အမေရိကန်တွင် မူးယစ်ဆေးဝါးအမျိုးအစားသစ်ထွက်ပေါ်လျက်ရှိကာ ဆေးလွန်သေဆုံးမှု များပြားလျက်ရှိ


အမေရိကန်ပြည်ထောင်စုတွင် Gray Death ဟု အမည်ရသည့် မူးယစ်ဆေးဝါးအမျိုးအစားသစ်ကို အသုံး ပြုမှု များလာလျက်ရှိပြီး အလာဘားမား၊ ဂျော်ဂျီယာ နှင့် အိုဟိုင်းယိုးပြည်နယ်တို့ တွင် ၄င်းမူးယစ်ဆေးဝါး ဆေးလွန်သေဆုံးမှုများကို တွေ့ နေရပြီဖြစ်ကြောင်း အမေရိကန်ပြည်ထောင်စု၊ ရောဂါထိန်းချုပ်ရေးနှင့် တားဆီးကာကွယ်ရေးဌာန က သတိပေးချက်ထုတ်ပြန်ထားသည်။ Gray Death မူးယစ်ဆေးဝါးကို အမှတ်တမဲ့ကြည့်လိုက်လျင် အင်္ဂတေခဲနှင့်တူကြောင်း၊ မာကျောသည့် ပုံစောင်ခဲမှ ပွယောင်းသည့်ပုံစံခဲ၊ ထိုမှတစ်ဆင့် အမှုန့် အထိ အဆင့်ဆင့်ရှိကြောင်း၊ Gray Death ကို မူး ယစ်ဆေးဝါးမျိုးစုံဖြင့် ပေါင်းစပ်ဖွဲ့  စည်းထားကြောင်း ၊ ထို့ ကြောင့် ယခု စုံစမ်းစစ်ဆေးဆဲကာလအတွင်း၌ပင် ၄င်း မူးယစ်ဆေးဝါး လွန်ကဲသေဆုံးမှုမှာ ထောင်ပေါင်းများစွာရှိနေပြီဖြစ်ကြောင်း သိရသည်။

 Gray Death ဟာ သာမန်မူးယစ်ဆေးဝါး မဟုတ်ပါဘူး။ ဆေးလွန်ကဲသွားရင် လူကိုသေစေနိုင်တဲ့ မူးယစ် ဆေးဝါးမျိုးစုံကို ပေါင်းစပ်ထားခြင်း ဖြစ်ပါတယ်။ အဲဒီထဲမှာ ဟီးရိုးအင်း၊ ဖင်တနိုင်း၊ ကာဖင်တနိုင်း အစ ရှိ တာတွေ ပါဝင်ပြီး ဆင်၊ ၀က်ဝံ အစရှိတဲ့ တိရိစ္ဆာန်ကြီးတွေကို တည်ငြိမ်အောင်ထိန်းချုပ်ရာမှာ အသုံးပြုတဲ့ ဆေးဝါးတွေ ဖြစ်ပါတယ်။ ဒါ့အပြင် လူလုပ်မူးယစ်ဆေးဝါးတစ်မျိုးဖြစ်တဲ့ U-47700 လည်း ပါဝင်ပါတယ် ဟု သုတေသီတစ်ဦးဖြစ်သူ Deneen Kilcrease က ပြောပြသည်။ Greay Death လို မူးယစ်ဆေးဝါးမျိုးကို ကျွန်တော့်ရဲ့ သုတေသနလုပ်ငန်း အနှစ် ၂၀ အတွင်းမှာ ပထမ ဆုံး အကြိမ် တွေ့ ဖူးတာပါ။

အဲဒီထဲမှာ ဘာပါသလဲ၊ ဘယ်လောက်ပါသလဲ ဆိုတာကို သုံးစွဲသူတွေ မသိ ကြပါဘူး။ မသိကြတဲ့အတွက်လည်း ဆေးလွန်ကဲပြီး သေဆုံးမှုနှုန်း များသွားတာဖြစ်ပါတယ်။ မူးယစ်ဆေး ၀ါး ဆိုတာ ပြင်းလွန်းရင် အရေပြားကတစ်ဆင့်တောင် ဆေးအာနိသင်သက်ရောက်ပါတယ်။ ဒါကြောင့် Gray Death ကို ကြာကြာကိုင်ထားရင်တောင် အန္တရာယ်ရှိပါတယ် ဟု ၄င်းက ပြောပြသည်။

ရတနာပုံ သတင်းစာ
https://www.facebook.com/pg/yadanabonnewspaper

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ