင် ရောက်ပြီး မြေကြီးထဲမှာရှိတဲ့ အစာအာဟာရတွေကို စုပ်ယူပါတယ်။ ပေ ၃ဝ လောက်အထိဆင်းပြီး ဆင်းတဲ့လမ်း တစ်လျှောက်လုံးမှာလည်း အမြစ်မွှားလေးတွေကနေတစ်ဆင့် ရေနဲ့အာဟာရဓာတ်တွေ စုပ်ယူတဲ့အတွက် သူ့မှာတခြား အပင်တွေမှာ မတွေ့နိုင်တဲ့အာဟာရ ဓာတ်တွေပါရှိနေခြင်းဟာ ထူးခြားချက်တစ်ခု ဖြစ်ပါတယ်။ ဒုတိယထူးခြားချက်က တော့အမြစ်တစ်လျှောက်လုံးမှာ အဖုလုံးတွေအများကြီးတွေ့ရပါလိမ့်မယ်။ အဲဒီအဖုလေးတွေဟာ လေထဲမှာရှိတဲ့ နိုက် ထရိုဂျင်တွေကို ဖမ်းယူစုဆောင်းပြီး အပင်ကြီးထွားအောင် ပြုလုပ်ပေးပါတယ်။ အမေရိကန်နိုင်ငံမှာရှိတဲ့ အော်ရီဂွန် တက္ကသိုလ်က ဒေါက်တာဂျနီဖာရဲ့ လေ့လာစမ်းသပ်ချက်အရ အာဖာဖာအပါအဝင် ပဲ မျိုးနွယ် အတော်များများရဲ့ အမြစ်ကနေ ဓာတ်တစ်မျိုး ထုတ်လွှတ်ပေးပါတယ်။ အဲဒီဓာတ်တစ်မျိုးကြောင့် မြေကြီးထဲမှာရှိတဲ့ အကျိုးပြု ဗက်တီးရီးယားတွေကို ဆွဲဆောင်ပါတယ်။ အဲဒီအကျိုးပြု ဗက်တီးရီး ယားတွေဟာ လေထဲမှာရှိတဲ့ နိုက်ထရိုဂျင်ကို အပင်အတွက် လိုအပ်တဲ့ အမိုးနီးယားအဖြစ်ကို ပြောင်းလဲပေးတော့ အပင်ဟာ သဘာဝမြေသြဇာအဖြစ် သုံးနိုင်တဲ့အတွက် များစွာအ ကျိုးရှိပါတယ်။ ဒီနေ ရာမှာ စကားစပ်လို့ပြောရရင် အာဖာဖာစိုက်ပျိုးရာမှာ ဓာတ်မြေသြဇာ လုံးဝသုံးဖို့ မလိုပါဘူး။ ပြီး တော့ အပင်ဖျက်ပိုးမွှားတွေရဲ့ရန်ကလည်း ခံနိုင်ရည်ရှိတဲ့ အပင်လည်းဖြစ်တော့ ဓာတုဗေဒ ပိုးသတ်ေ ဆးတွေ သုံးဖို့မ လိုတဲ့အတွက် အော်ဂဲနစ်နည်းစနစ်နဲ့ ကောင်းစွာအောင်မြင်အောင် စိုက်ပျိုးနိုင်ပါတယ်။ ဒါကြောင့် ဒီကနေ့ကမ္ဘာမှာ ကျွန်တော်လေ့လာတွေ့ရှိရသလောက် အာဖာဖာစိုက်ခင်း အတော် များများမှာ အော်ဂဲနစ်နည်းစနစ်နဲ့သာ စိုက်ပျိုး ထုတ်လုပ်ထားတာမို့ စားသုံးသူတွေအနေနဲ့ရော တိရစ္ဆာန်တွေအနေနဲ့ပါ များစွာအကျိုးရှိပါတယ်။

မေး။ အာဖာဖာအရွက်နဲ့ ပြုလုပ်ထားတဲ့ဆေးတွေသောက်ရင် ဘာတွေများ သတိထားဖို့ လိုပါသလဲဆရာ။

ဖြေ။ သာမန်အားဖြင့် တစ်နေ့လေးတောင့် သောက်တဲ့သူအတွက်ကတော့ ဘာမှထွေထွေထူးထူးမလိုပါဘူး။ ရှောင်ဖို့ လည်းမလိုပါဘူး။ ဒါပေမဲ့ များများသောက်မယ်။ ကြာကြာသောက်မယ်ဆိုရင်တော့ သတိပြုစရာလေးတွေရှိပါတယ်။

(၁) ဆီးချိုသွေးချို ဝေဒနာရှင်တွေသောက်ရင် အနောက်တိုင်းဆေးဝါးတွေ သောက်တဲ့သူဆိုရင်တော့ ဆေးအချိန် အဆ dose ကို မိမိကိုကုသနေတဲ့ဆရာဝန်နဲ့ မကြာခဏဆိုသလို ပြန်ချိန်ဖို့လိုပါတယ်။ ဘာကြောင့်လဲဆိုတော့ Alfalfa ဟာ ဆီးချိုသွေးချိုကို သက်သာစေတဲ့အတွက် ဆေးနှစ်မျိုးပေါင်းရင်သွေးထဲမှာ သကြားဓာတ်အရမ်းကျသွားတာမျိုး မဖြစ်ဖို့သတိထားရပါမယ်။

(၂) ကိုယ်ဝန်တားဆေးသောက်နေတဲ့ သူတွေဆိုရင်လည်း Alfalfa မှာပါတဲ့ Phytoestrogen တွေကြောင့် တားဆေး ရဲ့ အာနိသင်ဟာ အနည်းငယ် လျော့သွားနိုင်ပါတယ်။

(၃) သွေးကျဲဆေးသောက်တဲ့သူတွေ ဥပမာ Aspirin တို့ Clopedogil တို့ Warffarin စတဲ့ဆေးတွေသောက်တဲ့ သူ တွေဆိုရင်လည်း Alfalfa သောက်ရင် dose အများကြီးမသောက်သင့်ပါဘူး။ တစ်နေ့ ၁ဝ တောင့်ထက် ပိုမသောက် သင့်ဘူးလို့ ပြောလိုပါတယ်။

မေး။ ကိုယ်ဝန်ဆောင်နဲ့ နို့တိုက်မိခင်တွေရော သောက်နိုင်ပါသလားဆရာ။

ဖြေ။ ကိုယ်ဝန်ဆောင်ဆိုရင် သတ်မှတ်ပေးတဲ့ အချိန်အဆနဲ့ သောက်ရင် အရွက်နဲ့ပဲ လုပ်ထားတဲ့ ဆေးဆိုရင်ရပါတယ်။ အစေ့ဆိုရင်တော့ မရပါဘူး။ နို့တိုက်မိခင်ဆိုရင်လည်း အရွက်ကိုပဲ သောက်ရပါ မယ်။ အရွက်နဲ့လုပ်ထားတဲ့ ဆေးကို သောက်ရင် နို့ရည်ပိုထွက်ပါတယ်။ နို့သိပ်မထွက်တဲ့မိခင်တွေဆို ပိုသုံးသင့်ပါတယ်။ Lactogenic action ရှိလို့ဖြစ်ပါ တယ်။ဒီလောက်ဆိုရင် အာဖာဖာ (Alfalfa)နဲ့ပတ် သက်လို့ လုံလောက်ပြီလို့ယူဆပါတယ်။ ။

မြဝတီ
https://www.facebook.com/pg/mwdwebportal

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ