
အနီးဆုံးသူ၊ အချစ်ခင်ဆုံးသူတစ်ယောက် သေဆုံးသွားတဲ့အခါ ၊ ဒါမှမဟုတ် ရုတ်တရက်ကြီးခွဲခွာသွားတဲ့အခါ ရင်ကွဲနာကျသွားတယ် ၊အသည်းကွဲသွားရတယ်ဆိုတာ တကယ်ပါတဲ့။
ချစ်သူ၊ အိမ်ထောင်ဖက်ဖြစ်သူ ဆုံးပါးသွားတဲ့အခါ လူသားတွေရဲ့ နှလုံးခုန်နှုန်းဟာ ပုံမှန်မဟုတ်တာတွေ ဖြစ်လာပါတယ်။ အထူးသဖြင့် အသက်ငယ်ရွယ်သူတွေ သို့မဟုတ် ချစ်ခင်ရသူက မမျှော်မှန်းထားပဲ ဆုံးပါးသွားတဲ့ အခါမျိုးတွေမှာ ဖြစ်တတ်တယ်လို့ လေ့လာချက်အသစ်အရ သိရှိရပါတယ်။
“ လူနာတော်တော်များများဟာ သွေးလွှတ်ကြောဆိုင်ရာ ပြဿနာတွေဟာ စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှု၊ ဖိအားတွေဖြစ်တဲ့အချိန်မှာ ပိုမိုဆိုးရွားလာကြပါတယ်။ ဒီလိုကိစ္စတွေကို ကျွန်တော်လူနာတွေဆီကနေ မကြာခဏဆိုသလို ကြားနေရတာကတော့ တကယ်ပါ ” လို့ Boston ရှိNew England Cardiac Arrhythmia Center မှ ဒါရိုက်တာ ဒေါက်တာ Mark Estes က နှလုံးခုန်နှုန်းပြဿနာတွေနဲ့ စိတ်ပိုင်းဆိုင်ရာ ခံစားချက်တွေ ဆက်စပ်မှုရှိကြောင်း လေ့လာချက်တွေအပေါ် ဆွေးနွေးပြောဆိုထားပါတယ်။
အသက် ၆၀ အောက် ငယ်ရွယ်တဲ့လူတွေဟာ ချစ်သူခင်သူတွေ ဆုံးရှုံးတဲ့အခါ နှလုံးရောဂါဖြစ်ပွားမှုနှုန်း ၂ဆခန့်် ပိုမြင့်မားလာကြောင်း လေ့လာချက်အသစ်မှာ ဖော်ပြထားတာဖြစ်ပါတယ်။
( Michelle )
#သစ်ထူးလွင်(ကျန်းမာရေး)
#health.thithtoolwin.com
Ref : UPI