နေလောင်ခံလိမ်းဆေးနှင့် ဗိုက်တာမင်ဒီချို့ တဲ့မှု ဆက်နွယ်နေ


ဗိုက်တာမင်ဒီချို့ တဲ့သူဦးရေမှာ တစ်ကမ္ဘာလုံးအတိုင်းအတာဖြင့် ၁ ဘီလီယံထက်မနည်းရှိနေကြောင်းနှင့် နာတာရှည်ရောဂါကြောင့် အိမ်အပြင်မထွက်နိုင်သူများ ဗိုက်တာမင်ဒီချို့ တဲ့ကြသည့်အပြင် နေလောင်ခံ လိမ်းဆေးကို အလွန်အကျွံလိမ်းကြသည့်အတွက်လည်း အပြင်သို့ ထွက်ပါရဲ့ နှင့် ဗိုက်တာမင်ဒီချို့ တဲ့သူ များ ရှိနေသည်ကိုတွေ့ ရကြောင်း အမေရိကန်အရိုးအသင်းက ထုတ်ပြန်ကြေညာသည်။


ကမ္ဘာတစ်ဝန်းမှာ လူပေါင်း ၁ ဘီလီယံထက်မနည်း ဗိုက်တာမင်ဒီချို့ တဲ့မှုကို ခံစားနေရသလို အာဖရိကန် အမေရိကန် ၉၅ ရာခိုင်နှုန်းထက်မနည်းကလည်း အလားတူ ခံစားနေရပါတယ်။ လူမျိုးစုမတူတာနဲ့  ဗိုက် တာမင်ဒီ ချို့ တဲ့တာနဲ့  ဆက်နွယ်နေရတာဟာ အရေပြားရဲ့  အရောင်အသွေးကွာခြားလို့ ဖြစ်နိုင်ပါတယ် ဟု သုတေသီတစ်ဦးက ပြောပြသည်။ လူတွေက အပြင်ထွက်တဲ့အချိန် နည်းသည်ထက်နည်းလာပါတယ်။ အပြင်ကိုထွက်ရင်လည်း sunscreen လို့ ခေါ်တဲ့ နေလောင်ခံလိမ်းဆေးတွေကို လိမ်းကြပါတယ်။ အဲဒီလိမ်းဆေးတွေက ခန္ဓာကိုယ်ရဲ့  ဗိုက်တာ မင် ဒီ ထုတ်လုပ်နိုင်စွမ်းကို ပယ်ဖျက်ပစ်ပါတယ်။

နေပူဒဏ်ခံလွန်းရင် အရေပြားကင်ဆာဖြစ်နိုင်တဲ့အတွက် နေလောင်ခံလိမ်ဆေးတွေကို လိမ်းရမယ် ဆိုပေမယ့်လည်း အလွန်အကျွံသုံးလိုက်ရင် ခန္ဓာကိုယ်က ရသင့် တဲ့ နေရောင်ခြည်ကိုလည်း မရနိုင်တော့တဲ့ အတွက် ဗိုက်တာမင်ဒီချို့ တဲ့မှုတွေ ဖြစ်ရတာပါ ဟု အမေရိကန် အရိုးအသင်း၏ အဖွဲ့ ဝင်တစ်ဦးဖြစ်သည့် Kim Pfotenhauer က ပြောပြသည်။ နာတာရှည်ရောဂါများဖြစ်သည့် ဆီးချိုအမျိုးအစား(၂) နှင့် ကျောက်ကပ်ရောဂါ အစရှိသည်တို့ ကြောင့် ခန္ဓာကိုယ်က အစားအစာမှ ဗိုက်တာမင်ဒီ စုပ်ယူနိုင်စွမ်းကို အားနည်းစေကြောင်း၊ ဗိုက်တာမင်ဒီကို ဟိုမုန်း ဟု ယူဆလျင် ပို၍နီးစပ်စွာ မှန်ကန်မည်ဖြစ်ကြောင်း၊ နေရောင်ခြည်နှင့်ထိတွေ့ သည့်အခါ ဗိုက်တာမင်ဒီ ထွက်လာလေ့ရှိကြောင်း၊ ဆဲလ်တိုင်းတွင် ဗိုက်တာမင်ဒီ ကို တုန့် ပြန်နိုင်သည့် receptor များ ပါဝင် ကြောင်း၊ ဗိုက်တာမင်ဒီ သည် ဆဲလ်ကြီးထွားမှု၊ အာရုံကြောနှင့်ကြွက်သားသန်မာမှု၊ ရောဂါခုခံနိုင်အားနှင့် တို့ ကို ကောင်းစေပြီး ရောဂါကူးစက်မှုကို လျှော့ချပေးနိုင်ကြောင်း သိရသည်။ဗိုက်တာမင်ဒီချို့ တဲ့သူဦးရေမှာ တစ်ကမ္ဘာလုံး အတိုင်းအတာဖြင့် ၁ ဘီလီယံထက်မနည်းရှိနေကြောင်းနှင့် နာတာရှည်ရောဂါကြောင့် အိမ်အပြင် မထွက်နိုင်သူများ ဗိုက်တာမင်ဒီချို့ တဲ့ကြသည့်အပြင် နေလောင်ခံ လိမ်းဆေးကို အလွန်အကျွံလိမ်းကြသည့် အတွက်လည်း အပြင်သို့ ထွက်ပါရဲ့ နှင့် ဗိုက်တာမင်ဒီချို့ တဲ့သူ များ ရှိနေသည်ကိုတွေ့ ရကြောင်း အမေရိကန်အရိုးအသင်းက ထုတ်ပြန်ကြေညာသည်။


ကမ္ဘာတစ်ဝန်းမှာ လူပေါင်း ၁ ဘီလီယံထက်မနည်း ဗိုက်တာမင်ဒီချို့ တဲ့မှုကို ခံစားနေရသလို အာဖရိကန် အမေရိကန် ၉၅ ရာခိုင်နှုန်းထက်မနည်းကလည်း အလားတူ ခံစားနေရပါတယ်။ လူမျိုးစုမတူတာနဲ့  ဗိုက် တာမင်ဒီ ချို့ တဲ့တာနဲ့  ဆက်နွယ်နေရတာဟာ အရေပြားရဲ့  အရောင်အသွေးကွာခြားလို့ ဖြစ်နိုင်ပါတယ် ဟု သုတေသီတစ်ဦးက ပြောပြသည်။ လူတွေက အပြင်ထွက်တဲ့အချိန် နည်းသည်ထက်နည်းလာပါတယ်။ အပြင်ကိုထွက်ရင်လည်း sunscreen လို့ ခေါ်တဲ့ နေလောင်ခံလိမ်းဆေးတွေကို လိမ်းကြပါတယ်။ အဲဒီလိမ်းဆေးတွေက ခန္ဓာကိုယ်ရဲ့  ဗိုက်တာ မင် ဒီ ထုတ်လုပ်နိုင်စွမ်းကို ပယ်ဖျက်ပစ်ပါတယ်။ နေပူဒဏ်ခံလွန်းရင် အရေပြားကင်ဆာဖြစ်နိုင်တဲ့အတွက် နေလောင်ခံလိမ်ဆေးတွေကို လိမ်းရမယ် ဆိုပေမယ့်လည်း အလွန်အကျွံသုံးလိုက်ရင် ခန္ဓာကိုယ်က ရသင့် တဲ့ နေရောင်ခြည်ကိုလည်း မရနိုင်တော့တဲ့ အတွက် ဗိုက်တာမင်ဒီချို့ တဲ့မှုတွေ ဖြစ်ရတာပါ ဟု အမေရိကန် အရိုးအသင်း၏ အဖွဲ့ ဝင်တစ်ဦးဖြစ်သည့် Kim Pfotenhauer က ပြောပြသည်။ နာတာရှည်ရောဂါများဖြစ်သည့် ဆီးချို အမျိုးအစား(၂) နှင့် ကျောက်ကပ်ရောဂါ အစရှိသည်တို့ ကြောင့် ခန္ဓာကိုယ်က အစားအစာမှ ဗိုက်တာမင်ဒီ စုပ်ယူနိုင်စွမ်းကို အားနည်းစေကြောင်း၊ ဗိုက်တာမင်ဒီကို ဟိုမုန်း ဟု ယူဆလျင် ပို၍နီးစပ်စွာ မှန်ကန်မည်ဖြစ်ကြောင်း၊ နေရောင်ခြည်နှင့်ထိတွေ့ သည့်အခါ ဗိုက်တာမင်ဒီ ထွက်လာလေ့ရှိကြောင်း၊ ဆဲလ်တိုင်းတွင် ဗိုက်တာမင်ဒီ ကို တုန့် ပြန်နိုင်သည့် receptor များ ပါဝင် ကြောင်း၊ ဗိုက်တာမင်ဒီ သည် ဆဲလ်ကြီးထွားမှု၊ အာရုံကြောနှင့်ကြွက်သားသန်မာမှု၊ ရောဂါခုခံနိုင်အားနှင့် တို့ ကို ကောင်းစေပြီး ရောဂါကူးစက်မှုကို လျှော့ချပေးနိုင်ကြောင်း သိရသည်။

ရတနာပုံ သတင်းစာ
https://www.facebook.com/pg/yadanabonnewspaper

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ