HIV-1 ကူးစက်မှုကို ဗီဇတည်းဖြတ်စနစ်ဖြင့် အောင်မြင်စွာ ဟန့် တားနိုင်


HIV ကူးစက်ခံထားရသူများတွင် HIV ဗီဇဓါတုပစ္စည်းကို တည်းဖြတ်ခြင်းဖြင့် ၄င်းဗိုင်းရပ် ဆက်လက်ကူးစက်မှု မဖြစ်ပွားအောင် ဟန့် တားနိုင်ပြီဖြစ်ကြောင်း အမေရိကန်ပြည်ထောင်စု၊ Pittsburgh တက္ကသိုလ်နှင့် Temple တက္ကသိုလ်တို့ မှသုတေသီများက ပူးတွဲထုတ်ပြန်ကြေညာသည်။

သက်ရှိသတ္တ၀ါတွေကို ဗီဇဓါတုတည်းဖြတ်တဲ့နည်းနဲ့  HIV-1 ဗိုင်းရပ်ကူးစက်မှုကို ဟန့် တားထိန်းချုပ် နိုင်ခဲ့ပါတယ်။ဒါဟာ HIV ဗိုင်းရပ်ကူးစက်မှုကို အမြဲတမ်းအတွက် ပျောက်ကင်းစေနိုင်ခြင်းဖြစ်ပါတယ်။ HIV ဗိုင်းရပ်ဟာ ခန္ဓာကိုယ်ရဲ့  ငုပ်လျှိုးနေတဲ့ အရည်ဓါတ်တွေမှာ ခိုအောင်းနေလေ့ရှိတဲ့အတွက် အရင်ကတော့ အဲဒီဗိုင်းရပ်ကို လိုက်လံရှာဖွေသုတ်သင်ဖို့ ဆိုတာ အဆင်မပြေခဲ့ပါဘူး။ အခုဆိုရင်တော့ ဗီဇတည်းဖြတ်တဲ့ စနစ်နဲ့  HIV DNA တွေကို ထပ်ပြီး မျိုးမပွားနိုင်အောင် ထိန်းချုပ်နိုင်ပြီဖြစ်ပါတယ်ဟု သုတေသီတစ်ဦးက ပြောပြသည်။ သုတေသီများက သက်ရှိ ၃ မျိုးတွင် အဆိုပါ ဗီဇဓါတုတည်းဖြတ်စနစ်အား စမ်းသပ်ခဲ့ကြောင်း၊ ကြွက်များ တွင်လည်း လူသားဆဲလ်များကိုထည့်သွင်းကာ လူသားများတွင်လည်း အဆိုပါ ဗီဇဓါတု တည်းဖြတ်သည့် စနစ်ကို အသုံးပြုနိုင်ခြင်း ရှိ၊မရှိ စမ်းသပ်ခဲ့ရာ အသုံးပြုနိုင်သည်ကို တွေ့ ရှိခဲ့ကြောင်း သိရသည်။ HIV-1 ဗိုင်းရပ် ထပ်ပြီး ဆင့်ကဲဆင့်ကဲမပွားနိုင်အောင် ဗီဇဓါတုတည်းဖြတ်တဲ့စနစ်နဲ့  ဆောင်ရွက်နိုင်ခဲ့ပါပြီ။

CRISPR/Cas9 လို့ ခေါ်တဲ့ အစွမ်းထက်တဲ့ ဗီဇဓါတုပစ္စည်းတည်းဖြတ်တဲ့နည်းပညာနဲ့  ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်ဟု သုတေသီတစ်ဦးက ပြောပြသည်။ ဒီတွေ့ ရှိချင်က ပြည့်စုံမှုရှိပါတယ်။ အရင်ကတည်းက စူးစမ်းလေ့လာနေခဲ့တဲ့ အချက်အလက်တွေနဲ့  နှိုင်း လိုက်ရင် အခုတစ်ကြိမ် ရရှိတဲ့တိုးတက်မှုက အကောင်းဆုံး ဖြစ်ပါတယ်။ ကြွက်အမျိုးအစား ၂ မျိုးနဲ့  လူသား ဆဲလ်တွေ ထည့်သွင်းထားတဲ့ ကြွက်တွေမှာ စမ်းသပ်အောင်မြင်ခဲ့ပြီး ဖြစ်ပါတယ် ဟု၎င်းက ဆက်လက်ပြောပြသည်။ ဤနည်းစနစ်ကိုအခြေခံကာ အနာဂါတ်တွင် HIV ကူးစက်မှုကို အပြီးအပိုင် ဟန့် တားနိုင်တော့မည်ဖြစ်ပြီး လူသားများတွင် အသုံးပြုနိုင်အောင် ဆက်လက်စမ်းသပ်မှုများ ပြုလုပ်နေပြီဖြစ်ကြောင်း သိရသည်။

ရတနာပုံ သတင်းစာ
https://www.facebook.com/pg/yadanabonnewspaper

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ