လူနဲ့ တိရိစ္ဆာန်ဆိုတာ မတူပါဘူး။ မတူတဲ့အတွက်လည်း အတူစား၊အတူသွား၊အတူအိပ် မလုပ်သင့် ပါဘူး။

အခုနောက်ပိုင်းမှာ အိမ်မွေးတိရိစ္ဆာန် ထားရှိသူတွေရဲ့ အတွေးထဲမှာ ကိုယ်မွေးတဲ့ခွေးလေး၊ကြောင်လေး က အမျိုးမြင့်တယ်၊ ဈေးကြီးပေးဝယ်ရတယ်၊ ဥာဏ်ရည်မြင့်တယ်၊ ဘာကျွေးမှစားတာ၊ ဘယ်လိုနေရာမှ အိပ်တာ၊ ရေဘယ်လိုချိုးပေးရတာ အစရှိသည်ဖြင့် အပြိုင်အဆိုင် လုပ်လာကြပါတယ်။ အဲဒီလိုလုပ်လာရာ ကနေ ခွေးတွေ၊ကြောင်တွေနဲ့  အတူအိပ်တာတွေလည်း ဖြစ်မလာဘူးလို့  မပြောနိုင်ပါဘူး။ တကယ်တော့ ကြောင်နဲ့ အတူ မအိပ်သင့်တဲ့အကြောင်းရင်းတွေက တစ်ခု မကပါဘူး။

၁။ တစ်ဆက်တစ်စပ်တည်း နှစ်ခြိုက်စွာ အိပ်နိုင်မှာမဟုတ်ပါဘူး။ ကြောင်တွေက အအိပ်ချန်ပီယံတွေပါ။ တစ်ရက်ကို ၁၅ နာရီလောက် အိပ်နိုင်ကြပါတယ်။ ဒါပေမယ့် သူတို့ ရဲ့ အိပ်စက်ချိန်က လူတွေနဲ့ မတူပါ ဘူး။ နေ့ ပိုင်းမှာ ဇိမ်နဲ့ နှပ်နေတတ်တဲ့ ကြောင်တွေဟာ မနက် ၂ နာရီလောက်မှာ အတက်ကြွဆုံး ဖြစ်နေ တတ်ပါတယ်။ အဲဒါကြောင့် အိပ်ရေးပျက်မှာဖြစ်တဲ့အပြင် ကြောင်တွေက လူတွေလိုပဲ ဟောက်ပါတယ်။ ကုတ်ခြစ်ပါတယ်။ ကိုယ့်ကိုထိပုတ်ပွတ်သပ်နေနိုင်ပါတယ်။

၂။ ကြောင်နဲ့ အတူ အမှိုက်သရိုက်တွေ ပါလာနိုင်ပါတယ်။ ကြောင်တွေက ဟိုပုံးခွံထဲဝင်လိုက်၊ ဒီချောင် တိုးလိုက်နဲ့  သူတို့ ရဲ့ လက်သည်းတွေမှာ အမှိုက်သရိုက်တွေပါလာနိုင်ပြီး အဲဒီကနေမှ ဗက်တီးရီးယား ပိုးမွှားတွေ သင့်ကို ကူးစက်နိုင်ပါတယ်။

၃။ ဓါတ်မတည့်တာ၊ ရင်ကျပ်တာတွေ ဖြစ်နိုင်ပါတယ်။ ကြောင်တွေ၊ခွေးတွေနဲ့  ဓါတ်မတည့်တဲ့လူ ၃၀ ရာ ခိုင်နှုန်းထက်မနည်း ရှိပါတယ်။ သူတို့ ဟာ တိရိစ္ဆာန်တွေကို မချစ်တတ်တာမဟုတ်ပါဘူး။ ဓါတ်မတည့်တာ ပါ။ ခွေးထက်စာရင် ကြောင်နဲ့ ဓါတ်မတည့်တာက ၂ ဆ ပိုများပါတယ်။ ကြောင်ရှိနေရင် အသက်ရှူကျပ် တယ် လို့ ပြောရင် ပိုတာမဟုတ်ပါဘူး။ သူတို့ တကယ်ဓါတ်မတည့်တာပါ။ ကလေးလေးတစ်ယောက်က သူနဲ့ ဓါတ်မတည့်မှန်းမသိဘဲ ကြောင်နဲ့ အတူအိပ်နေရင်…

၎။ ကလေးအတွက်တော့ မကောင်းတာ အမှန်ပါဘဲ။ ကြောင်ကို ည ကလေးနဲ့ အတူသိပ်ရင် ကလေးရဲ့  အသက်ကို စုပ်ယူသွားတယ်လို့  ရှေးလူကြီးတွေ ပြောခဲ့ကြတာဟာ ချိမ်းခြောက်စကားဖြစ်ပေမယ့် အကြောင်းရင်းတော့ ရှိမှာပါ။ ကလေးအိပ်ယာ နုနုထွေးထွေးလေးက ကြောင်တွေအတွက် အလွန်အိပ် ချင်ဖို့ ကောင်းပါတယ်။ ဒါပေမယ့် အဲဒီကြောင်ဟာ မထင်မှတ်ဘဲ ကလေးကိုကုတ်ခြစ်မိတာ၊ ကလေးကို အသက်ရှူမွန်းကျပ်အောင် ဖိထားမိတာတွေ လုပ်မိနိုင်ပါတယ်။

၅။ ကြောင်ကို လွယ်လွယ်နဲ့ မောင်းထုတ်လို့ မရပါဘူး။ အခု ဒီဆောင်းပါးကိုဖတ်ပြီး ကြောင်ကိုအိပ်ယာ ပေါ် အတက်မခံဘဲ အိပ်လိုက်မဟဲ့ဆိုရင်လည်း ခဏကျရင် အဲဒီကြောင် ပြန်တက်လာမှာပါ။ သင် မရ မက မောင်းထုတ်ပြီး တံခါးပိတ်ထားလိုက်တယ်ဆိုရင်လည်း သင့်ကို တစ်ညလုံး နှောက်ယှက်နေပါလိမ့်မယ်။ အဆက်မပြတ် အော်နေမယ်။ တစ်ခုခုကိုကုတ်ခြစ်နေမယ်။ အပေါ့အလေးတွေသွားမယ်။ ထင်သလောက် မလွယ်ပါဘူး။ ကြောင်ကို အကျင့်ပြင်ပေးဖို့  အချိန်ယူရပါတယ်။ Cat Tree လို့ ခေါ်တဲ့ ကြောင်တွေကို အလုပ်ရှုပ်နေအောင် ဆွဲဆောင်ထားနိုင်တဲ့ သစ်ပင်အတုလေး ၀ယ်ထားသင့်ပါတယ်။

အဲဒီလိုမှ မောင်းမထုတ်နိုင်ဘူးဆိုရင် သင်နဲ့ သင့်မိသားစုစီကို ကပ်ပါးပိုးကောင်တွေ ကူးစက်နိုင်ပါတယ်။ မှိုရောဂါတွေ ကူးစက်နိုင်ပါတယ်။ ကြောင်ဟာ သူ့ ခန္ဓာကိုယ်ပေါ်မှာ ပိုးမျိုးစုံကို မွေးမြူထားပါတယ်။ အဲဒီ ပိုးမွှားတွေထဲက တချို့ က လူကိုကောင်းကောင်းဒုက္ခပေးနိုင်ပါတယ်။ ကြောင်သန်းက လူပေါ်မနေနိုင်ပါ ဘူး။ ဒါပေမယ့် လူကို ကိုက်ပါတယ်။ ယားနာဖုတွေပေါက်ပါမယ်။ တုပ်ကောင်တွေ၊ သံကောင်တွေ ကူးစက် ပါမယ်။

ဒီတော့ တိရိစ္ဆာန်ချစ်သူများအနေနဲ့  တိရိစ္ဆာန်တွေကို ချစ်နိုင်ပါတယ်။ ကိုယ်တိုင်ရေမချိုးတတ်တဲ့တိရိစ္ဆာန် တွေ ဖြစ်တဲ့အတွက် ရေတော့ချိုးပေးရမှာပဲ။ အိမ်သာကို အကျအနမတက်တတ်ကြတော့ အဆင်ပြေတဲ့ နေရာမှာ အပေါ့၊အလေး စွန့် ကြမှာပဲ။ ခွေးကို ပန်းကန်နဲ့ ချကျွေးပြီး အဲဒီပန်းကန်ကိုပြန်ဆေးပြီးတော့ လူတွေသုံးတဲ့ပန်းကန်နဲ့  ပြန်ရောထားသူတွေကို ကျွန်တော်ကိုယ်တိုင်တွေ့ ဖူးပါတယ်။ Facebook ပေါ်မှာ လည်း အိမ်မွေးခွေးတွေ၊ကြောင်တွေကို ရေချိုးပေးပြီး ဖက်ပြီးဓါတ်ပုံရိုက်တင်ထားတာတွေ၊ ကြောင်နဲ့  တရင်းတနှီးနေတာတွေကို မြင်တွေ့ နေရပါတယ်။ ဆင်ခြင်ဖို့ ကောင်းပါတယ်လို့  လေ့လာရေးသား တင်ပြ လိုက်ရပါတယ်။

Lashio News Diary
https://www.facebook.com/LNDLashio

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ