မွေးကင်းစနဲ့ လမ်းလျှောက်တတ်စ ကလေးငယ်တွေအတွက် မေ့ဆေးပေးခြင်း



ပုံမှန် မေ့ဆေးပေးခြင်းတွေဟာ ကလေးငယ်လေးတွေရဲ့ စိတ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးမှုကို အန္တရာယ်မဖြစ်စေနိုင်ကြောင်း လေ့လာချက်အသစ်တစ်ခုအရ သိရှိရပါတယ်။

 “ တိရိစ္ဆာန်တွေနဲ့ စမ်းသပ်စစ်ဆေးချက် အတော်များများမှာ မေ့ဆေးပေးခြင်းဟာ အစောပိုင်းဖွံ့ဖြိုးကြီးထွားမှု အဆင့်တွေဖြစ်တဲ့ သင်ယူခြင်း၊ မှတ်ဥာဏ်၊ အာရုံစူးစိုက်မှု နဲ့ အခြားနှလုံးနဲ့ပတ်သက်တဲ့ လုပ်ဆောင်မှုတွေမှာ ချို့တဲ့မှုတွေရှိနိုင်တယ်လို့ သိရှိထားပေမယ့် လူသားတွေအတွက်လည်း ဒီအချက်က မှန်ကန်ပါတယ်လို့ စစ်ဆေးစမ်းသပ်မှု တိကျလုံလောက်စွာ မရှိသေးပါဘူး “ လို့ New York City ရှိ Columbia University Medical Center မှ မေ့ဆေးအထူးကု ပါမောက္ခ Dr. Lena Sun က ဆိုပါတယ်။

 “ ဒါဟာ မေ့ဆေးအသုံးပြုပြီး ခွဲစိတ်စစ်ဆေးမှုတွေ ပြုလုပ်ဖို့လိုအပ်နေတဲ့ ကလေးငယ်တွေရဲ့ မိဘတွေအတွက် သတင်းကောင်းပဲဖြစ်ပါတယ် “ လို့လည်း သူက ဆက်လက်ပြောကြားသွားပါတယ်။

သုတေသီတွေဟာ ငယ်စဉ်က အသက် ၃ နှစ်အောက် ခွဲစိတ်ကုသမှု ခံယူဖူးပြီး ကျန်းမာသန်စွမ်းတဲ့ ကလေးငယ် ၁၀၅ ယောက်ကို စစ်ဆေးလေ့လာခဲ့ကြတာဖြစ်ပါတယ်။ အသက် ၈ နှစ်နဲ့ ၁၅ နှစ်ကြား ကလေးငယ်တွေကို IQ စစ်ဆေးမှုများ၊ ဘာသာစကား၊ အပြုအမူနဲ့ စိတ်ပိုင်းဆိုင်ရာ လုပ်ဆောင်ချက်များဖြစ်တဲ့ မှတ်ဥာဏ်၊ သင်ကြားမှု၊ အာရုံစူးစိုက်မှု နဲ့ တွေးခေါ်မှုနှုန်းတွေကို လေ့လာစစ်ဆေးခဲ့ကြတာ ဖြစ်ပါတယ်။

ဒီကလေးငယ်တွေဟာ မေ့ဆေးနဲ့ခွဲစိတ်ကုသမှု ခံယူခြင်းမရှိခဲ့တဲ့ သူတို့ရဲ့ မောင်နှမသားချင်းတွေနဲ့ ကွဲပြားခြားနားချက်မရှိဘူးလို့ သိရှိရပါတယ်။


( Michelle )

#သစ်ထူးလွင်(ကျန်းမာရေး)
#health.thithtoolwin.com

Ref : BabyCenter


မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ