သန္ဓေသား၏ဦးနှောက်ကို EEG ရိုက်ကူးကာ နာကျင်မှုခံစားရခြင်း ရှိ၊မရှိ သိရှိနိုင်


မိခင်၏၀မ်းကြာတိုက်အတွင်း ရှိနေချိန်ဝယ် သန္ဓေသားတစ်ဦးသည် နာကျင်မှုဝေဒနာကို ခံစားရခြင်း ရှိ၊မရှိ အား ၄င်း၏ဦးနှောက်တွင် နာကျင်မှုကိုတုန့် ပြန်သည့် လှိုင်း များ ရှိ၊မရှိကို ဦးနှောက်ဓါတ်မှန် EEG ရိုက်ကူးကာ သိရှိနိုင်ပြီဖြစ်ကြောင်း UK သုတေသီများက ပြောပြသည်။သန္ဓေသားများတွင် နာကျင်မှုကိုခံစားရခြင်း ရှိ၊မရှိ၊ မွေးကင်းစအရွယ်၊ နာကျင်မှုဝေဒနာကို အသံဖြင့်သော် လည်းကောင်း၊ အမူအယာဖြင့်သော်လည်းကောင်း မပြတတ်သေးသည့်အရွယ်၊ စကားမပြောတတ်သေး သ်ည့ အရွယ် အစရှိသည်တို့ တွင် နာကျင်မှုဝေဒနာကိုခံစားရခြင်း ရှိ၊မရှိ၊ ခံစားရသော် မည်သည့်အစိပ် အပိုင်း၌ နာကျင်မှု ဖြစ်ပေါ်နေသည်၊ အစရှိသည်တို့  ကို Electroencephalogram (EEG) ရိုက်ကူးကာ သိရှိနိုင်ခြင်း ရှိ၊မရှိ စမ်းသပ်ခဲ့ရာ စမ်းသပ်မှုအောင်မြင်ခဲ့ခြင်းဖြစ်ကြောင်း သုတေသီတစ်ဦးဖြစ်သူ Rebecca Slater က ပြောပြသည်။
ဘာမှမပြောတတ်သေးတဲ့ကလေးငယ်တွေရဲ့  နာကျင်မှုဝေဒနာကို သိရှိနိုင်ခြင်းအားဖြင့် သူတို့ ရဲ့  မျက်နှာ ရှုံ့ မဲ့တာ၊ ငိုတာ၊ ကန်တာ၊ အစရှိတဲ့ ဒုက္ခရောက်နေတဲ့အမူအယာတွေကို ဘာသာပြန် သိရှိနားလည်ဖို့  ပိုလွယ်ကူလာမှာဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ အဲဒီအမူအယာတွေဟာ နာကျင်တာကိုပဲဆိုလိုတာ မဖြစ်နိုင်ပါဘူး။ ဗိုက်ဆာရင်လည်း ဒီအမူအယာပါပဲ။ အပွေ့ ခံချင်တာ၊ နေရထိုင်ရခက်နေတာ အစရှိတာ တွေကိုလည်း ဒီအမူအယာနဲ့ ပဲ ပြပါတယ်။ ဒီတော့ ကလေးတစ်ယောက် မျက်နှာရှုံ့ မဲ့ပြီး ငိုနေတာဟာ နာကျင်မှုဝေဒနာကြောင့်လား၊ အခြားအကြောင်းကိစ္စကြောင့်လား ဆိုတာကို သိရှိနိုင်ဖို့  EEG ရိုက်ကြည့် ဖို့  အကြံရတာဖြစ်ပါတယ်ဟု Slater က ပြောပြသည်။ ကလေးငယ်များကို သွေးစစ်ချိန်၊ ကိုင်တွယ်ကြည့်ရှုချိန်၊ အသာအယာထိုးဆွကြည့်ချိန်၊ ဆူညံသံတို့ ကို ရုတ်တရက်ကြားလိုက်သည့်အချိန်တို့ တွင် ၄င်း၏ ဦးနှောက်က မည်သို့ တုန့် ပြန်ကာ မည်ကဲ့သို့ သော လှိုင်းမျိုးကို ထုတ်လွှတ်သည်ကို EEG ဖြင့် တိုင်းတာသိရှိနိုင်မည်ဖြစ်ကြောင်း၊ လေ့လာမှုအရ သွေးထုတ် ရန် အပ်စိုက်လိုက်သည့်အချိန်တွင် ကလေးငယ်များ၏ ဦးနှောက်တွင်း အာရုံကြောလှုပ်ရှားမှုများမှာ သိသိ သာသာ မြင့်တက်သွားခြင်းဖြစ်ကြောင်း သိရသည်။

ရတနာပုံ သတင်းစာ
https://www.facebook.com/pg/yadanabonnewspaper

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ